Cyberwidows (ကွန်ပျူတာမုဆိုးမများ)

Good IdeaApril 8, 20111min07
စိတ်ပညာဆိုင်ရာဝေါဟာရတစ်ခုဖြစ်တဲ့ Netaholic ဆိုတာ အင်တာနက်စွဲလမ်းသူ ၊ အင်တာနက်ကို အလွန်အကျွံ သုံးစွဲ သူလို့ အဓိပ္ပါယ် ရပါတယ် ။ Netaholic ဆိုတာ ဆေးစွဲ သူ အရက်စွဲ တဲ့လူတွေ လိုမျိုးရောဂါတစ်ခုပါ ။ ဒါပေမဲ့ သူက ဆေးစွဲတာ ၊ အရက်စွဲတာတွေထက် ပိုပီး အဖြတ်ရခက်သလို စိတ်နဲ့သက်ဆိုင်နေတာ ဖြစ်တဲ့အတွက် ပိုပြီးသိမ့်မွေ့ပါတယ် ။ Netaholic ဖြစ်လာနိုင်တဲ့ လူတစ်ယောက်ရဲ့ ပထမဆုံး လက္ခဏာ တွေကတော့ …

၁ ။ ကွန်ပျူတာကိုအသုံးပြုပြီး နက်ဝေါ့ခ် ထဲဝင်နေရင် တခါထိုင်ရင် ၅ နာရီအနည်းဆုံးထိုင်မယ် ။
၂ ။ စားတာသောက်တာကအစ ကွန်ပြူတာရှေ့မှာ စားမယ် ။
၃ ။ ကိုယ်ပတ်ဝန်းကျင်ကလူမှုရေး ကိစ္စ တွေကိုလျစ်လျူရှုထားမယ် ။ ဥပမာ မိဘညိကိုမောင်နှမတွေ ဘာတွေပဲပြောနေပါစေ ဂရုမစိုက်တဲ့ ပုံစံမျိုးပေါ့ ။
၄ ။ မိမိရဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုတွေ ဂရုမစိုက်တော့ပဲ ဖြစ်သလိုနေထိုင်လာမယ် ။
၅။ ကိုယ့်မေးဘောက်စ်ထဲမှာ မေးလ်ဝင်မလာသေးသည့်တိုင်အောင် ဝင်လာမဲ့မေးလ်ကို စောင့်နေလိမ့်မယ်။
၆ ။ Roll Playing Game တွေကို ကစားရင်း အွန်လိုင်းမှာ ရန်ဖြစ်ဖူးတဲ့ လူတွေကို အပြင်မှာ တကယ့်ရန်သူအဖြစ် ထင်မြင်လာမယ် ။

စတဲ့ အချက်တွေ ဖြစ်လာပီဆိုရင် အဲဒီလူတစ်ယောက်ဟာ Netaholic ဖြစ်လာနိုင်မဲ့အလားအလာပါပဲ ။ နောက်ပိုင်းမှာ ဒီထက်ဆိုးဝါလာရင်တော့ အင်တာနက်သာပထမ ၊ အင်တာနက်သာ ဒုတိယ ဖြစ်လာပြီး အင်တာနက်မရှိရင် အသက်မရှင်ချင်တော့ဘူး အထိဖြစ်လာနိုင်ပါတယ် ။

Cyberwidows (ကွန်ပျူတာမုဆိုးမများ)

Cyberwidows သို့မဟုတ် Computer widows ဆိုတာကတော့ ကိုယ်ရဲ့ အိမ်ထောင်ဖက် (ယောကျာ်းဖြစ်ဖြစ် ၊ မိန်းမဖြစ်ဖြစ်) က Netaholic တစ်ယောက်ဖြစ်နေ ပီး NetGame တွေဆော့လိုက် ၊ နက်ထဲက Information တွေအငမ်းမရရှာဖွေလိုက် ၊အင်တာနက်ထဲက ကိုယ်နဲ့ မသိဖူး တဲ့ လူပေါင်းများစွာနဲ့ ချက်တင် တက် စကားပြောရင်း အချိန်တွေကုန် မိသားစု အတွက် ၊ ကိုယ့်သားသမီးတွေ အတွက် ဘာမှစိတ်မဝင်စားနိုင်တော့အတွက် အိမ်ထောင်ရဲ့ဒုက္ခ သုက္ခ တွေကို ရင်စီး ခံကြရရှာတဲ့ အိမ်ထောင်ရှင်များကို ခေါ် တာပါ ။ သိပ္ပံပညာရှင်တွေ ၊ စိတ်ပညာရှင်တွေရဲ့ ခန့်မှန်းချက်အရ အင်တာနက်စွဲလမ်းမှု ပြသနာဟာ နောက်အနာဂါတ်မှာ စိတ်ရောဂါတွေထဲမှာ နံပါတ် ၁ အနေအထား ဖြစ်လာနိုင်ပါတယ် ။ ဒါကြောင့်ဖွင့်ဖြိုးပီး နိုင်ငံ များမှာတော့ Netaholic နဲ့ Cyberwidows ပြသနာများကိုဖြေရှင်းနိုင်ဖို့ Online Cilinic တွေ ဖွင့်လှစ်လာကြပါတယ် ။အင်တာနက်နဲ့ပက်သက်ပီး စိတ်ရောဂါဖြစ်နေတဲ့လူတွေကို အွန်လိုင်းဒေါက်တာတွေနဲ့ပဲ ကုနိုင်မယ်ဆိုတဲ့ အတွေးခေါ်နဲ့ပါ ။ ကျွန်တော် တို့ ဆီမှာ ဒီပြသနာတွေ ထင်ထင်ရှားရှား လူသိမများသေးပေမဲ့ အင်တာနက်စွဲလမ်းသူ များလာတာနဲ့အမျှ ပက်သက်ဆက်နွှယ်ရာ ပတ်ဝန်းကျင်ကိုပါ ဒုက္ခတွေများလာနိုင်တာကြောင့် ညောင်သီးလည်းစား လေးသံလည်းနားထောင်ရင်း အင်တာနက်ကို အကျိုးရှိစွာ အသုံးချနိုင်ကြပါစေ …………..။

