သင်္ကြန်အကြိုနေ့ အတွက် မုန့်လုံးရေပေါ်

Yin Nyine NwayApril 12, 20111min02

သင်္ကြန်အကြိုနေ့ အတွက် မုန့်လုံးရေပေါ်

 

သင်္ကြန်အကြိုနေ့ အတွက် မုန့်လုံးရေပေါ်

သင်္ကြန်အကြိုနေ့မှာ မုန့်လုံးရေပေါ်လုပ်စားဖြစ်တာနဲ့ တင်လိုက်တာပါ။ မုန့်လုံးရေပေါ်ကို ၂မျိုးလုပ်စားဖြစ်တယ်။ တမျိုးက ထန်းလျက် +မြေပဲ + နှမ်း အစားသွပ် လုပ်တဲ့ မုန့်လုုံးရေပေါ်။ နောက်တမျိုးကတော့ ရိုးရိုးပဲ ထန်းလျက်နဲ့ပဲ လုပ်တဲ့ မုန့်လုံးရေပေါ်။ သင်္ကြန်အလွမ်းပြေ မုန့်လုံးရေပေါ်လေးတွေ စားသွားကြပါနော်… :)

မုန့်လုံးရေပေါ် ပါဝင်သောပစ္စည်း

၁။ ကောက်ညှင်းမှုန့် – နို့ဆီဘူး ၈လုံး

၂။ ဆန်မှုန့် – နို့ဆီဘူး ၂လုံး

၄။ ထန်းညက် – ၂ဝခု

၅။ အုန်းသီး – တစ်ခြမ်း (အုန်းခြစ်နဲ့ အရှည်လိုက်ခြစ်ပေးပါ)

၆။ Apple flavor color – လက်ဖက်ရည်ဇွန်း တဝက် (ရေအနည်းငယ်ဖြင့် ရောပါ)

မုန့်လုပ်နည်း

၁။ ကောက်ညှင်းမှုန့် နှင့် ဆန်မှုန့်ကို ခွက်တစ်ခုထဲထည့်၍ ရောမွှေလိုက်ပါ။

၂။ ပြီးမှ အရောင်ထည့်ချင်လျှင် Apple flavor color အစိမ်းရောင် ထည့်ပါ။

၃။ ရေတစ်ခွက်ခန့်ကို နည်းနည်းခြင်းဆီ ထည့်ပေးပြီး မပျော့မမာ အနေထားထိ ရောက်အောင် သမအောင် နုယ်ပေးပါ။

၄။ ပြီးလျှင် ထန်းညက်များကို အတုံးသေးများတုံးပေးပါ။ ပြီးလျှင် အုန်းသီးကို အုန်းခြစ်ဖြင့် အရှည်လိုက် ခြစ်ပေးပါ။

၅။ ပြီးမှ ထန်းညက်ခဲ များကို မုန့်ထဲ အစားသွပ်ပြီး မုန့်လုံးများကို လုံးပေးပါ။

၅။ ဒယ်အိုးကြီးကြီး တစ်ခု ရေတစ်ဝက်ကျော်ကျော်ထည့်ပြီး မီးမီးပြင်းပြင်းဖြင့် အဖုံးအုပ်ပြီး တည်ထားပေးပါ။

၆။ ဒယ်အိုးထဲမှ ရေပွက်ပွက်ဆူလာလျှင် လုံးထားသော မုန့်လုံးများကို ဖြည်းဖြည်းခြင်းထည့်ပေးပါ။

၇။ မုန့်လုံးများ သူအလိုလို ရေပေါ်ပေါ်လာမှ ဇကာလေးဖြင့် ဆယ်ပေးပြီး ရေထည့်ထားသော ခွက်ထဲ မုန့်လုံးရေပေါ်များကို ထည့်လိုက်ပါ။

၈။ ပြီးမှ ရေစစ်ရန်အတွက် ဇကာထဲ ပြန်ဆယ်ထည့်ထားပါ။

၉။ ရေစစ်ပြီးလျှင် ဌက်ပျောရွက်ခင်းထားသော ပန်းကန်ထဲသို့ မုန့်လုံးရေပေါ်များထည့်လိုက်ပါ။

၁၀။ အပေါ်မှ ခြစ်ထားသော အုန်းသီးများ ဖြူးပေးလိုက်ပါ။

၁၁။ ထန်းညက် အစားသွပ် မုန့်လုံးရေပေါ်ကို စိတ်ကြိုက်စားသုံးနိုင်ပါပြီး…

2 comments

  • manawphyulay

    April 12, 2011 at 11:53 am

    သင်္ကြန်တွင်းလုပ်စားဖို့ မှတ်သားသွားတယ်နော်……….. ရွှေရင်အေးရယ် မုန့်လုံးရေပေါ်ရယ် သင်္ကြန်ထမင်းရယ် စားတော့ စားပြီးပြီ

    Reply

  • bigcat

    April 13, 2011 at 12:55 am

    health and fitness အောက်က food, drink and recipes အောက်မှာပါ သိမ်းထားပေးပါလား၊ လိုရင်ရှာလို့လွယ်တားပေါ့။ ကျေးဇူးပါ။

    Reply

Leave a Reply

Your email address will not be published.