ဒါတို့တိုင်း တို့ပြည်…တို့မြန်မာတွေ

hsu hsuApril 25, 20111min022

မြန်မာလူမျိုးတွေက သဘောကောင်းတယ်..ဖော်ရွေတယ်..ရိုင်းပင်းကူညီတတ်တယ်တဲ့……သီချင်းတွေထဲမှာ ကြားရတယ်..စာထဲမှာ ဖတ်ရတယ်…
တကယ်ကိုယ်တွေ့ကြုံရတာကတော့ ဒီလိုပါ..
ဆုဆုတစ်ယောက် မိသားစုနဲ့ အတူ ကိုယ်ပိုင် ဖွတ်ချက်ကလေး အဲလေ ကိုယ်ပိုင်ကားလေးနဲ့ သင်္ကြန်အပြီးမှာ နယ်မြို့လေးကနေ ရန်ကုန်ကို ပြန်လာခဲ့ပါတယ်..နေပြည်တော်-ရန်ကုန်လမ်းပိုင်းမှာ ရန်ကုန်ရောက်ဖို့ မိုင်၅ဝ လောက် အလိုမှာ ဆုဆုရဲ့ ဖွတ်ချက်ကလေးက ဆီပြတ်လုနီး ဖြစ်သွားပါတယ်..အမှန်က ဆီတိုင်ကီထဲမှာ ၂ ဂါလံ နီးနီးကျန်သေးပေမယ့် ဆီတိုင်ကီက ကြီးတော့ အောက်ခြေမှာ ကပ်နေပြီး ဆီပြတ်သလို ဖြစ်သွားတာပါ.. ကားက လီဗါကုန် နင်းတာတောင် ၃ဝ ကီလို လောက်ပဲ ရွေ့တော့တယ်လေ..ကားပေါ်မှာ အမေရော..မောင်လေးတွေရောပါလာ တော့ စိုးရိမ်စိတ်ကြီးမိပါတယ်..ဒါနဲ့ ကားကိုရောက်သလောက်မောင်ပြီး လမ်းဘေး အိမ်စုစုလေးရှိရာမှာ ဒီဇယ်ရမရ မေးကြည့် တော့ ရပါတယ်..ဒီဇယ် ၁ ဂါလံကို ၆၀၀ဝ ကျပ်ပါတဲ့…ပုံမှန် ဒီဇယ်၁ဂါလံကို ၄၃၀၀-၄၄၀ဝ ပဲရှိတဲ့ အချိန်မှာဆုဆုက ၆၀၀ဝ ပေးဝယ်ခဲ့ရပါတယ်ရှင်…ဒီတော့ မြန်မာတွေက ကူတော့ကူညီတတ်ပါတယ်.ဒါပေမယ့် ကိုယ့်အတွက် ပါးပါးလေး လှီးပြီးမှ ကူညီတတ်ပါလားလို့ တွေးမိပါတယ်…..တဖက်က တွေးတော့လည်း ရတာတောင်ကံကောင်းလို့ တွေးရမလိုပါပဲနော်…သူတပါး အခက်အခဲ တွေ့ချိန်မှာ အခွင့်ကောင်းယူတတ်တဲ့…မျက်နှာစိမ်းဆို ဈေးပိုဆိုတတ်တဲ့..နိုင်ငံခြားသားဆိုရင် ပါးပါးလှီးတတ်တဲ့(ဒါတော့ တခြားနိုင်ငံတွေရောတူတူနေမှာပါ) သာကီမျိုးဟေ့ ဒို့ဗမာ တွေအတွက် မြန်မာလူမျိုးပီပီ ဂုဏ်ယူဝင့်ကြွားစွာနဲ့ ဝေမျှလိုက်ရပါတယ်ရှင်….

