ရတနာသုံးပါးကို …….

kpApril 24, 20111min011

ကျွန်တော်တို့ဗုဒ္ဓဘာသာများအားလုံးလိုလိုပင် နိဗ္ဗာန်ဆိုတာကိုမကြာခဏပြောလေ့ရှိကျပါသည်။

လူကြီးသူမများ၏ပါးစပ်ဖျားတွင်လည်းနိဗ္ဗာန်ဆိုတာကိုမကြာခဏအငြင်းပွားလေ့ရှိပါသည်။

ဆရာတော်ကြီးများတရားပွဲများတွင်လည်းနိဗ္ဗာန်ဆိုတာကိုအမြဲဟောလေ့ရှိပါသည်။ကျွန်တော်တို့အတွက်ကတော့ နိဗ္ဗာန်ဆိုတာ ရောက်ဖို့မပြောနဲ့ နိဗ္ဗာန် အကြောင်းရှင်းပြရင်တောင်နားလည်နိုင်တဲ့ဉာဏ်စင်မျိုးမရှိသေးပါဘူး။

နိဗ္ဗာန်ကိုမြင်နိုင်တဲ့ ဉာဏ်စဉ်ရှိအောင် မကျင့်ကြံဘဲနိဗ္ဗာန်ကိုမမြင်နိုင်ပါဘူး။မိမိစိတ်သာလျှင်အရာအားလုံးကိုအောင်မြင်နိုင်သည်။
မိမိစိတ်သာလျှင်လောကကိုလွှမ်းမိုးနိုင်သည်။မိမိစိတ်သာ နိဗ္ဗာန်ကိုမြင်နိုင်အောင်မကျင့်ကြံဘဲ
နိဗ္ဗာန်ကိုစာဖတ်ရုံနဲ့တော့မမြင်နိုင်ပါဘူး။တရားနာရုံနဲ့တော့ မသိနိုင်ပါဘူး။ဘုရားလက်ထက်ကတရားတစ်ပုဒ်ကိုအကျယ်ဟောရင် သောတပန် ၊ သကဒါဂါမ် ၊ အနာဂါမ် ၊ ရဟန္တာတောင်ဖြစ်နိုင်သေးတယ်။ဟောကြားတဲ့ လူကလည်းတစ်ခြားမဟုတ်ပါဘူး ဗုဒ္ဓမြတ်စွာဘုရားပါ နာတဲ့ လူတွေကလည်း အင်မတန်ဉာဏ်ကောင်းတဲ့လူတွေပါ။

ခုခေတ်ကျွန်တော်တို့တွေကို အပုဒ် ၁၀၀၊ ၁၀၀ဝ ဟောရင်တောင် ကိုယ်တိုင်ကျင့်ကြံမှူ့မရှိဘဲ မရနိုင်ပါဘူး။ဟောကြားပြသတဲ့ ဆရာတော်တွေတောင်ဖြစ်ဘို့ခဲယဉ်းသေးတာဘဲ၊နာတဲ့လူကလည်းကိုယ်တိုင်ကျင့်ကြံအားထုတ်မှူ့မရှိဘဲနဲ့တော့ ခန္တာဉာဏ်နဲ့နားလည်ဘို့ဆိုတာအင်မတန်ခဲယာဉ်းပါတယ်။မိမိကိုဝမ်းသာအောင်လုပ်လိုက်တာလည်းမိမိစိတ်ဘဲ၊ ဝမ်းနည်းအောင်လုပ်လိုက်တာလည်းမိမိစိတ်ပါဘဲ။တရားရစေနိုင်တာလည်း မိမိစိတ်ဘဲ၊တရားမရစေနိုင်တာလည်းမိမိစိတ်ပါဘဲ။တရားဆိုတာ စီဒီပေါ်မှာလည်းမရှိဘူး စာအုပ်ပေါ်မှာလည်းမရှိပါဘူး မိမိခန္တာဉာဏ်မှာသာရှိတာပါ။

