အပျိုကြီးများ၏အားသာချက်များ…

lu ta loneApril 28, 20101min06

အပျိုကြီးများ၏အားသာချက်များ

တစ်ကိုယ်ရေနေထိုင်မှု၏ အားသာချက်များ

အပျိုကြီးတို့ကို “ဖက်လုံးအဖော်ပြုသူ” “တိရစာ္ဆန်ထိန်းကျောင်းသူ” “အထီးကျန်သူ” စသည်ဖြင့် ထိခိုက်ပြောဆိုမှုတစ်ချို့ရှိကြသော်လည်း အိမ်ထောင်မပြုကြသဖြင့် သူတို့တွင် အားသာချက်များရှိနေကြသည်။ ယင်းအားသာချက်များမှာ-
(၁) ရုပ်မြင်သံကြားကြည့်ပါက remote control လုစရာမလိုခြင်း။

(၂) နံစော်သောအဝတ်အစားများကို လျှော်စရာမလိုခြင်း။

(၃) ချွတ်ချင်ရာ ချွတ်ထားသော ဖိနပ်များကို လိုက်သိမ်းစရာမလိုခြင်း။

(၄) ရေချိုးခန်းကို စိတ်ကြိုက်သုံးခွင့်ရခြင်း။

(၅) တစ်ကိုယ်ရေသန့်ရှင်းမှုကို အထူးလုပ်စရာမလိုုခြင်း။

(၆) ‘ဘာဝတ်မှာလဲ’ ‘ဒါလေးဝတ်ပါလား’ ဟုနေ့စဉ် ပြောစရာမလိုုခြင်း။

(၇) အထူးချက်ပြုတ်၊ ကြော်လှော်၊ ဆေးကြောစရာ မလိုခြင်း။

(၈) မိမိမှာ တစ်ယောက်သောသူအတွက် ဖြစ်နေသည်ဟု စဉ်းစားစရာမလိုခြင်း။

(၉) စိတ်ထဲရှိသလို နေထိုင်လုပ်ကိုင် လွတ်လပ်မှုရှိခြင်း။

(၁၀) အရက်သောက်သူ၊ ဆေးလိပ်သောက်သူ၊ လောင်းကစားလုပ်သူတစ်ဦးဦးကို စောင့် ကြည့်၊ ဆူပူ၊ ထိန်းချုပ်နေစရာမလိုခြင်း။

(၁၁) ကုတင်ပေါ်တွင် လွပ်လွပ် လပ်လပ် တစ်ကိုယ်တည်းစိတ်ကြိုက်အိပ်စက်ရခြင်း။

(၁၂) မည်သူနှင့်မျှ စကားမပြောလိုဘဲ တစ်ကိုယ်တည်းတိတ်ဆိတ်စွာ နေလိုပါကနေခွင့်ရခြင်း။

(၁၃) လွတ်လပ်စွာ ရွေးချုယ်ခွင့်ရခြင်း။

(၁၄) သွားရည်များ ပေမနေသော ခေါင်းအုံးနှင့် အိပ်ခွင့်ရခြင်း။

(၁၅) ဟောက်သံကင်းကင်းဖြင့် အိပ်ခွင့်ရခြင်း။

(၁၆) သွားချင်ရာသို့ သွားချင်သည့်အချိန်တွင် သွားလာခွင့်ရခြင်း။

(၁၇) ဝယ်ချင်ရာကို ဝယ်နိုင်ခြင်း၊ အဝတ်ဗီရိုထဲထည့်ဖွက်ထားစရာလိုခြင်း၊ ဝယ်ထားတာကြာပါပြီဟု လိမ်ပြောစရာမလိုခြင်း။

(၁၈) စည်းကမ်းများ၊ တင်းကြပ်မှုများ၊ ဘောင်များကြားတွင် နေစရာမလိုခြင်း။

(၁၉) မိမိယုံကြည်ရာ ပြောလိုရာကို ပြောလိုသူနှင့်ပြောဆိုဆွေးနွေးနိုင်ခြင်း။

(၂၀) စားချင်ရာစာသောက်နိုင်ခြင်း။

(၂၁) လုပ်ချင်သည့် အလုပ်အကိုင် လုပ်ကိုင်နိုင်ခြင်း။

(၂၂) ညဖက် အလုပ်လုပ်နိုင်ခြင်း၊ စာဖတ်နို်င်ခြင်း၊ ရုပ်မြင်သံကြားကြည့်ရှုနိုင်ခြင်း၊ အိပ်ချင်သည့်အချိန်မှ အိပ်ရာဝင်နိုင်ခြင်း။

