ဒီလိုဆိုရင် လေဒီဖစ်(စ်) ဖြစ်ရတာ မဟန်ဘူးကွယ်..

onlinezzApril 7, 20111min08

တစ်ခါက အမေရိကန် သတင်းစာဆရာ တစ်ဦးက အာဖဂန်နစ္စတန် အမျိုးသားကို မေးတယ်- ခင်ဗျားတို ့ဟာက အမျိုးသမီးတွေကို ယောကျာ်းတွေရဲ  ့နောက်က ၁ဝ လှမ်း အကွာမှာပဲ လိုက်စေတယ်။ တန်းတူယှဉ်ပြီး မလျှောက်ဘူးလို ့သိရပါတယ်။ ယခုတော့ တာလီဘန်အစိုးရ မဟုတ်တော့ဘူးဆိုတော့ အမျိုးသမီးကို ယောကျာ်းတွေက တန်းတူယှဉ်ပြီး လျှောက်နေကြပြီလားမေးတော့ အာဖဂန်နစ္စတန် လူရွယ်က ဖြေတယ်။

“တန်းတူမကပါဘူး။ အမျိုးသမီးကို ရှေ့က ဆယ်လှမ်းအကွာမှာ လျှောက်စေပါတယ်”

“ဪ … ကောင်းတာပေါ့နော် ။ ဘာကြောင့်လဲ”

“မပေါက်ကွဲရသေးတဲ့ စွန် ့ပစ်မိုင်းကွင်းတွေ မြေမြုပ်မိုင်းတွေက နေရာတကာမှာ ရှိနေကြသေးလို ့ပါတဲ့ ခင်ဗျာ”

8 comments

  • myuemyue

    April 7, 2011 at 6:29 am

    အယ်.. တော်တော်အားကိုးလောက်တဲ့ ယောက်ျားတွေပါလား.. း)

    Reply

  • etone

    April 7, 2011 at 7:39 am

    ယောကျာ်းအရင့်မာကြီးတွေက နွဲ့ နေတယ် … ။ အီးပေါလောကြီးတွေ ။ 😛

    Reply

  • moethidasoe

    April 7, 2011 at 8:21 am

    အဲဒါ အာဖဂန် သီးခြား “ပေါ်တာ” လို့ ပြောရင် ရမလား ..

    Reply

  • nature

    April 7, 2011 at 3:23 pm

    ဦးစားပေးပုံကမှတ်သားလောက်ပါပေတယ်။

    Reply

  • မမလေး

    April 7, 2011 at 3:50 pm

    မိန်းမတွေက သတ်တိရှိတယ်နော် … ကြောက်ချင်ယောင်ဆောင်နေတာ … အားနွဲ့လွန်းတယ်မထင်နဲ့ … ဟဲဟဲ 😛

    Reply

  • အာဖဂန်ယောက်ျားတွေ အောက်တန်းကျပုံ၊ အမျိုးသမီးတွေအပေါ် ရက်စက်ပုံကို သိချင်ရင် တလောကထွက်တဲ့စာအုပ် ““နေအသချေင်္လအနန ္တ”” ကိုဖတ်ကြည့်ပါ။ အဲဒါဖတ်ပြီးရင် အခုလို ခပ်ပေါ့ပေါ့ကွန်မင့်တွေပေးမှာ မဟုတ်တော့ဘူး။ ယောက်ျားတွေရဲ့ ယုတ်မာမှုကို ထဲထဲဝင်ဝင်သိသွားတော့ အမြင်လည်းပြောင်းသွားတာပေါ့။

    Reply

  • kai

    April 7, 2011 at 9:01 pm

    မြန်မာတွေကိုရော..မပြောချင်ဘူးလား..။
    လူချင်းတူတူ.. မိန်းမဖြစ်တဲ့အတွက်.. အထက်ပစ္စယံမတက်ရတာနဲ့..။
    ကျိုက်ထီးရိုးကျောက်တုံး မကိုင်ရတာနဲ့..။
    မိန်းမအောက်နိမ့်ရင်ပဲ.. ဘုန်းကံနိမ့်ရတာနဲ့.. ။

