အသစ်ကရွှေ အဟောင်းကတော့ အဖြူ


ကျနော်ငယ်စဉ်ဘဝကတည်းကမြင်ရတဲ့ ကောင်းမှု့ တော် ဘုရား စေတီတော်ကတော့ ထုကြီးမားပြီးလုံးဝန်းနေတဲ့(တပြည်လူံးမှာ ပုံစံတူမရှိဘူးလို့ထင်တဲ့)
ဘုရားမှာ ကပ်လှူထားတဲ့ထုံးသင်္ကန်းအရောင်ကတော့ ဖြူဖွေးတောက်ပလို့ နေပါတယ်.။
ညအခါမှာ အဝေးက နေ ဖွေးနေတဲ့မြင်ကွင်း စစ်ကိုင်းတောင်ပေါ်က နေ့အခါကြည့်ရင် ဖွေးလက်တောက်ပနေတဲ့ မြင်ကွင်းကတော့ အခုထိရင်ထဲမှာ စွဲထင်နေဆဲပါ။
2011 ခုနှစ်မှာတော့ စေတီတော်ကြီး အား ရွှေသင်္ကန်း ပြောင်းလဲလို့ ကပ်လှူလိုက်ပါတယ်။
ဒီတော့လဲ ရွှေရောင် ဝင်းပလို့ နေပါတယ်။
အရင်နဲ့ ယခု ယှဉ်ကြည့်လို့ရအောင်ပြန်တင်ပေးလိုက်ပါတယ်။
ပထမတစ်ခါတင်ပြီးသားကို ဖျက်လိုက်လို့ ပြန်တင်ပေးတာပါ။

ဒါက အနိးကပ်မြင်ကွင်းပါ အဝေးမြင်ကွင်းကိုလဲ တင်ပေးပါမယ်။

8 comments

  • kopauk mandalay

    April 21, 2011 at 3:40 pm

    ကောင်းမူ့တော်နဲ့ပါတ်သက်တဲ့ပုံ မတူညီတဲ့ပုံ (3)ပုံတင်ပေးပါမယ်။
    အဝေးအနီး နိုင်းယှဉ်ချက်လေးတွေနဲ့ပါ။
    တစ်ခါတစ်လေတော့ လဲ နေရာဒေသတစ်ခုကိုရောက်တဲ့အခါ မျှဝေချင်စိတ်ပေါ်လာလို့ ရယ်
    ကိုယ်နှစ်သက်တာလေးကို ပြန်ပြီး စားမြုံ့့ပြန်တဲ့သဘောရယ်တင်ပေးတဲ့အခါ တစ်နေရာထဲကပုံတွေကိုဘဲ
    အများကြီးတင်သလိုဖြစ်သွားပါတယ်။
    အဲလိုများဖြစ်ခဲ့လို့ မနှစ်သက်ခဲ့ရင်ခွင့်လွှတ်ဘို့တောင်းပန်ပါသဗျာ။

    Reply

    • kai

      April 21, 2011 at 6:51 pm

      ဘာသာရေးကြောင့်ဖြစ်ဖြစ်.. သဒ္ဒါတရားနဲ့ဖြစ်ဖြစ်.. အလှကြိုက်လို့ဖြစ်ဖြစ်.. ပေါ်လစီကြောင့်ဖြစ်ဖြစ်..နိုင်ငံရေးကြောင့်ဖြစ်ဖြစ်…
      နှစ်ရာချီသက်တန်းရှိတဲ့.. ရှေးဟောင်အမွေတခုကို… မပြင်ကောင်းပါဘူး…။

      ရှေးဟောင်းပစ္စည်းဆိုရင်.. ကမ္ဘာ့လူသားတွေအကုန်ပိုင်တယ်တောင် ပြောလို့ရတာပါ..။
      ဝါဝါမြင်တိုင်း ကြိုက်တဲ့သူတွေကြောင့်တော့ ..ခက်နေပါပြီ…။ 🙁