ကျွန်တော်တို့တွေအားလုံးက အိုခြင်းတွေလည်းရှိတယ် နာခြင်း သေခြင်းတွေလည်းရှိတဲ့ သာမာန်ပုထုဇာဉ်လူသားတွေပါ။တစ်ခါတစ်လေမှာ မျက်စိရှေ့မှာ သေဆုံးသွားတဲ့လူတွေ နာမကျန်းဖြစ်နေတဲ့ လူတွေကို မြင်မိတဲ့အခါမှာ အရမ်းကြောက်ရွံ့မိပြီး အိုခြင်းတွေလည်းမရှိချင်ဘူး နာခြင်းတွေလည်းမရှိချင်ဘူး သေဆုံးခြင်းတွေလည်းမရှိချင်ဘူး၊တွေ့ဆုံခြင်းတွေ လည်းမရှိချင်ဘူး ကွေကွင်းခြင်းတွေလည်းမရှိချင်ဘူး၊ အဲ့ဒီ့သံသရာတွေအားလုံးနဲ့အဝေးဆုံးတစ်နေရာမှာတည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းလေးသွားနေချင်တယ်။ ဒါကြောင့်မို့ဘုရား တရားသံဃာရတနာသုံးပါး ကို ဟော့ဒီ့သံသရာကြီးတစ်ခုလုံး လွတ်ရာလွတ်ကြောင်းအတွက် အသက်ထက်ဆုံးယုံကြည်စွာကိုးကွယ်ရခြင်းဖြစ်ပါတယ်။

11 comments

  • bigcat

    April 24, 2011 at 4:35 am

    ဆက်ပါအုံး.. ဘဒ္ဒန္တကြောင်ကြီးတို့က ဒီလောက်နဲ့ မလှုပ်သေးဘူး…. 😛

    Reply

  • whowho

    April 24, 2011 at 5:04 am

    စိတ်နဲ့ ဉာဏ်ကို ခွဲပြပေးပါလား။
    တကယ်တော့ တရားရဖို့က ခဲယဉ်းတယ်လို့လည်း ပြောလို့မရသလို လွယ်ကူတယ်လို့လည်း ပြောလို့မရပါဘူး။
    တသမတ်တည်း ဘာကိုမှ သတ်မှတ်ယူလို့မရဘူးလို့ ထင်ပါတယ်။

    Reply

    • phyo1980

      April 24, 2011 at 2:28 pm

      စိတ်ကတော့ သင်္ခတပဲ။ ဉာဏ်ကတော့ အသင်္ခတပဲ။စိတ်ဆိုတာတည်ဆောက်ခြင်း။
      စိတ်နဲ့ဘဲဉာဏ်ကိုတည်ဆောက်လို့ရပါတယ်။မဂ်လေးတန်၊ ဖိုလ်လေးတန်ထဲမှာ မဂ်ဉာဏ် ဖိုလ်ဉာဏ် (၈)မျိုးဟာ – ဉာဏ်တွေပဲပေါ့။