( ကိုရုပ်ဆိုး သီးကုံးသည်။)

7 comments

  • ဪ… ကျွန်တော့်ကိုများပြောနေသလား မှတ်ယူရတယ်။ နေရတာက ရပ်ဝေးမှာ၊ ကိုယ့်ဆီကို သတိရကြောင်းစာရေးမယ့်၊ ဖုန်းဆက်မယ့် မောင်နှမသားချင်းလဲမရှိ၊ သွားလာလည်ပါတ်ချင်စိတ်လဲမရှိတဲ့ ကျွန်တော်ကတော့ အလုပ်ကပြန်လာတာနဲ့ Uniform ကိုတောင် မချွတ်ရသေးခင် ကွန်ပျူတာကို အရင်ဖွင့်၊ ဖွင့်ရတာကြာမှာစိုးလို့ ပိတ်ကတည်းက Hibernate နဲ့ပိတ်ထားတော့ Password ရိုက်ပြီးတာနဲ့ အဆင်သင့်သုံးရုံပဲ ဖြစ်သွားတာပေါ့လေ။

    တော်ပါသေးရဲ့… ကိုယ့်ကို နေ့စဉ်သတိတရ စာရေးပေး၊ VZO ကနေ အမြဲ စကားပြောပေးတဲ့ ဂျစ်တူနဲ့ အမြဲဂရုတစိုက် စကားလိုက်ပြောပေးနေတဲ့ ညီမလေးတစ်ယောက်ကြောင့် ကွန်ပျူတာကိုဖွင့်လိုက်တာနဲ့ ကိုယ့်မိသားစုလေးကို ပြန်တွေ့လိုက်ရသလိုပဲ။ စွဲလမ်းမှု ပြသနာဆိုပေမယ့် တစ်ယောက်တည်းမနေတတ်တဲ့ လူ့သဘာဝကြောင့်ပဲ ကွန်ပျူတာ၊ အင်တာနက်ကို စွဲလမ်းသွားတယ်ထင်ပါရဲ့။

    ဒီ Post မှာရေးထားတဲ့ စာတွေအရဆို ဆရာဝန်ပြမှ ဖြစ်တော့မယ်ထင်ပါ့နော်… :'(

    Reply

  • Shwemannmay

    April 9, 2011 at 2:42 am

    cyberspinster လည်းရှိနိုင်တယ်

    Reply

  • bigcat

    April 9, 2011 at 6:02 am

    ၁၂၅ဗျို့…….

    Reply

  • နီလေး

    April 9, 2011 at 7:17 am

    ဘာတွေ ဘယ်လိုပြောရမှန်းတောင်မသိတော့ပါဘူး အလုပ်ပျက်ရုံလောက်ပါပဲ ၁ရက်နဲ့ပြီးမယ့်ဟာ နက်သုံးလိုက်တော့ ၂ရက်ပေါ့

    Reply

  • char too lan

    April 10, 2011 at 3:06 am

    ကျနော့်ရောဂါကတော့ ဒီဂေဇက်ကြောင့်ပဲ တစ်နေ့လုံး လုံးဝမသုံးပဲနေဆို နေလို့ရတယ်
    ရော့တစ်ချက်သုံးကြည့်ဆိုရင် ကိုယ့်အကောင့်မဖွင့်ရရင်နေပေ့စေ ဂေဇက်စာမျက်နှာကို ဖတ်ခနဲ တစ်ချက်လောက်ကြည့်လိုက်ရမှကိုး……….. 🙁

    Reply

    • bigcat

      April 10, 2011 at 3:13 am

      သဂျီးနဲ့ရော အတူမနေချင်ဘူးလား….

      Reply

      • char too lan

        April 10, 2011 at 6:05 am

        ကျန်းမာရေးက သိပ်လေတိုက်ခံလို့မရဘူးဗျ 🙂
        သတ်သတ်လွတ်ပဲ စားဒေါ့မယ်ဂျာ………. 🙂

        Reply

Leave a Reply

Your email address will not be published.