မျိုးဆက်သစ်တွေကို် ကော်နီက ဘယ်လိုအကြံပြုထားပါသလဲ

DaveDecember 23, 20091min01

ကိုကိုချစ်တို့လို ချာချာသီချင်းလေးတွေ၊ ဘလူးစ်လေး တွေနဲ့ အောင်မြင်ခဲ့တဲ့ တေးသံရှင် ကော်နီရဲ့ နောက်ဆုံးထွက် ကာလာဖူးလ် Colourful သီချင်းစီဒီကို မြန်မာဂီတပရိသတ်တွေ တစ်ခဲနက်အားပေးခဲ့ကြပါတယ်။

ကော်နီဟာ ဝါရင့်အဆိုတော်တစ်ဦးဖြစ်တာနဲ့အညီ မျိုးဆက်သစ်အနုပညာ ရှင်လေးတွေကိုလည်း လက်ကမ်းကြိုဆိုချင်တဲ့ ဆန္ဒရှိတာကို သိရတာကြောင့် ဒီနေ့ ခေတ် ဂီတရေစီးကြောင်းပေါ်က မျိုးဆက်သစ်တွေရဲ့ အပေါ်အမြင်ကို မေးကြည့်တဲ့အခါ..

ခုခေတ်ကလေးတွေက လည်း တော်ကြပါတယ်။ အခု ခေတ်က ဖြစ်တာရော ပျက်တာရောမြန်တယ်။ မျက်စေ့ရှေ့မှာ တင် ကိုယ်တော်နာမည်မသိ လိုက်ရသေးဘူး။ နောက်က ပျောက်သွားတယ်။ အဲဒီလို မျိုး ထက်စာရင် ရေရှည်တည်တံ အောင် ဖြစ်စေချင်တာပေါ့။ ဒါ ပေမယ့် ကံနဲ့လည်းဆိုင်ပါတယ်။ တချို့တော်တဲ့ကလေးတွေ လည်း အရမ်းတော်ပေမယ့် မတိုးတက်တာ အများကြီးပါပဲ။ Melody World က ကလေးတွေဆိုလည်းတော်ကြ တယ်။ ပညာရှင်လေးတွေ လည်း အများကြီးတွေ့ရတယ်။သူတို့ကို ရေရှည်တည်တံ့အောင်ပဲ ကြိုးစား စေချင်တယ်။ ဒါစေတနာပါ။
အခုခေတ်သီချင်းဆိုပြိုင်ပွဲတွေ အများကြီးကျင်းပလာကြပြီနော်။ အဲဒါတွေက ဝါသနာရှင်တွေ အတွက်

တစ်ကယ်အကျိုးရှိမယ် လို့ ယူဆလား။
အကျိုးရှိတာပေါ့။ အကျိုး ရှိလို့လည်းဒီလိုပြိုင်ပွဲတွေက အဆို တော်လေးတွေ ထွက်လာ တာပါပဲ။ တစ်ခုတော့ ရှိတယ်။ တချို့ဟာက အကျိုးရှိတယ်။ တချို့ဟာက ဟာသတွေဖြစ်နေ တာ တွေ့ရတာပါပဲ။ ဒါပေမယ့် ပြိုင်ပွဲဝင်တဲ့ ကလေးတွေအတွက် တော့ အရှုံးမရှိပါဘူး။ အတွေ့ အကြုံတစ်ခု ရသွားတာပေါ့။

အခုလက်ရှိ လှုပ်ရှားမှုက။
ကိုယ်ပိုင်သံစဉ် စီးရီးတစ်ခု စီစဉ်နေပါတယ်။ ဒါပေမယ့် ကော်ပီလေးလည်း ထည့်မလား စဉ်းစားနေတယ်။ ကိုယ်ကလည်း ကော်ပီနဲ့အောင်မြင်ခဲ့သူဆိုတော့ ကော်ပီကို မေ့လို့မရဘူးပေါ့။Bandကတော့ The Trees Band နဲ့ပါ။ သီချင်းတွေက စုတုန်းပါပဲ။ မစရသေးဘူး။

One comment

  • mintonemin

    April 18, 2010 at 11:57 am

    copy ရှိတာ ကောင်းပါတယ်..။ copy ဆို တော့ ရှေးပောာင်းသံစဉ် တွေးကို
    မမေ့တော့ဘူးပေါ်…။

    Reply

Leave a Reply to mintonemin Cancel Reply

Your email address will not be published.