(၂၃) အဝတ်ဗီရိုကို စိတ်ကြိုက်အသုံးပြုနိုင်ခြင်း။

(၂၄) မိမိစိတ်မဝင်စားသည့်အကြောင်းအရာ ပစ္စည်းပစ္စယတို့ကို လို်က်ပါစိတ်ဝင်စားနေစရာမလိုခြင်း။

(၂၅) မိမိမကြိုက်သောအပြုအမူ၊ အနေအထိုင်၊ အသံဗလံများကို အထူးသည်းခံခွင့်လွှတ်စရာမလိုခြင်း။

(၂၆) လွတ်လွတ်လပ်လပ် လေပုပ်ထုတ်နိုင်ခြင်း။

(၂၇) အမျိုးသမီးလစဉ်သုံးပစ္စည်းကို လွတ်လွတ်လပ်လပ်ထားနိုင်ခြင်း။

(၂၈) မိမိမသုံးဘဲ ရေအိမ်ကိုရေဆွဲချစရာ၊ တိုက်ချွတ်သန့်ရှင်းစရာမလိုခြင်း။

(၂၉) စိတ်မပါ သော်လည်း သည်းခံစိတ်လျှော့ကာ ပြုစုနေစရာမလိုခြင်း။

(၃၀) မိမိကို ထားရစ်ခဲ့မှာကို စိတ်ပူစရာမလိုခြင်း။

(၃၁) တစ်စုံတစ်ဦးကို မှီခိုအားကိုးနေစရာမလိုခြင်း။

(၃၂) မိမိငွေကြေးကို စိတ်ကြိုက်သုံးစွဲပေးကမ်းလှူဒါန်းနိုင်ခြင်း စသည်ဖြင့် အပျို ကြီးတို့၏ အားသာချက်များကား များလှပါသည်။

From: Our Madaly

6 comments

  • susunosuki

    April 28, 2010 at 3:50 pm

    ဘယ်လိုပဲပြောပါစေ
    ဝါကျွတ်ရင် အင်းယားလိပ် အစလို့
    ရပ်ကွက်ကဘုန်းကြီးကျောင်းအဆုံး မင်္ဂလာဆောင်တွေများလွန်းလို့နားတောင်ညီးတယ်

    Reply

  • မောင်တင့်တယ်

    April 29, 2010 at 8:20 am

    လူပျိုကြီး၊ လူပျိုလေးများရဲ. အားသာချက်များရှိရင် တင်ပေးပါအုံး

    Reply

  • Thaw Zin Loikaw

    May 13, 2010 at 1:31 pm

    အပျိုကြီးများရဲ့ အားသာချက်ကိုတော့ရေးတယ်နော်
    အားနည်းချက်ကိုလည်းရေးတင်ပေးပါဦး
    ဒါမှ ရှောင်နိုင်မှာလေ…ဟုတ်ဘူးလား.။

    Reply

  • winne

    July 12, 2010 at 10:32 am

    သဘောကျတယ်။ ၂၅ကျော်ရင် အပျိုကြီးလို့ ပြောတဲ့ခေတ်မှာတော့ အပျိုကြီးပေါ့လေ။ အခုလက်တလော ချစ်သူကို မကြိုက်တာ လုပ်လည်း ချစ်တာကို သည်းခံနေရတာနဲ့ စိတ်ညစ်ရတယ် ပြောရမှာလည်း ရန်မများအောင် အောင့်အီးထားရ အိမ်ထောင်ဖက် သန့်ရှင်းရေးနဲ့ လျှော်ဖွတ်မပါသေးဘူး အခု အလို မကျတာနဲ့တင် တော်တော် စိတ်ပျက်နေလို့ အပျိုကြီး လုပ်ရင်လည်း လူတွေက လိုက်စပ်ချင်နေတာ စိတ်ပျက်နေတာ တကယ်ဘဲ။ လူတွေလည်း အငြိမ်မနေနိုင်ဘူး အေးဆေးနေတဲ့လူကို အပူနဲ့ ဒုက္ခပေးချင်နေကြတာ သိပ်မုန်းတာဘဲ။ အပျိုကြီးလုပ်တော့ အားသာချက်တွေ များစွာနဲ့ ပျော်ပျော်လေးဘဲ ဘဝကို ကုန်ဆုံးသွားအေးတာဘဲ

    Reply

  • HayMonChan

    September 12, 2010 at 4:49 pm

    အားပေးသွားပါ၏

    Reply

  • aun paung

    March 1, 2012 at 5:02 pm

    အင်းလေ.လာမှ အသက်ကကြီးလာပေါ. 22 23 24 25 ဟင်း

    Reply

Leave a Reply to HayMonChan Cancel Reply

Your email address will not be published.