နှစ်ဆန်းတစ်ရက်နေ့ တွင် ရွှေတိဂုံဘုရားတွင် ဘုရားဖူးများနှင့်စည်ကား

erosApril 18, 20111min04

ယမန်နေ့ ၁၆ရက် ဧပြီလ ၂၀၁၁ ရက်နေ့ သည် မြန်မာတို့၏ နှစ်သစ်ကူးနေ့ နှစ်ဆန်းတရက်နေ့ ဖြစ်သည့် အားလျော်စွာ ဗုဒ္ဓဘာသာဝင်များသည် ဘုရားကျောင်းကန်သို့ သွားရောက်၍ ဘုရားဖူးမျှော်ခြင်း၊ ဆွမ်း၊ ပန်း၊ရေချမ်း၊ဆီမီးများကပ်လှူခြင်းများပြုလုပ်ခဲ့ကြပါသည်။ ထို့အပြင် ဇီဝိတဒါနလွှတ်ခြင်းများ ပြုလုပ်ခဲ့ပါသည်။

ရန်ကုန်မြို့ တွင် အထင်ကရ ဘုရားတဆူဖြစ်သော လွန်ခဲ့သော နှစ်ပေါင်း ၂၅၀ဝ ခန့်က တည်ထားခဲ့သော ရွှေတိဂုံဘုရားသို့ ဘုရားဖူးများစွာ လာရောက်ဖူးမျှော်ခဲ့ပါသည်။ ဘုရားဖူးများစွာ လာရောက်ခဲ့သော ကြောင့် မြောက်ဘက်မုခ်သို့ ဝင်ရာလမ်းကြောင်းဖြစ်သော အာဇာနည်ကုန်း ကုန်းတက်မရောက်မှီ M3စားသောက်ဆိုင် ရှေ့ မှစ၍ ဘုရားဖူးကားများဖြင့် ပြည့်ကြပ်နေပါသည်။ ဘုရားခြေတော်ရင်း တွင်လည်း ဇီဝိတဒါန ငါးလွှတ်သူများ အတွက် မွေးမြူရေး နှင့် ရေလုပ်ငန်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန မှ ဇီဝိတဒါနငါးအရောင်းမဏ္ဍပ် ဖွင့်လှစ်၍ ငါးတကောင် ၁ဝ ကျပ်နှုန်းဖြင့် ရောင်းချပေးနေပါသည်။ ဘုရားရင်ပြင်တော်ပေါ် တွင်လည်း ညချမ်းချိန်ခါအထိ ဘုရားဖူးများဖြင့် ကြက်ပျံမကျ စည်ကားနေပါသည်။ ယာဉ်ထိန်းရဲများက လည်းဘုရားဖူးကားများ သွားလာရလွယ်ကူစေရန် လမ်းကြောင်းထိန်းသိမ်းပေးနေသည်ကို မြင်တွေ့ခဲ့ရပါသည်။ ဘုရားသွားရာ လမ်းတလျောက် ဈေးဆိုင်ငယ်လေးများ ဖွင့်လှစ်ကာ အဆာပြေစားသောက်ဖွယ်ရာများရောင်းချလျက်ရှိပါသည်။

ဘုရားဖူးလာခရီးသည်များ များသည့်အတွက် ဘတ်စ်ကားများမှာလည်း ပြည့်ကြပ်နေသည်ကို မြင်တွေ့ခဲ့ပါသည်။ အချို့ သောလိုင်းကားများမှာ ခရီးစဉ် စဆုံးမပြေးဆွဲပဲ မြေနီကုန်း သို့မဟုတ် တောင်ဖက်မုခ်အထိသာ ပြေးဆွဲကြောင်းသိရပါသည်။တက္ကစီအငှားယာဉ်များ၏ ဈေးနှုန်းမှာလည်း သာမာန်ထက်ဈေးကြီးကြောင်း ကိုယ်တိုင် စုံစမ်းမေးမြန်းချက်အရ သိရှိခဲ့ရပါသည်။

4 comments

  • eros

    April 18, 2011 at 12:15 pm

    SOS SOS ကိုခိုင်ရေဓာတ်ပုံတွေ မပါသွားဘူး။ ဘယ်လိုလုပ်ရမလဲ။ ကိုခိုင်ရေ ကူညီပါဦး။ သိတဲ့သူများ လည်း ကယ်ပါဦး။ SOS

    Reply

  • eros

    April 19, 2011 at 2:53 am

    ဟေး တပုံရပြီ။ ကျန်တာ သူကြီးကူညီပေးလို့ ရမလား။

    Reply

  • မမလေး

    April 25, 2011 at 12:43 pm

    အဲ့ဒီညက သွားသေးတယ် … အဲ့ဒီပုံထဲမှာတောင် ပါမလားမသိဘူး ရှာလိုက်ဦးမယ်သေသေချာချာ ဟဲဟဲ …

    Reply

    • ဆူး

      April 25, 2011 at 2:24 pm

      ဟိုမှာ ကတုံးလေး နဲ့ ဆရာလေး.. တွေ့ပြီ..

      Reply

Leave a Reply

Your email address will not be published.