ရန်ကုန်မြို့ရှိ ပုဂ္ဂလိက စက်သုံးဆီဆိုင်များအားလုံး မေလ ၁၅ရက်နေ့တွင် ဖွင့်လှစ်သွားရန် လျာထား

klnApril 29, 20101min01

ရန်ကုန်မြို့ရှိ ပုဂ္ဂလိကစက်သုံးဆီဆိုင်များအဖြစ် ရယူထားသူများအနေဖြင့် လာမည့် မေလ ၁၅ရက်နေ့တွင် ဆိုင်များအားလုံးစတင်ဖွင့်လှစ်သွားရန် လျာထားကြောင်း သတင်းရရှိပါသည်။ “မေလ ၁၅ရက်နေ့မှာတော့ ဆိုင်အားလုံး တစ်ပြေးညီဖွင့်ဖို့ လျာထားပါတယ်။ ဒါပေမဲ့ တစ်ဆိုင်ဆိုင်က နောက်ကျတယ်ဆိုရင်လည်း ရက်ပြင်ဆင်မှုမျိုးတော့ရှိနိုင်သေးတာပေါ့။ မေလ ၁၅ရက်နေ့ဆိုတာက ရန်ကုန်က ဆိုင်တွေကိုပြောတာပါ။ နယ်ဆိုင်တွေကတော့ ရန်ကုန်ထက်နောက်ကျပြီးမှ ဖွင့်မယ်လို့သိရတယ်။ ရောင်းဈေးကို သတ်မှတ်သွားမှာမျိုးတော့ မကြားမိဘူး။ ကိုယ့်ဈေးနဲ့ကိုယ်ရောင်းပေါ့။ အတတ်နိုင်ဆုံးလျော့ရောင်းနိုင်တဲ့သူ၊ အမြတ်အနည်းဆုံးနဲ့လုပ်နိုင်တဲ့သူက ဈေးကွက်ပိုရဆိုတဲ့သဘောပေါ့ဗျာ”ဟု ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင် လုပ်ကိုင်မည့်သူတစ်ဦးက ရှင်းပြခဲ့သည်။ ပုဂ္ဂလိကစက်သုံးဆီဆိုင်များပေါ်ပေါက်လာပါက ရောင်းချသည့်ဈေးမှာ တစ်ဆိုင်နှင့်တစ်ဆိုင် နေရာကိုလိုက်၍ ရောင်းဈေးကွာခြားမှုရှိနိုင်ကြောင်း၊ တစ်ဂါလံ ကျပ် ၅ဝမှ ကျပ် ၁၀၀ဝန်းကျင်ကွာခြားနိုင်သည်ဟု ပုဂ္ဂလိကဒီဇယ်တင်သွင်းသူလုပ်ငန်းရှင်တစ်ဦးကဆိုသည်။ ယခင်လများအတွင်းက ပြည်ပပို့ကုန်မှရသော နိုင်ငံခြာငွေတန်ဖိုးမြင့်တက်သည့်နှုန်းဖြင့် ဒီဇယ်ဆီတင်သွင်းထားသူများအနေဖြင့် ယခုအခါ နိုင်ငံခြားငွေတန်ဖိုးကျဆင်းမှုကြောင့် မရှုံးရန်ဦးစားပေးရောင်းချရမည့် အနေအထားရှိနေသည်khitlunge.org.mm

One comment

  • moethiha

    May 26, 2010 at 4:58 am

    ဟုတ်ကဲ့ပါ။မန်းတလေးလဲအတူတူပါပဲဒါပေမယ့်အခုထိတော့မပြောင်းသေးပါဘူး။

    Reply

Leave a Reply to moethiha Cancel Reply

Your email address will not be published.