ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူများအနက် ၃၂ဦးသာ ဆေးကုသမှု ဆက်လက်ခံယူလျက်ရှိ

klnApril 29, 20101min01

ဧပြီ ၁၅ရက်နေ့က ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ်ကန်တော်ကြီးကန်ပတ်လမ်းရှိ X2O ရေကစားမဏ္ဍပ်ရှေ့၌ ဗုံးပေါက်ကွဲမှုကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် ဆေးရုံအသီးသီးတို့၌ ဆေးကုသမှုခံယူလျက်ရှိသောဒဏ်ရာရလူနာ ၁၇ဝ အနက် လူနာအများစုမှာ ဆေးရုံမှ ဆင်းသွားနိုင်ခဲ့ပြီး အမျိုးသား ၄၂ဦး၊ အမျိုးသမီး၁၈ဦးစုစုပေါင်း ၆ဝသာဆက်လက်ဆေးကုသမှုခံယူလျက်ရှိကြောင်းသတင်းများ ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ ယခုအခါ အဆိုပါ ဆေးကုသမှုခံယူလျက်ရှိသော လက်ကျန် ဒဏ်ရာရလူနာများအနက် သက်သာပျောက်ကင်းသူများ ဆေးရုံမှ ထပ်မံဆင်းသွားနိုင်ခဲ့ပြီး ဧပြီ ၂၈ရက်နေ့အထိ အမျိုးသား ၁၉ဦး၊ အမျိုးသမီး ၁၃ဦးစုစုပေါင်း ၃၂ဦးသာဆေးကုသမှု ဆက်လက်ခံယူလျက်ရှိပါသည်။ khitlunge.org.mm

One comment

  • babyshan

    September 11, 2010 at 3:15 pm

    လုံးဝမဖြစ်သင့်ပါဘူးဗျာ တကယ်ကိုဝမ်းနည်းစရာပါပဲ ဒီလို အဖျက်အသမားတွေရဲ ့ ရန်ကနေ ဘဝဆက်တိုင်းကင်းဝေးကြပါစေဗျာ

    Reply

Leave a Reply to babyshan Cancel Reply

Your email address will not be published.