သင်္ကြန် အထူးအစီအစဉ် အဖြစ် ‘သင်္ကြန်မိုး’၊ ‘သူများပြောတိုင်းတို့မယုံ’၊ ‘ရာသက်ပန်’၊ ‘မမုန်းလေနဲ့ငပလီ’၊ ‘မောင်တို့ချယ်ရီမြေ’ စသည့် ဇာတ်ကားများ မြန်မာ့ရုပ်သံတွင် ပြသမည်

ဦးကောက်April 12, 20111min01
w62835

သင်္ကြန်မိုး ဇာတ်ကားမှ ဇာတ်ဝင်ခန်းတစ်ခန်း

ဧပြီလ ၁၃ ရက်နေ့မှ ၁ရ ရက်နေ့ထိ မြန်မာ့ရုပ်သံတွင် သင်္ကြန် အထူးအစီအစဉ် ထုတ်လွှင့်မှုအဖြစ် သတ်မှတ်ထာပြီး အဆိုပါ ရက်များအတွင်း ‘သင်္ကြန်မိုး’၊ ‘သူများပြောတိုင်းတို့မယုံ’၊ ‘ရာသက်ပန်’၊ ‘မမုန်းလေနဲ့ငပလီ’နှင့် ‘မောင်တို့ချယ်ရီမြေ’ ရုပ်ရှင်ဇာတ်ကားများကို ထုတ်လွှင့် ပြသသွားမည်ဟု သိရသည်။

သင်္ကြန်အကြိုနေ့ ဖြစ်သည့် ဧပြီလ ၁၃ ရက်နေ့တွင် သင်္ကြန်မိုး ဇာတ်ကားကို ည ၈နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသမည် ဖြစ်ကြောင်း သိရသည်။ ဧပြီလ ၁၄ ရက်နေ့ သင်္ကြန်အကျနေ့ ည ၉ နာရီတွင် ‘သူများပြောတိုင်းတို့မယုံ’ ဟာသ ဗီဒီယိုဇာတ်ကားကို ထုတ်လွှင့်မည် ဖြစ်သည်။ သင်္ကြန်အကြတ်နေ့ ဖြစ်သည့် ဧပြီလ ၁၅ ရက်နေ့ ည ၉ နာရီတွင် ‘ရာသက်ပန်’ ဗီဒီယိုဇာတ်ကားကို ထုတ်လွှင့်ပြသမည် ဖြစ်ပြီး သင်္ကြန်အတက်နေ့ ဧပြီလ ၁၆ ရက်နေ့တွင် ‘မမုန်းလေနဲ့ငပလီ’ ရုပ်ရှင် ဇာတ်ကားကို ပြသမည် ဖြစ်သည်။ မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဧပြီလ ၁ရ ရက်နေ့(တနင်္ဂနွေ)နေ့ မွန်းလွဲပိုင်းတွင် ‘မောင်တို့ချယ်ရီမြေ’ ရုပ်ရှင် ဇာတ်ကားကို ထုတ်လွှင့်ပြသမည် ဖြစ်ကြောင်း သိရှိရပါသည်။

၂၀၁ဝ ပြည့်နှစ် သင်္ကြန်ရက်များတွင် ‘သင်္ကြန်မိုး’၊ ‘ကျန်စစ်မင်း’၊ ‘မာယာတံတိုင်း’၊ ‘နွေရူပ’ စသည့် ရုပ်ရှင်ဇာတ်ကားများကို ထုတ်လွှင့်ပေးခဲ့ပြီး သင်္ကြန်မိုး ဇာတ်ကားသည် သင်္ကြန်ကာလ ရောက်ရှိလာသည်နှင့် ပရိသတ်များ အမှတ်တရ ရှိနေပြီး နှစ်စဉ် ထုတ်လွှင့်ပြသပေးရသည့် ဇာတ်ကား ဖြစ်ကြောင်းလည်း သိရသည်။

Eleven Media Group မှ ကူးယူဖော်ပြသည်။

One comment

  • ငှက်ကြီး

    April 12, 2011 at 2:44 pm

    ဦးဝင်းဦးရဲ့ မောင်တို့ချယ်ရီမြေဇာတ်ကားကို အရမ်းကြိုက်ပါတယ်။
    ဟောလီဝုတ်ဇာတ်ကားတစ်ခုကို ကျောရိုးအတုယူပြီးရိုက်ထားတာပါ။
    ငယ်ငယ်တုန်းက အဲ့ဒီအင်္ဂလိပ်ကားကို မြန်မာ့ရုပ်မြင်သံကြားမှာလွှင့်လို့ကြည့်ဖူးပါတယ်။ ကြည့်လို့အရမ်းကောင်းပါတယ်။ ဇာတ်လမ်းနာမည်တော့မမှက်မိတော့ဘူး။
    သိသူများရှိရင် ကျေးဇူးပြုပြီးပြောပြစေချင်ပါတယ်။ ပြန်ရှာကြည့်မလို့ပါ။

    Reply

Leave a Reply

Your email address will not be published.