      Reply

  • nature

    April 24, 2011 at 9:50 am

    ကောင်းပါတယ်၊အားပေးပါတယ်။

    Reply

  • bigcat

    April 24, 2011 at 9:23 pm

    ရုပ်ခန္ဓာတပါးနဲ့ နာမ်ခန္ဓာလေးပါးပေါင်း ခန္ဓာငါးပါးလို့ စာတတ်များကဆိုတယ်။ ဒါလည်း စဉ်းစားတာထက် ကိုယ်တိုင်ကမ္မဌာန်း မှတ်ကြည့်ရင် ဆိုလိုရင်းကို အပေါ်ယံကြော သိဖို့မခဲယဉ်းပါဘူး။ ရုပ်နဲ့နာမ်နှစ်မျိုးထဲလို့ အကျဉ်းရုံးယူလိုက်ရင် ရုပ်ကဖောက်ပြန်တယ်၊ နာမ်ကသိတယ်။ တခုချင်းစီခွဲထားရင် ဘာမှအဓိပ္ပါယ် မရှိဘူး။ ဒါကြောင့် ဤနှစ်ခုခွဲ၍ မရစကောင်းဘူး။ နှစ်ခုပေါင်းဆုံတဲ့အခါ မြင်စိတ်ကြားစိတ်ဆိုတဲ့ စိတ်စေတသိက်တွေ ဖြစ်လာတယ်။ အဘိဓမ္မာလိုတော့ လောဘ၊ ဒေါသ၊ မောဟ၊ အလောဘ၊ အဒေါသ၊ အမောဟ အကုသိုလ် ကုသိုလ် စေတနာတွေ ဖြစ်မယ်ထင်တယ်။
    အဲဒီမှာ ရှုပ်တတ်တာက ဘယ်ကနေ ညဏ်ဖြစ်လာသလဲ ဆိုတာပါ။ ညဏ်ဖြစ်ဖူးတဲ့သူမှ ကိုယ်ချင်းစာတတ်ပါမယ်။ ဖြစ်ပျက်နေတဲ့ စိတ်ကလေးက အကုသိုလ်တရား ကင်းနေပြီး အကြောင်းအကျိုးလည်း တိုက်ဆိုင်နေတဲ့အချိန်မျိုးဆိုရင် ဒိုင်းကနဲ ညဏ်အလင်း ပွင့်နိုင်ပါတယ်။ မိမိက စိတ်ကိုဘယ်လို နားလည်သလဲအပေါ်လည်း မူတည်ပါတယ်။ အများက စိတ်ဆိုရင် သိမှုနာမ်တရားနဲ့ ရောထွေးပစ်ပါတယ်။ အဲဒီလိုယူရင် ညဏ်သည် စိတ်ကမဖြစ်ပါဘူး။
    အကယ်၍ စိတ်ကို ရုပ်နဲ့နာမ်တိုက်ဆိုင်မှ ဖြစ်တဲ့အရာလို့ ယူထားရင် ပေါ်လာတဲ့ စိတ်စေတသိက်ကဖြစ်ပါတယ်။ ဒါကိုသေချာမကွဲရင် ငါဆိုတဲ့အတ္တရှိသယောင် ဖြစ်တတ်ပါတယ်။ ရုပ်နာမ် နှစ်ခုပဲရှိတယ်ဆိုပြီး ဘယ်လိုလုပ် ဘယ်သူက ညဏ်ဖြစ်စေသလဲဆိုတဲ့ အတွေးဝင်တတ်တယ်။ သချာင်္ဖော်မြူလာတပုဒ်ကို စဉ်းစားနေရင်း ဗြုန်းဆိုအဖြေကို သိသွားသလိုပါ။ ရုပ်ဖော်မြူလာနဲ့ နာမ်သိခြင်းတို့ ပေါင်းတဲ့အခါ စဉ်းစားခြင်းဆိုတဲ့ အစဉ်မပြတ် ပြောင်းလဲခြင်းသဘောတရား ဖြစ်လာပါတယ်၊ အဲဒီကနေမှ ဂေါက်ရင်ဂေါက် မဂေါက်ရင် ပေါက်သွားတာပါ။
    ညဏ်ပွင့်ပုံကလည်း အမျိုးမျိုးပါ။ တချို့ မရည်ရွယ်ဘဲ စော်ကဲမင်းဖြစ်တယ်၊ တချို့ကြတော့ စနစ်တကျနဲ့ ကြိုးပမ်းအားထုတ်ရင်း ညဏ်ဖြစ်တယ်။ လုပ်တိုင်းလည်းမဖြစ် အကြောင်းအခွင့်သင့်မှ ဖြစ်တယ်။
    ဥပမာ ရှင်အာနန္ဒာသည် သံဃာယနာမတင်ခင် တညလုံး ကြိုးစားပမ်းစား အားထုတ်တာ တရားမရဘဲ မိုးသောက်ခါနီး အနားယူဖို့ အိပ်ယာပေါ်ကို လှဲအချ ကိုယ်နဲ့အိပ်ယာမထိခင် ခြေထောက်ကြမ်းမှအလွတ်မှာ ဖြစ်ပြီးသား သောတာပန်အဆင့်ကနေ ကိလေသာအာသဝေါကုန်တဲ့ ရဟနာ္တအဖြစ် ရောက်သွားတယ်။ သဲအင်းဂူဆရာတော်လည်း အိမ်သာတက်ရင်းတန်းလန်းကနေ အနာဂမ်မဂ်ဆိုက်သွားပါတယ်။