22 comments

  • မမလေး

    April 25, 2011 at 10:02 am

    သမီးလည်းတစ်ခါဖြစ်ဖူးတယ် အပြန်မှာ … ဆီကကုန်တော့မကုန်သေးပါဘူး ပိုပိုမိုမိုဝယ်မယ်ပေါ့ … လမ်းမှာလည်း ဆီဆိုင်ရော မုန့်ဆိုင်ရောရှားမှရှားပဲ … လမ်းဘေးအိမ်လေးအရှေ့မှာ ဗုံးလေးထောင်ထားတာနဲ့မေးကြည့်တော့ ဈေးက တော်တော်ကွာနေတာနဲ့ မဝယ်ဘူး … ဆက်သွားလိုက်တယ် … ပြီးတော့ Feel ရောက်တော့ ထမင်းစားတော့မှ သူတို့ဆိုင်နားလေးမှာရှိတာလမ်းညွှန်ပေးလိုက်တယ် တစ်ဂါလံကို ၈၀ဝ ၊ ၉၀ဝ တော့ကွာတာပေါ့နော် … အရင်ဆိုင်ထက်စာရင်လည်းမဆိုးဘူး .. ပြန်တာကလည်း ညနေစောင်းဆိုတော့ပိုဆိုးတယ် …

    Reply

  • eros

    April 25, 2011 at 10:33 am

    ဒါပါပဲ မြန်မာစိတ်ရင်းမှန်ဆိုတာ။ ပါးပါးလှီးမယ်။ အခွင့်အရေးကို ဘယ်သူနာနာ ငတေမာပြီးရော စိတ်ဓာတ်နဲ့ပဲ။ အများပိုင်ပစ္စည်းကို ရိုရိုသေသေ ကိုင်မယ်မရှိဘူး။ ဖျက်လို ဖျက်ဆီးနဲ့။ ဒါပေမယ့် အရမ်းကောင်းတဲ့ ဂုဏ်ပုဒ်တွေ အရမ်းလိုချင်တယ်။ ရအောင် ဟန်ဆောင်တယ်။

    Reply

  • shweminthar

    April 25, 2011 at 11:51 am

    ဒါမျိုးအခက်အခဲ ကြုံ နေချိန်မှာ အခွင့် ကောင်းယူပြီး ပါးပါးလှီးတာ ဖြတ်တာခုတ်တာ တွေ ကျနော် လဲ ကြုံခဲ့ဖူးပါတယ်။ နောက်ပြီး
    ကျနော် ပြီးခဲ့နှစ်သင်္ကြန်တုန်းက ပူတာအို ဘက်ကို အလည်သွားပါတယ်။
    အဲဒီမှာ ကျနော်တို့ ရှုခင်းကောင်းတဲ့ နေရာ တွေ သွားပြီးဓါတ်ပုံရိုက်ကြပါတယ်။
    ခရီးကလဲ သုံးဘီး ဆိုင်ကယ် ၊ ခြေလျှင်၊ စက်လှေ စသည်ဖြင့် အဆင့်ဆင့် သွားကြရပါတယ်။
    ကျနော်တို့ဓါတ်ပုံရိုက်လို့ ပြီးတဲ့ အချိန်က ၃၊ ၄ နာရီမှပြီးတာမို့လို့ နေလည်စာ အတွက် နီးစပ်ရာ ရွာလေးတွေ မှာ အိမ်တစ်အိမ်ကို ဝင်ပြီး ကျနော်တို့ အကူအညီတောင်းရပါတယ်။
    သူတို့ ကခွင့်ပြုတော့ သူတို့ အိမ်ပေါ် မီးဖိုချောင်မှာ ရှိတာတွေ ယူချက်ပြုတ်စားကြရပါတယ်။
    အလွန်ရိုးသားဖြူစင်ကြပါတယ်။ ကူညီတတ်ကြပါတယ်။
    ရွာထဲ တစိမ်းရောက် လို့ လာနှုတ်ဆက်ကြတဲ့ သူတွေတောင် ရှိပါသေးတယ်။

