အမရပူရခေတ်က ပုထိုးတော်ကြီး ဘုရားသို့အဝင်မုဒ်ဦးနဲ့ခေါင်းလောင်းတော်


ဒီပုံလေးကတော့ တောင်သမန်အင်းရဲ့မြောက်ဘက်ခြမ်းမှာရှိတဲ့ အမရပူရခေတ်က တည်ထားခဲ့တဲ့ ပုထိုးတော်ကြီးဘုရားအဝင်
မုတ်ဦးအဟောင်းနဲ့ ဘုရားဝင်းထဲမှာရှိတဲ့ခေါင်းလောင်းတော်ပါ။
ခေါင်းလောင်းထားတဲ့နေရာကတော့ ခုမှ အသစ်ပြင်ထားတာပါ။
မရောက်ဘူူးသူ မြင် မြင်ဘူးသူရောက်ချင် ရောက်ဘူးသူ ထပ်သွားချင်စိတ်ပေါ်လာမလားလို့ တင်ပေးတာပါ

5 comments

  • ဆူး

    April 22, 2011 at 1:07 pm

    မြန်မာလူမျိုး ခေါင်းလောင်းလှူတာ ဝါသနာပါတယ်နော်.. ဘာ အကျိုးတွေ များ ရှိလဲ မသိဘူး။

    Reply

  • shweminthar

    April 22, 2011 at 1:51 pm

    ခေါင်းလောင်းလှူရင် ဟောင်းလောင်းမဖြစ်တော့ဘူးတဲ့

    Reply

  • ဆူး

    April 22, 2011 at 2:55 pm

    အကျိုးကြီးပါပေတယ်။
    ခေါင်းလောင်းအော်ဒါ သွားမှာလိုက်အုန်းမယ်။ ရွာထဲက ကလေးတွေ အတွက် လှူပေးချင်လို့.. အဟီး။

    Reply

  • kopauk mandalay

    April 22, 2011 at 3:36 pm

    ကြေးစည် ခေါင်းလောင်းလှူသော်ကောင်း၏။
    အကျိုးရမှာ အသံသာ၏။

    Reply

  • kai

    April 22, 2011 at 6:14 pm

    ခေါင်းလောင်းလှူတာ ကိုယ်လှူတာ လူသိစေချင်လို့.. အသံပေးချင်တဲ့ အဓိပါယ်ပါ…။
    ကြေးစည်လို ညှောင်ဝေဝေဆိုပြီး အနီးအနားကလူတင်ကြားရတာမဟုတ်.. ခေါင်းလောင်းထိုးတဲ့.. တဒေါင်ဒေါင် အသံ..မိုင်တော်တော်ဝေးဝေးကသူတောင်.. ကြားနိုင်လောက်ပါတယ်….။

    အဲဒီလိုနဲ့. ရှေးကဒို့မြန်မာတွေ ကြေးတွေ.ခေါင်းလောင်းတွေလုပ်လှူလိုက်တာ… ငဇင်ကာလည်း မြန်မာကိုထုဖို့.. အမြောက်လုပ်ဖို့ ကြေးတွေအဆင်သင့်ရ.. အင်္ဂလိပ်လည်း.. မြန်မာကိုထုဖို့..အမြောက်ကောင်းလုပ်ဖို့.. ကြေးတွေ စုဆောင်းပြီးဖြစ်နဲ့.. တော်တော် အိုကေစိုပြေသွားတဲ့ သဘောမှာရှိတယ်..။

    ဆိုတော့…
    ဒီခေတ်မှာတော့…
    လူများများသိစေချင်ရင်.. သတင်းစာ..ဂျာနယ်ထဲ..ကြော်ငြာထည့်.. သတင်းထောက် သတင်းရေးခိုင်းလိုက်ဖို့ပါပဲ..
    ဒါက ပိုထိရောက်..လူပိုသိတယ်..။
    တကမ္ဘာလုံး ပြန့်နှံ ့သိချင်ရင်တော့ .. ဒီဝက်ဘ်ဆိုက်မှာပါ လာတင်ပါလို့နော… 🙂

    ကလေးတွေကို လှူတဲ့အလှူဆို.. သာဓု ၃ခါခေါ်ပေးမယ်..။ အဆင်ပြေရင်.. အလှူအကူပါထည့်မယ်..။

    Reply

Leave a Reply to kopauk mandalay Cancel Reply

Your email address will not be published.