ပါရမီတက္ကစီယာဉ်များအား ငှားစီး၍ ယာဉ်၏နောက်ဖုံးအတွင်း (သို့မဟုတ်) ကားထိုင်ခုံအောက်တွင် ဗုံးဖောက်ခွဲရန်စီစဉ်နေကြောင်း သတင်းရရှိထားသည်ဟု သတိပေးချက်ထုတ်ပြန်

klnApril 29, 20101min04

ပါရမီတက္ကစီယာဉ်မောင်းများ ယာဉ်အတွင်းလုံခြုံရေး အထူးဂရုပြုရှာဖွေစစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်လာကြောင်း ပါရမီတက္ကစီယာဉ်မောင်းများထံမှ သိရှိရသည်။ ယင်းမှာဗန္ဓုလသယ်ယူပို့ဆောင်ရေး ကုမ္ပဏီလီမိတက် လက်အောက်ရှိ ပါရမီတက္ကစီယာဉ်ဂိတ်တွင် ပါရမီတက္ကစီယာဉ်များအားလုံး လုံခြုံရေးသတိပေးချက်များ ထုတ်ပြန်ထားကြောင်း သိရှိရသည်။ ထုတ်ပြန်ထားသော လုံခြုံရေးသတိပေချက်များတွင် ပြည်သူ့ပျောက်ကျားတပ်ဦးအဖွဲ့မှ ဖောက်ခွဲရေးသမားများသည် ပါရမီတက္ကစီယာဉ်များအား ငှားစီး၍ ယာဉ်၏နောက်ဖုံးအတွင်း(သို့မဟုတ်) ကားထိုင်ခုံအောက်တွင် “ဗုံး”ဖောက်ခွဲရန် စီစဉ်နေကြောင်း စစ်ဆေးဖော်ထုတ်သတင်းရရှိသဖြင့် လုံခြုံရေးအထူးဂရုပြု၍ ယာဉ်အားရှာဖွေစစ်ဆေးကြရန်နှင့် ခရီးသည်ဆင်းတိုင်း ယာဉ်အတွင်း/အပြင် စစ်ဆေးရန်၊ ခရီးသည်မှတ်တမ်းထားရှိရန် စသည့်အချက်များပါရှိကြောင်း သိရသည်။ အဆိုပါလုံခြုံရေးသတိပေးချက်နှင့်ပတ်သက်၍ ပါရမီတက္ကစီယာဉ်မောင်းတစ်ဦးက “အခုလုံခြုံရေးအခြေအနေအရ ကိုယ့်ကားကိုငှားတဲ့ခရီးသည်တွေမှာ အပိုပစ္စည်းတွေ အိတ်တွေပါလာတယ် မပါလာဘူးဆိုတာ အမြဲသတိထားပြီး စောင့်ကြည့်ရပါတယ်။ အကယ်၍ အပိုပစ္စည်းတွေပါလာရင်လည်း ခရီးသည်ဆင်းသွားတဲ့အခါမှာ သူတို့ပစ္စည်းတွေ စုံ မစုံကို စောင့်ကြည့်ရပါတယ်။ အခုအချိန်မှာက ဘယ်သူ့ကိုမှမယုံကြည်ရဘူး။ အဲဒါကြောင့်မို့လို့ ခရီးသည်အားလုံးကို ဂရုစိုက်ပြီး စောင့်ကြည့်နေရတာပါ” ဟု ပြောကြားခဲ့ါသည်။ khitlunge.org.mm

4 comments

  • mickylay

    April 29, 2010 at 8:23 am

    ဒီအချိန်ကတော့ ဒီလိုပဲလန့်နေကြမှာပဲလေ

    Reply

  • kyawgyi

    May 11, 2010 at 4:54 am

    ကြောက်ပါတယ်ဆိုနေမှ လာလာ မချောက်နဲ့နော်

    Reply

  • cruz

    October 17, 2010 at 11:23 pm

    ပါရမီ taxi သွားခွဲလို့ ပြည်သူတွေပဲထိမှာ…
    ဗိုလ်ချုပ်အိုကြီးတွေစီးတဲ့ကားသွားခွဲရမှာ
    သေ အေးရော ဟုတ်ဘူးလား

    Reply

  • King of Secrets (Bo Min)

    June 29, 2012 at 10:30 am

    ဒါ သတ်ထားရမဲ့ အချက်ဘဲ၊ ပြည်သူအားလုံးသတိရှိကြပါ၊ အကောင်းဆုံးကတော့ ပါရမီ တက်စီတွေ မငှားကြပါနဲ.။

    Reply

Leave a Reply to mickylay Cancel Reply

Your email address will not be published.