    Reply

  • parlayar46

    April 25, 2011 at 12:25 pm

    သူတပါးအခက်အခဲကြုံချိန်မှာ အခွင့်ကောင်းယူတာနဲ့ ပတ်သက်တဲ့ အကောင်းဆုံး နမူနာတခုကတော့ နာဂစ်မုန်တိုင်း တုန်းကပေါ့။ အဲဒီတုန်းက မုန်တိုင်းသင့် ဧရိယာမှာ ရှိခဲ့တဲ့သူတွေအားလုံးအသိပါပဲ။ သွပ်ရိုက်သံတွေ တချောင်းဘယ်လောက်ဖြစ်သွားသလဲ ဖယောင်းတိုင်တတိုင် ဘယ်လောက်ဖြစ်သွားသလဲ ရန်ကုန်သားတွေအသိပဲ။ အဲသလို သူတပါးရဲ့ဒုက္ခကို မိမိရဲ့အခွင့်အရေး လို့ သဘောထားတာကိုက ကျုပ်တို့လူမျိုးတွေ ကိုယ်ကျင့်တရား ပျက်နေတာကိုပြတာ။ ဘာကြောင့်ကိုယ်ကျင့် တရားပျက်တာလဲ..။ ကိုယ်ကျင့်တရား ကောင်းအောင် ခေတ်အဆက်ဆက်က အကြီးအကဲတွေက မဆောင်ရွက်ခဲ့လို့ပေါ့။ ဘာကြောင့်မဆောင်ရွက်သလဲ..။ သူတို့ကိုယ်တိုင်က ကိုယ်ကျင့်တရား မစောင့်စည်းလို့ပေါ့။ သီလကောင်းဘို့ဆိုတာ ကြိုးကြိုးစားစား တမင်လုပ်ယူရတာ။ သီလပျက်ဘို့ ဆိုတာကတော့ သူ့အလိုလိုဖြစ် သွားတတ်တာလေ။

    Reply

  • nature

    April 25, 2011 at 1:48 pm

    ဒါကတော့မတော်လောဘပါဘဲ၊ လက်လီဆိုင်တွေဟာအမြတ်ယူတာကြမ်းတတ်ပါတယ်၊ ဒီလိုဆိုုင်မျိုးတခါဝယ်ပြီးနောက်တခေါက် ဘယ်သူလာဝယ်မှာလဲ။ ဒါပေမဲ့ငခုံးမတကောင်ကြောင့်တော့တလှေလုံးမပုပ်သင့်ပါဘူး၊ မှန်တဲ့ဆိုင်တွေလဲရှိပါတယ်။

    Reply

  • ဆူး

    April 25, 2011 at 2:17 pm

    နယ်ဘက်က လူတွေကတော့ စိတ်ဓါတ်တွေ သိပ်မဆိုးသေးဘူး.. သဘောကောင်းတယ်.. ဟိုတလောက နေပြည်တော သွားတာ.. ကားငှားရ ခက်နေလို့ အငှား ဆိုင်ကယ်တွေက အနီးအနား ပတ်ရှာပြီး ကားလိုက်ခေါ်ပေးရှာတယ်။ ကျေးဇူးတင်ဖို့ ကောင်းတယ်။ စေတနာ ရှေ့ထား လုပ်ပေးတော့လည်း အားနာမိတယ်။

    Reply

  • kopauk mandalay

    April 25, 2011 at 3:29 pm

    ကျနော်အမြင်ပြောရရင်တော့ မြို့ဆန်လေ လိုအပ်ချက်တွေပိုများလေ
    ကိုယ့်အတွက်ကိုယ်ပိုပိုပြီးကြည့်လေ အခွင့်ကောင်းယူတယ်လို့ထင်လေပါဘဲ။
    မြန်မာတမျိုးသားလုံးတော့ အဲလိုမဖြစ်သေးဘူးလို့ထင်ပါတယ်။
    ကျနော် ပင်းမြု့ိဟောင်းနဲ့ မိတ္ထီလာကြား ကားပျက်ဘူးတယ် တွေ့သမျှ ရွာသူရွာသားတွေက ဝိုင်းကူညီပေးကြပါတယ်။
    ကိုယ်ကြုံဘူးခဲ့တာလေးကို မူတည်ပြီးတော့ ့လူမျိုးတစ်မျိုး လူတန်းစား တစ်ခု ကို သိမ်းကြုံးပြီး သတ်မှတ်မယ်ဆိုရင်တော့ မမှန်ဘူးလို့ ထင်ပါတယ်။