    ဘယ်လူအကောင်ထီးတွေက ..မိန်းမကတဆင့်မမွေးပဲ..လူဖြစ်လာသလည်းတော့မသိ..။ 🙂

    Reply

  • ဒီအကြောင်းနဲ့ပါတ်သက်လို့ ၂၀၀၁ ခုနှစ်၊ ပြင်ဦးလွင် စာပန်းအိမ်ဘော်ဒါမှာ Fresher Welcome လုပ်တုန်းက Debate လေးကို ပြန်သတိရမိပါတယ်။ ကိုခိုင်ပြောတဲ့ မိန်းမကတစ်ဆင့် မွေးဖွားလာတာ ဘုရားတောင်ပါသေးဆိုပြီး အမျိုးသမီးများသည် အမျိုးသားများထက် မြင့်မြတ်သည် ဆိုတဲ့ခေါင်းစဉ်နဲ့ Debate လုပ်တာလေးကို ပြန်တွေးမိသဗျား။

    ကြုံတုန်း ဖောက်သည် ချလိုက်ပါရစေ။ အဲဒီပွဲစဉ်တစ်လျှောက် မိန်းကလေးတွေက အသာစီးရလာလိုက်တာ ယောကျာ်းလေးတွေခမျာ ငါတို့တော့ ရှူံးပါပြီပေါ့လို့ တွေးနေမိတာပေါ့။ မိန်းကလေးတွေဘက်က နောက်ဆုံးအလှည့်ကျတာက Guide ဆရာမ ချောချောလေးပေါ့။ သူ့ကို နာမည်ရင်းထက် ပဲပဲ လို့ပဲလူသိများပါတယ်။ သူက တစ်ခွန်းပဲ နောက်ဆုံးပိတ်ပြောသွားတယ်။ မြင့်မြတ်လှပါတယ်ဆိုတဲ့ ဘုရားတောင် မိန်းမကနေ မွေးဖွားပေးလိုက်လို့ မြင့်မြတ်တဲ့လူသား၊ ကိုးကွယ်စရာ ဘုရား ဖြစ်ခဲ့ရတာမလားလို့ပြောသွားတော့ ကျွန်တော်အပါအဝင် အောက်က ထိုင်နားထောင်နေတဲ့ ကျောင်းသားတွေအကုန် အသံတွေ တိတ်ကုန်တာပေါ့။ နောက်ဆုံးပြောရမယ့် Guide ဆရာအလှည့်ကျတော့ သူက ဘာမှ ထွေထွေထူးထူးပြောမသွားဘဲနဲ့ ကျွန်တော်တို့ ယောကျာ်းလေးများ အနိုင်ရရှိသွားပါကြောင်း….

    သူပြောသွားတာက ရိုးရိုးလေးပါ..

    ဘယ်မိန်းကလေးကများ လေဥ ဥပြီး ကလေးမွေးဖူးပါလဲ? ဆိုတဲ့ မေးခွန်းလေးပါပဲ။

    ဇာတ်လမ်းရဲ့ နောက်ဆက်တွဲကို ပြောရမယ်ဆိုရင်တော့ အဲဒီ Guide ဆရာက ဟို Guide ဆရာမချောချောလေးကို ကြိုက်နေရာကနေ အဲဒီ ပဲပဲရဲ့ ခါးခါးသီးသီး ငြင်းဆိုမှုကို ခံလိုက်ရပါကြောင်း…..

    (ဘာအတွေးရယ်မှ မပါပါဘူး၊ သတိရမိတာလေးကို ပြန်ရေးပြတာပါ။ တစ်ကယ်တော့ ကျွန်တော်သည်လည်း ယောကျာ်းတစ်ယောက်သာဖြစ်တဲ့အတွက် ကိုယ်ချစ်တဲ့မိန်းမကိုတော့ တော်တော်လေး တန်ဖိုးထားပါကြောင်း ကြော်ငြာ ဝင်လိုက်ပါတယ် 😀 )

    Reply

Leave a Reply to တရားမျှတမှုကိုရှာဖွေရင်း ရှုံးနိမ့်နေသူတစ်ဦး။ Cancel Reply

Your email address will not be published.