ဘာကိုအဓိကထားရမလဲ (နှစ်သစ်ကူးဓမ္မလက်ဆောင်)

True AnswerApril 16, 20111min04

2010-2011 ဒီနှစ်တွင်း ကျွန်တော် ကိုယ်တိုင် ရေးထားတဲ့ တရားစာအုပ်လေး(၃)အုပ် ကို အနည်းငယ်ထပ်မံ edition လုပ်လျှက် ဓမ္မဒါနပို့လိုက်ပါတယ်ခင်ဗျား-

သစ္စာတရားတော်များကို နားလည်မှုလွယ်ကူစေရန် ရည်သန်လျှက် ကျွန်တော် ဉာဏ်မီသလောက် ကြိုးစားရေးသားထားခြင်းပါ။

အမှာစာ

အချိန်ပေးပြီး ဖတ်ရှုနိုင်မည်ဟု မျှော်လင့်ပါသည်။

လောကမှာ ဘာကို အဓိကထားရမလဲ တန်ဖိုးထား ရမလဲ ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး မှန်ကန်စွာ သိလိုကြသူများ ရှိသလို… ဘာကိုပဲ အဓိက ထားမည်ဆိုပြီး ဆုံးဖြတ် ပြီးသား လူတွေလည်း ရှိကြပါတယ်…

ဘာကို အဓိက ထားရမလဲ ဆိုတာနဲ့ ပတ်သက်ပြီး ကျွန်ုပ်တို့ ဟာ ဘာသာရေး ကျမ်းစာအုပ်များ၊ တက်ကျမ်းများ၊ လောကနီတီ အကိုးအကား များနှင့် လည်းကောင်း- တချို့လည်း မိမိကိုယ်တွေ့ အဖြစ်အပျက်များကို အခြေခံ၍ သော်လည်းကောင်း – တချို့လည်း မိဘ-ဆရာသမား များ၏ အဆုံးအမအရသော်လည်းကောင်း တစ်ခုခုကို အဓိက ထားရန် စိတ်ထဲမှ ပြဋ္ဌာန်းပြီး ဖြစ်ကြလေသည်။

ငွေကြေးကို အဓိကထား သူများရှိသလို… ပညာရေးကို အဓိကထား သူများ လည်းရှိကြပါတယ်.. ..ကိုယ်ကျိုးစီးပွားကို အဓိကထားသူများရှိသလို….အများအကျိုးကို အဓိကထားသူများလည်းရှိပါသည်။ ဘာသာရေးကို အဓိကထားသူများရှိသလို…. နိုင်ငံရေးကိုအဓိကထားသူများလည်းရှိကြပေသည်။

ပထမအရွယ်မှာ ပညာရှာ – ဒုတိယအရွယ်မှာ ဥစ္စာရှာ-တတိယအရွယ်မှာ တရားရှာ ဆိုတဲ့ လောကနီတီ အဆုံးအမ ကိုလည်း လက်မခံသူများရှိသလို လက်ခံသူများလည်းရှိပါသည်။

….ကိုယ်ကျင့်တရားကို အဓိကထားဖို့ ဘာသာရေး ကျမ်းများတွင် လည်းကောင်း၊ အရှေ့တိုင်း အနောက်တိုင်း အဆို အမိန့်များ တွင်လည်းကောင်း၊ ကျွန်ုပ်တို့ တွေ့မြင်နေကျ ဖြစ်ပါတယ်။ အရှင်ဇနက ဘိဝံသရဲ့ စိတ်ကောင်းရှိဖို့ ပထမ – စာတတ်ဖို့ ဒဿမ ဆိုတာကိုလည်း ကျွန်ုပ်တို့ သိရှိ နားလည်ကြပါတယ်။

အဓိကထားမှုများ တန်ဖိုးထားမှုများ တစ်ဦးနှင့်တစ်ဦး တူညီမှုများရှိသလို… ညီအစ်ကိုချင်း-သားအမိချင်း- လင်မယားချင်း-ဘာသာတူချင်းပင် သဘောထား ကွဲလွဲမှုများလည်း ရှိကြပါသည်။ … အဓိကထားရမယ့် အရာကို အဓိကမထားမိသဖြင့် အချိန်လွန်မှ နောင်တ တဖန် ပူပန်မှုများ ဖြစ်ကြရသည် မှာလည်း ကျွန်ုပ်တို့အဖို့ မရိုးနိုင်တဲ့ အစဉ်အလာတစ်ခုဖြစ်ပါတယ်။