    Reply

  • unclegyi1974

    April 25, 2011 at 3:32 pm

    လမ်းသွားရင်ကိုယ်သွားမယ့်လမ်းနဲ့ကိုက်ပြီး
    ဆီကိုအမြဲဆောင်သွားမှ
    နောက်မို့ဆိုခုလိုပဲအမြဲခံရတယ်
    မဆုကငွေပေးပြီးဆီအပြည့်ရလို့တော်သေး
    ကျွန်တော်ကိုယ်တိုင်ပဲခူးနားမှာဓာတ်ဆီ
    ၅ဂါလံထည့်တာ၂ဂါလံလောက်ပဲရတယ်
    သူတို့ကအုပ်စုနဲ့နောက်ဆိုသင်ခန်းစာ
    ကောင်းကောင်းရလိုက်ပါတယ်

    Reply

  • weiwei

    April 25, 2011 at 3:36 pm

    မကြာသေးခင်က နေပြည်တော်သွားဖြစ်သေးတယ် … ပန့်နဲ့ဆိုင်က ဒီဇယ်ကိုဝယ်တာပဲ … ၆ ဂါလံဝယ်တာ ၃ ဂါလံပဲ ရခဲ့တယ် … တစ်ဝက်တိတိအခိုးခံလိုက်ရလို့ နောက်ဆို ဆီအပိုကားပေါ်တင်သွားရတော့မယ် …

    Reply

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 25, 2011 at 5:33 pm

    ဟားဟားဟား
    အဲ့သည်မှာအားလုံးနဲ ့မိုက်ကယ်ဂျော်နီအောင်ပု ကတော့
    ဆီနဲ ့ရေလို
    နံ ့သာနဲ ့အီးလို ကွာသွားပြီဗျို ့
    ငှက်တို ့သည် အတောင်နှစ်ဖက်သာဝန်အဖြစ်ရှိသည့်အတွက်
    အလိုရှိရာကို ကြောင့်ကြမဲ့စွာပျံသန်းနိုင်သည်
    ဆိုတဲ့သဘောအတိုင်းဘာမှအပိုမဆောင်ဘူး
    ကားဆိုတာ အလိုမရှိတဲ့အတွက် ဆီဆိုတာတွက်လည်းပူပန်စရာမလိုတော့ဘူး

    Reply

    • bigcat

      April 26, 2011 at 12:09 am

      မိုက်ကယ်ဂျော်နီအောင်ပုကမှ အတောင်ညောင်းသေးတယ်၊ ကျုပ်က စိတ်ညွှတ်လိုက်တာနဲ့ ရောက်သွားပြီ။ ဟားဟားဟား…..

      Reply

  • တညင်သား

    April 25, 2011 at 5:43 pm

    ရန်ကုန်ရောက်ဖို့ မိုင် (၅၀) လောက်လိုသေးတယ်ဆိုတော့ ပဲခူးကျော်ရုံ လေးပဲရှိသေးတာ ဆီရောင်းလိုက်တဲ့ လူကိုတောင်ကျေးဇူးတင်ရအုံးမှာ သူတို့ အိမ်က ဆီမထွက်ဘူးထင်ပါတယ် …သူလဲ တခြားကပြန်ဝယ်ရရင် ဘယ်လောက်ပေးရမယ်ထင်လဲ………..

