ကျောပြင်ကို ဗျောတင်လို့သာ..

စဆရ ႀကီးApril 26, 20111min010

ရွာထဲမှာဆူ ပူနေပေါ့လား
ဟိုကယူ ဒီကယူလူတစ်ရောက်ရယ်ကို
ဖြစ်ချင်ရာဖြစ် လုပ်ချင်ရာလုပ်စေရော့ရယ်လို့
ထောက်ခံသူကထောက်ခံ ကန့်ကွက်သူက ကန့်ကွက်နဲ့

ပင်တိုင်ရေးစာပေကို ပေါ်တင်ပင်ကူးချခံရကာမှ
မျက်လုံးပြူး မျက်ဆန်ပြူးရယ်ကွဲ့
ဝိုင်းကာဝန်း ပြောကာပင်ဆိုကြပါငြား

ရာဇသံမည်မျှပင်ဆိုစေကာမူ
တုတ်တုတ်ပင် မလှုပ်တာရယ်ကြောင့်

သူကြီးရေ..
ကျောပြင်ကို ဗျောတင်လို့သာ
ဝေးရာကို သွားစေဖို့အရေး
နှင်ပါတော့ မနှေး။ ။

(တ’;ဂွမ်းခေ;)

10 comments

  • ဆူး

    April 27, 2011 at 3:56 pm

    ပိုစ်လေး အားငယ်နေရှာတယ်။ ကွန်မန်း ပေးလိုက်ပြီ။

    Reply

  • ဖြစ်သမျှကို နတ်သံနှော (နတ်)ကတော်လေနဲ့ နှောရမယ်ဆိုရင်ဖြင့်
    အိုဘယ့်မဆူးရေ..
    လူတကာဝင်မန့် လက်မလေးတွေ တထောင်ထောင်နေခဲ့တဲ့
    ငမိုက်သားကျွန်တော်မျိုး ကွန်မန်းတွေမှာလဲ
    စိုက်လိုက်တဲ့လက် မိုးပေါ်ပြန်မျှော်မရအောင်
    ဆိုးလွန်းတဲ့ဘဝ၊

    ငါ့အယူ မှန်၏၊ မှား၏
    ကိုယ်တိုင်ပင်ဆုံးဖြတ်ကာကြည့်တော့
    မှန်သည်ဟု အတော်လေးထင်ပါသောကြောင့်
    မကျေနပ်ခြင်းတွေစု၊ ရင်မှာ ဖြစ်သမျှ အဖုတွေကို
    “သူကြီး” လို့ခေါင်းစဉ်တပ်၊ ရေရွတ်ကာတိုင်တည်ပါငြား
    ဆူး တစ်ယောက်သာ တုန့်ပြန်တာမို့
    ဝမ်းနည်းရ၊ ဝမ်းသာရ ခက်လှပါတကား။ ။

    Reply

    • ဆူး

      April 28, 2011 at 5:20 am

      ကွန်မန်းမပါ စာတွေ ဖျက်လို့ ထိုင်ငို နေမှာ စိုးလို့.. ဟီးဟီး.. နောက်တာ..
      အမှန် ၁ခြစ်ပေးလိုက်တယ် ရှုံးနိမ့်ရေ..

      Reply

  • တညင်သား

    April 28, 2011 at 2:45 am

    အမှန်ပြောရ ရင်တော့ ကဗျာကိုသိပ်မခံစားတက်ဘူး ဒါပေမဲ့ ဒီကဗျာအကြောင်းတော့သဘောပေါက်ပါတယ်.. ကျွန်တော်လဲ ဒီအကြောင်းကိုမန်းဘူးပါတယ်.. ဒီကိစ္စ အယ်ဒီတာ မှာတာဝန်ရှိပါတယ်..ကျွန်တော်နောက်တခု အမုန်းဆုံးကတော့ ပို့စ် တင်သူခေါင်းရှောင်တဲ့ forwarded mail က ရတာပါ ဆိုတာပါပဲ………….

    Reply

  • mnoe

    April 28, 2011 at 2:52 am

    ဟုတ်တယ်နော် တခါတခါ like, dislike လုပ်ထားတာတွေကို နားမလည်ဘူး။ အယူအဆတွေမတူကြလို့ဘဲ ထင်ပါရဲ့။

    Reply

  • kai

    April 28, 2011 at 7:45 am

    ရွာတရွာမှာ.. ရွာသားတယောက်က ..တခြားရွာသားတယောက်ရဲ့ ကြက်ကို ညတိတ်တိတ် ရိုက်သတ်ချက်စားလိုက်တယ်ဆိုပါတေ့ာ..။
    ရွာသကြီးမှာ တိုက်ရိုက်တာဝန်မရှိပါဘူး..။ သူ့ဖာသူခိုးပြီး ချက်စားတာ.. သူကြီးက အိမ်မှာနေရင်းထိုင်ရင်း ဘယ်လို ဒိဗ္ဗစက္ကုနဲ့ မြင်နိုင်မျာလည်းလေ..။ မဟုတ်ဖူးလား..။