မိတ်ဆွေများ အနေနဲ့ ဘာကို အဓိကထားရမလဲ တန်ဖိုးထားရမလဲ ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး ကျွန်တော် ဉာဏ်မီသလောက် တင်ပြသွားမှာဖြစ်ပြီး လွယ်လွယ်နှင့် လည်းလက်မခံကြပါရန် …လွယ်လွယ်နှင့်လည်း မပစ်ပယ်ကြပါရန် လေးစားစွာ အကြံပြုအပ်ပါသည်။

၁) ဘာကိုအဓိကထားရမလဲ

ဘာကိုအဓိကထားရမလဲ-ebook ဒေါင်းလုပ်ရန် –

http://www.mediafire.com/?bwj7c0vv5yve8qf

————————————————————
၂) လောဘ-ဒေါသ-သောက-ပြဿနာအားလုံးရဲ့ တရားခံ

လောဘ-ဒေါသ-သောက-ပြဿနာအားလုံးရဲ့ တရားခံ ebook ဒေါင်းလုပ်ရန် –

http://www.mediafire.com/?ckiz4h8yv53m8nt#1

၃) ပူလောင်မှုများမှ အမှန်တကယ် အမြန်ဆုံး ကင်းဝေးစေမည့် တရားနှလုံးသွင်းပုံမှတ်စုများ

ပူလောင်မှုများမှ အမှန်တကယ် အမြန်ဆုံးကင်းဝေးစေမည့် တရားနှလုံးသွင်းပုံမှတ်စုများ ebook ဒေါင်းလုပ်ရန်-
http://www.mediafire.com/?bwj7c0vv5yve8qf

(မှတ်ချက်။ ။ နှစ်သစ်တွင် ပူလောင်မှုကင်းစွာနေသွားလိုသူများအတွက်သာ ဖတ်ရန်ခွင့်ပြုသည်။ နှစ်သစ်တွင် ဘဝကို ယခုအသိဉာဏ်အတိုင်းဆက်လက် လျှောက်လှမ်းလိုသူများ လုံးဝ ဖတ်ခွင့်မပြု)

ခင်မင်လေးစားစွာဖြင့်
စိုးဝင်းထွဋ်

4 comments

  • bigbird

    April 16, 2011 at 1:33 pm

    ကျေးဇူးတင်ပါတယ်ခင်ဗျာ…ဓမ္မဒါနအတွက် သာဓုခေါ်ပါတယ်။

    Reply

  • winkyawaung

    April 17, 2011 at 3:49 am

    သင်္ကြန်တွင်း တရားဆောင်းပါးကိုဖတ်ရလို့ အထူးကျေးဇူးတင်မိပါသည်။

    Reply

  • bigcat

    April 17, 2011 at 5:18 am

    ကိုစိုးခင်ဗျား..
    သဲအင်းဂူဆရာတော်ကြီးနဲ့ ပတ်သက်တဲ့ ဆောင်းပါး၊ စာအုပ်တွေ ရှိရင်ရှယ်ပါဗျို့။ အင်တာနက်မှာတော့ မီဒီယာဖိုင်းယားမှာ တင်ထားတဲ့ ကိုယ့်စိတ်ကိုယ်စစ်ဆိုက်က အသံဖိုင်တွေ၊ သဲအင်းဆိုက်က ဆရာတော်ကြီးတရားတွေ အကုန်နာပါတယ်။ အသစ်ရှိရင် လုပ်ပါအုံး။ ဟိုတလောကတော့ အေးရှာပလာဇာမှာ စိတ်ဓာတ်မြှင့်တင်ရေးသင်တန်းကိစ္စပွဲဆူသွားတဲ့ ဆရာတော်က ဆရာတော်ကြီးထေရုပတ္တိစာအုပ် ထွက်မယ်ကြော်ငြာတာတွေ့တယ်။
    အမြင်ချင်းတူတဲ့ ဓမ္မမိတ်ဆွေတဦးကို ရွာထဲမှာတွေ့ရလို အလွန်ဝမ်းသာပါတယ်။ ဆက်လို့ ပို့စ်များရေးပါလို့ တိုက်တွန်းပါတယ်။

    Reply

  • True Answer

    April 19, 2011 at 8:01 am

    ဟုတ်ကဲ့ ကို bigcat ကျွန်တော် ရရင် ပို့ပေးလိုက်ပါ့မယ်။ ကို bigcat mail ကျွန်တော်မှတ်ထားပါတယ်

    Reply

Leave a Reply to True Answer Cancel Reply

Your email address will not be published.