    Reply

  • maungmoenyo

    April 26, 2011 at 1:15 am

    ငွေရှိကြသူတွေက စေတနာစကားများများပြောလေ့ရှိတတ်ကြပါတယ်။ များများရိတ်လေ၊ စေတနာစကားတွင်တွင်ပြောကြလေပါဘဲ။
    စေတနာစကား၊ လူမှုရေးလုပ်တဲ့စကားများများပြောလာတတ်တဲ့လူမျိုးတွေ့ရင်…အထူးသတိထားကြပါဗျာတို့……။

    Reply

  • photwenty

    April 26, 2011 at 2:26 am

    ဦးပေါက်နဲ. ကိုတညင်သားပြောတာထောက်ခံပါတယ်ဗျာ
    လူတိုင်းကို ကိုယ်ကြုံခဲ.ရတာနဲ.နှိုင်းယှဉ်ပြီးတော.မပြောသင်.ဘူးလို.ထင်ပါတယ်
    အဲ.ဒီလမ်းပေါ်ကို သူရောင်းမယ်.ဆီရောက်ဖို.သူတို.ဘယ်လိုဝယ်ပြီးဘယ်လိုသယ်ခဲ.ရမယ်ဆိုတာပြန်တွေးကြည်.ပေးပါ အနည်းဆုံးဆိုင်ကယ်ကယ်ရီခတောင်ဆီတစ်ဂါလံဖိုးလောက်ရှိပါတယ် ကိုယ်တွေ.မို.လို.ပြောတာပါ
    နယ်ဘက်ကလူတွေအများစုက အမှန်တကယ်ကိုကူညီတတ်ပါတယ်

    Reply

  • aungkyawmoe

    April 26, 2011 at 2:58 am

    ကျွန်တော်တို့မြန်မာတွေကတရုတ်တွေ။ကုလားတွေဘယ်လောက်ချမ်းသာချမ်းသာဂရုမစိုက်ဘူး။ ကိုယ့်မြန်မာအချင်းချင်းဆိုရင် နည်းနည်းလေးကိုယ့်ထက်ချမ်းသာတာမကြိုက်ဘူး။ကိုယ့်စီးပွားရေးတို့စည်းစိမ်တို့ပြုတ်ရင်ပြုတ်သွားပါစေ။သူငယ်ချင်းတို့ကြုံဖူးမှာပါ။

    Reply

  • soethuya7

    April 26, 2011 at 2:58 am

    နယ်ဘက်ကလူတွေက တကယ်ရိုးသားကြပါတယ် ကူညီကြပါတယ် အကုန်လုုံးကိုတော့မဆိုလိုပါ ဘူးတော်တော်များများပေါ့ နယ်ဘက်ကလူတွေကရိုးသားတယ်ဆိုတော့ မြို့ကလူတွေ မရိုးသားဘူးတော့မဟုတ်ပါဘူး မြို့မှာလဲရိုးသားတဲ့လူတွေရှိကြပါတယ် ဒါပေမယ့် မြို့မှာက တော့လောက်တော့ရှိမယ်မထင်ဘူး ကျွန်တော့်အတွေ့အကြုံအရ ပြောတာပါ

    Reply

  • Shwe Tike Soe

    April 26, 2011 at 3:54 am

    အမလေး ဓာတ်ဆီ၊ဒီဇယ် မပြောပါနဲ. ကျွန်တော် အကြော်ဝယ်တာတောင် လူကြည့်ပြီး ဈေးကပြောင်းသွားတယ်..ဟဟဟ
    ဒီလိုဗျ အဲဒီနေ.က ကျွန်တော်လဲ သွားစရာရှိလို. စတိုင်ပန်နဲ. အင်္ကျီ နဲနဲကောင်းတာလေး ဝတ်ထားတယ်.. ရွှေတိဂုံ ဘုရားနားက အကြော်ဆိုင်မှာ အကြော်ဝင်ဝယ်တယ် ကျွန်တော်ရှေ.က ဝယ်သွားတဲတစ်ယောက်ကိုတော့ တစ်ခု ၅ဝ လို.ကြားလိုက်တယ်.. ကျွန်တော် ကြတော့ သုံးခု ၂၀ဝ တဲ့ သေစမ်း.. ဟဟ အင်္ကျီသပ်သပ်ရပ်ရပ်ဝတ်လာတာတောင် မှားသွားတယ်..
    ဟဟဟ စုတ်စုတ်ပြတ်ပြတ်နဲ. သွားရမှာ.. အဲသလို.ဗျ ..(ဒါပေမယ့် ကျွန်တော်အတွက် ဘာမှတော့ ဖြစ်မသွားပါဘူး) စိတ်ထားလေးတွေပြောပြတာပါ..