    တိုင်ကြတောကြလို့.. သူကြီးက… သိလာခဲ့ရင်.. ရွာသားအချင်းချင်းအပြန်အလှန်တောင်းပန်-ကြေအေးကြဖို့.. တိုက်တွန်းနိုင်တဲ့ အခွင့်အာဏာတော့ ရှိပါတယ်..။
    အဲဒါကို ..ကြက်ခိုးသူက..မလုပ်ဖူး..ဒါမှမဟုတ်သူမခိုးခဲ့ကြောင်းလည်း မဖြေရှင်းဘူး.. ဘာမှမလုပ်ပဲရှောင်နေမယ်ဆိုပါတေ့ာ..။
    ကြက်ခိုးခံရသူဟာ.. ဘယ်လိုမှ ကြေနပ်နိုင်စရာတော့ မရှိပါဘူး..။
    ဒါမျိုးလည်း မလုပ်သင့်ပါဘူး..။

    ဒီလိုကိစ္စတွေဖြစ်လာရင်တော့ ..သူကြီးက အာဏာပါဝါ နည်းနည်းတော့ပြလို့ရပါပြီ..။
    အဲဒါကြောင့် ကာယကံရှင်တွေဆီတိုက်ရိုက်လည်း “ဠပ်စစ်စာ”ပို ့ပေးထားတယ်..။
    အခုထိ ဘာမှ စကားမေး/ပြန် မရသေး..။
    ဒါကြောင့်… တစ်ကက်စံနစ်အရ.. ဦးကောက်ကို 1 Ticket ပေးထားလိုက်ပါတယ်..။
    3 Tickets ပြည်ပြီဆို.. ရွာပြင်ထုတ်ပါမယ်..။

    Reply

    • etone

      April 29, 2011 at 2:32 am

      အဲ့ဒါဆိုလည်း သဂျီးရယ် … ကြက်ခိုးတဲ့လူကို အခိုးခံရတဲ့လူက ချောင်းရိုက်တဲ့အခါ မမြင်ချင်ယောင် ဆောင် နေလိုက်ပေါ့ .. 😀 😀

      Reply

  • naywoonni

    April 28, 2011 at 1:41 pm

    အဝါကတ် အနီကတ် နှစ်ရောင်ထဲရှိတာမဟုတ်ဘူးလား သူကြီးရဲ့ နောက်ဆုံးတစ်ကတ်က ဘာရောင်လဲ အမဲကတ်လား?
    ဦးဇင်အောင်ပု ကတော့ အမဲကပ်ချင်ချင်က ဝက်မကပ်ရင်ပြီးရော…တဲ့ နေပြည်တော်ဘက်မှာ ဝက်နားရွက်ပြာ ရောဂါဝင်နေလို့လေ…။ ဝက်သား တစ်ပိဿာ တစ်ထောင် စားရဲတဲ့သူမရှိဘူးပြောတယ်……….

    Reply

  • char too lan

    April 29, 2011 at 10:30 am

    ငါတော် ငါတတ် ငါသာမြတ်၏ ဆိုတဲ့
    လည်ပတ်ကြိုးကြီးတွေ ဆွဲထားကြတယ်လေဗျာ …………

    Reply

  • kopauk mandalay

    April 29, 2011 at 3:32 pm

    အမှန်ပြောရရင် ဒီလိုစာကို ကူးကူးပြီးတင်တဲ့ကိစ္စမှာ သူကြီးမှာလည်း အပြစ်မရှိပါဘူး၊
    ခိုးပြီး ကူးတဲ့လူမှာလည်း အပြစ်မရှိပါဘူး(သူ့မှာနှစ်သက်လွန်းလို့ စုတု လုပ်ရှာရတာပါ)
    စရေးတဲ့သူမှာလဲ အပြစ်မရှိပါဘူး(သူကလဲအားနေလို့ ရေးတာနေမှာပါ)
    တကယ်အပြစ်ရှိသူက ကွန်ပြူတာထွင်တဲ့လူပါ။
    သူတို့ က အလွယ်တကူ ကူးပြီးအလွယ်တကူ ပို့လို့ရအောင်ထွင်ခဲ့တာကိုးဗျ.
    ဟုတ်တယ်ဟုတ်

    Reply

Leave a Reply to char too lan Cancel Reply

Your email address will not be published.