      Reply

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 21, 2011 at 11:05 pm

    ဒီသဂျီးဂဒေါ့ဟုတ်သေးဘာဘူး
    သဒ္ဒါနဲ ့လှူရင်တော့
    ထုံးနဲ ့ရွှေမှာ
    ရွှေက တန်ဘိုးရှိတယ်လေကွယ်
    သဘောအရ
    ကိုယ့်အဖို ့ချန်ပြီးလှူတဲ့သဘောကိုစောင်နေတယ်
    ဒါကြောင့်
    မြန်မာပြည်မှာမွေးပြီး
    သူများပြည်မှာ လူသွားဖြစ်နေတာ
    စစ်ထဲဝင်ရင်တောင်အရှေ ့ကနေသွားရမယ်မှတ်

    Reply

  • zoe

    April 22, 2011 at 5:03 am

    မဲပေးရ မယ်ဆိုရင် တော့ ထုံးဖြူ ပဲ ။ Conservative ဖြစ်တယ်ပဲပြောပြော ။ 🙂

    Reply

  • ဆူး

    April 22, 2011 at 5:45 am

    နှစ်မျိုးလုံး လှပါတယ်။
    ပြောင်းလဲသွားတဲ့ ပုံအရတော့ ဘာမှ ထူးထူးခြားခြား ဖီလင် မရှိဘူး။
    ရွှေနဲ့ဆိုတော့ ပြောင်ပြောင်ရောင်ရောင် ပိုဖြစ်လာတယ်လို့ဘဲ မြင်တယ်။

    Reply

  • nigimi77

    April 22, 2011 at 5:52 am

    ရန်ကုန်မြို ့ထဲက ရှေးဟောင်း အဆောက်အအုံ ( လူနေအဆောက်အအုံ မပါ) တွေ ဖျက်ပစ်တာတွေ။

    ပုဂံက ရှေးဟောင်း လက်ရာတွေကို ပြန်ပြုပြင်တာတွေ။

    ဒီနိုင်ငံမှာ ထိမ်းသိမ်းတာဆိုလို ့ ရှေးဟောင်းရိုးရာအတွေးအခေါ်တွေ နဲ ့ ကိုးကွယ်မှုတွေပဲရှိတယ်……

    ကျုပ်လဲ ထုံးသုတ် စေတီကြီးကို ပဲ နှစ်သက်ပါတယ်။

    Reply

  • hmee

    April 22, 2011 at 6:58 am

    ဘလော.တခုမှာ ဖတ်လိုက်ရတယ်။ ဆံတောက်ကွေးနဲ. လှနေတဲ့ တောသူလုံမေကို အိုမီဂါပုံ ညှပ်လိုက်သလို ခံစားရတယ်တဲ့။ ရွှေက တန်ဖိုးရှိတယ် ပြောပေမဲ့ ဒါကရွှေမဟုတ်ဘူးနော် ရွှေရောင် သုတ်ဆေးလေ။ ပြီးတော. သာလွန်မင်းတရားကြီးက သီဟိုဠ်က ဆံတော်ကို ပင့်ဆောင် ငှါပနာ ထားတာမို. စေတီပုံကိုလည်း သီဟိုဠ်ကဘုရားနဲ. ပုံစံတူပူဇော်ခြင်တာမို. အင်ဂျင်နိယာတွေကို သီဟိုဠ်ထိ လွှတ်ပြီး သေသေချာချာလေ့လာစေပြီးမှ ပုံစံတူ တည်ထားတာမို. ထုံးသင်္ကန်းကပ်ထားတာတဲ့။ သာလွန်မင်းလက်ထက်က ပြည်သူပြည်သားတွေပါ အရမ်းချမ်းသာတာမို. ရွှေသင်္ကန်းကပ်နိုင်မှာပါ။ သူ.စံနဲ.သူ အကြောင်းရှိလို. ထုံးသင်္ကန်း ကပ်လှုတာမို. ရွှေရောင်ပြောင်းတာကတော.ဖြင့်………

    Reply

  • nozomi

    April 22, 2011 at 7:19 am

    အဟောင်းကရွှေ …..အသစ်ကလည်း …ရွှေပါဘဲ

    Reply

Leave a Reply to kai Cancel Reply

Your email address will not be published.