    Reply

    • ဆူး

      April 26, 2011 at 6:01 am

      ရွှေတိုက်စိုး ဆိုမှတော့ ရွှေတိုက်ထဲက ဟာတွေ ထုတ်ပြီး ဝယ်စားလိုက်ပေါ့။

      Reply

  • moethidasoe

    April 26, 2011 at 6:27 am

    စိတ်ထားတတ်ရင် စိတ်သက်သာရာ ရပါတယ်
    ဆုဆုတို့ ခရီးစဉ်မှာ တကယ်လို့ အဲဒီဆိုင် မရှိရင် .. ရှိပြီးတော့ မရောင်းရင် .. ရောင်းပင်ရောင်းငြား ဆီ မစစ်ရင် .. အရောအနှောပါရင် .. အမှောင်ထုထဲမှာ ဆုဆုတို့ ငုတ်တုတ် မေ့မှာလေ .. အခုတော့ ဝယ်နိုင်တဲ့ အတိုင်းအတာအတွင်းမှာ ရောင်းပေးမယ့်လူ ရှိတာကိုက ကံကောင်းတယ်လို့ မှတ်ပေးရင် စိတ်ထဲ အဖုအထစ် ကျန်မနေတော့ဘူးပေါ့ ..

    Reply

  • hsu hsu

    April 26, 2011 at 7:22 am

    ဆီရောင်းပေးခဲ့တာကို ကျေးဇူးတင်ပါတယ်..ဒါပေမယ့် ပါးပါးလှီးချင်တဲ့ မြန်မာ တော်တော်များများရဲ့ စိတ်ဓါတ်ကို ပြောချင်တာပါ..ငွေ ၄၄၀ဝ နဲ့ ၆၀၀ဝမှာ ၁၆၀ဝ လောက်ပဲကွာပေမယ့် ..မပြောပလောက်တဲ့ ငွေလို့ဆိုလို့ရတဲ့ ပမာဏ အတွက် နဲ့ စည်းမစောင့်နိုင်ကြတာဟာ ခေတ်ကြောင့်ရော..စနစ်ကြောင့်ရော ဆိုတာကို ပြောချင်လို့ ဒီpost ကိုတင်တာပါ..ဆီရောင်းပေးတဲ့ လူကိုပဲ ရည်ရွယ်တာ မဟုတ်ပါဘူး..ခေတ်မကောင်းတော့ ငွေရှာရခက်တယ်..ငွေရှာရ ခက်တော့ ဘာမဟုတ်တဲ့ ငွေပမာဏလေးအတွက်တောင် နှလုံးသားတွေ မဖြူစင်နိုငိကြတော့ဘူး..ရိုးသားဖြူစင် ကူညီတတ်တဲ့ လူတွေကိုလည်း တွေ့ ဖူးပါတယ်…အဲဒီအခါကျတော့ ဒီလို လူတွေလည်းရှိသေးပါလားဆိုတဲ့ စိတ်နဲ့ အလေးထား အမှတ်ရနေပါတယ်

    Reply

  • cobra

    April 26, 2011 at 7:56 am

    ဒါတို့ဗမာကွ…..။ဒါတို့ဗမာ….။

    Reply

  • NK

    December 1, 2011 at 9:42 am

    ရတာကို ကျေဇူးတင်ရမယ်……..

    Reply

Leave a Reply to parlayar46 Cancel Reply

Your email address will not be published.