    Reply

    • phyo1980

      April 25, 2011 at 2:11 am

      ဟုတ်ကဲ့မှတ်သားစရာပါဘဲ။

      Reply

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 21, 2011 at 12:29 pm

    အင်းးးးးးးးးးး
    ရုပ်နဲ့ နာမ်ကိုခွဲခြားသိတဲ့
    ကိုကြောင်ကြီးကို လျှော့တွက်လို့တော့ မဖြစ်တုန်ခြေဘူး
    ရုပ် နဲ့ နာမ် ကို
    ခွဲခြားသိတတ်ရင် အနည်းဆုံး ဗြဟ္မာ ဖြစ်တယ်လို့ဆိုသဗျ
    ဒါကြောင့်မို့
    ဗြဟ္မာလောင်းကြီးကိုကြောင်ကြီးခင်ဗျား
    ဗြဟ္မာဖြစ်ရန်အချိန်တန်ပြီဖြစ်ပါသောကြောင့်
    ဘာဆက်ပြောရမလဲဟင်????

    Reply

    • king

      June 21, 2011 at 12:40 pm

      ပြောလိုက်တော့ ပြောလိုက်တော့ဟေ့
      ————————————————-
      ခင်လို့စတာ စိတ်ဆိုးရင် … 🙁

      Reply

    • bigcat

      June 22, 2011 at 12:01 am

      ပွိုင့်တသိန်းပြည့်အောင်တော့ ယူသွားပါရစေအုံး ကိုအောင်ဘုရယ်…

      Reply

  • zaw min

    June 21, 2011 at 3:32 pm

    မှန်ပါတယ်ကိုကြောင်ကြီးနဲ့phyo1980 ယခု လိုနားလည်သပေါက်ဖို့၊သိဖို့ဆိုတာတောင် ခက်ခဲလှပါတယ်။တရားထိုင်ရင်လည်း တရားသိဖို့၊တရားနာရင်လည်း တရားသိဖို့အရေးကြီးပါတယ်။မသိပဲနဲ့လျှောက်လုပ်နေရင် အလကားပဲတဲ့။တရားနာချင်တဲ့စိတ်၊တရားထိုင်ချင်တဲ့စိတ်တောင် အချိန်တိုင်းမလုပ်နိုင်ပါဘူး၊အဲဒီမှာ စိတ်ကိုအရင်ဆုံးသိအောင်လုပ်မယ်။စိတ်ဆိုတာဘာလဲ….စိတ်ဆိုတာ အာရုံကိုသိတာ စိတ်လို့ ဆရာတော် ဥုးသုမင်္ဂလ တရားတော်ထဲမှမှတ်သားလိုက်မိပါတယ်။တရားထိုင်တယ်ဆိုတာလည်း ပြန့်လွန့်နေတဲ့ အာရုံတွေကို တစ်နေရာထဲရောက်အောင်စုစည်းလိုက်တာပါ။တရားမှတ်ရင် ဟင်းချက်ရင်းလည်းမှတ်လို့ရတယ်၊ရေအိမ်ဝင်နေရင်းလည်းမှတ်လိုရပါတယ်တဲ့၊မိမိရဲ့စိတ်မှာ ကောင်းတဲ့အာရုံတွေပဲရှိနေမယ်ဆိုရင် ကောင်းတဲ့စိတ်၊ကုသိုလ်စိတ်တွေပဲပေါ့။လောဘ၊ဒေါသ၊မောဟ စိတ်တွေနည်းနိုင်သမျှနည်းအောင်ကြိုးစားကြည့်နေပါတယ်။

    Reply

    • phyo1980

      June 21, 2011 at 3:42 pm

      တင်ပါ့ဘုရား…..:P

      Reply

Leave a Reply to phyo1980 Cancel Reply

Your email address will not be published.