ပြောချင်နေတာကြာပြီ(၁)

sniper2011April 7, 20111min07

မပြောမပြီးမတီးမမြည်တဲ့.ကျွန်တော်ကအညာသားပေါ့ဗျာ.မုံရွာမှာအထက်ချင်းတွင်းမြို့တွေကိုသွားဖို့ကရေကြောင်းလမ်း

တစ်ခုထဲဘဲအားကိုးရတာပေါ့။မိုးရာသီမှာအစိုးရသင်္ဘောတွေရှိလို့အဆင်ပြေပေမဲ့နွေမှာဆို

ရင်မလွယ်တော့ဘူးဗျ။ရှပ်ပြေးဆိုတဲ့လူစီးအမြန်ယာဉ်လေးတွေရဲ့နှိပ်စက်တာခံရတော့တာ

ပေါ့ဗျာ။ဒီလိုဗျ.မုံရွာမှာအဲဒီလိုရှပ်ပြေးအသင်းက(၃)သင်းရှိတယ်။အချင်းချင်းညှိပြီး(၁)ရက်မှာ(၁)စီးဘဲထွက်ပြီးလူတွေကို

မဆန့်မပြဲတင်။စီးချင်စီးမစီးချင်နေ၊ငါတို့(၁)စီးဘဲထွက်တာဆိုပြီး(၅)ယောက်ခန်းကိုလဲ

(၁၀)ယောက်လောက်ထည့်။သောင်းကျန်းတော့တာပေါ့။ခရီးသည်တွေကတော့အမြန်

ယာဉ်စီးပြီဆိုရင်စိတ်ကိုလျှော့ပြီး၊သည်းခံပြီးစီးရတော့တာပေါ့ဗျာ။တစ်ချို့လုပ်ငန်းရှင်လဲသည်းမခံနိုင်လို့ဆိုပြီး

သွားလာရေးလွယ်ကူအောင်ဆိုပြီးအမြန်ယာဉ်အသင်းထောင်ရောအဲဒီ(၃)သင်းကဝိုင်း

တိုက်ကြတာပေါ.။ဈေးတွေထက်ဝက်လျှော့၊(၁)ရက်(၃)စီးထွက်နဲ့၊အဲဒီအချိန်တော့ခရီး

သည်တွေစိတ်ချမ်းသာနေကြတာပေါ့။မကြာပါဘူး၊နောက်ထောင်တဲ့အသင်းလဲပြုတ်

ရောအရင်ထက်ခရီးသည်တွေကိုနှိပ်စက်ကြတာပေါ့ဗျာ.ဒီစာဖတ်ရတဲ့တစ်ခြားနယ်ကလုပ်ငန်းရှင်တွေလဲငွေ

ပိုရင်ဒီမှာရှပ်ပြေးယာဉ်အသင်းလာထောင်စေချင်တယ်။ကုသိုလ်လဲရ.ငွေလဲရပေါ့ဗျာ

ရွာသားတွေလဲဝိုင်းအကြံပေးကြပါဦး

ဒီမှာရှိတဲ့ရေယာဉ်ပိုင်ရှင်တွေလဲ(၁)ရက်(၂)စီးလောက်ထွက်ပြီးအမြတ်ကိူခွဲယူကြပါလို့

အဲဒီလိုဆိုရင်ရေယာဉ်ပိုင်ရှင်တွေလဲ(၁)လ(၁)ခေါက်အလှည့်ကျရာမှာ(၁)လ(၂)ခေါက်

အလှည့်ရ၊ခရီးသည်တွေလဲစိတ်ချမ်းသာ။ရေယာဉ်လုံခြုံရေးလဲစိတ်ချရ။

WIN&WIN ပေါ့ဗျာ။

သူကြီးရေပြောချင်တာလေးပြောရလို့ကျေးဇူးပါ

7 comments

  • weiwei

    April 7, 2011 at 6:39 am

    ဦးနာအောက်နဲ့ ဧရာဝတီသင်္ဘောကုမ္ပဏီကို သတိရသွားတယ် ….

    Reply

  • eros

    April 7, 2011 at 6:46 am

    ရှပ်ပြေးယာဉ် အုပ်ချုပ်ရေးအဖွဲ့ မရှိဘူးလားဗျ။ ရှိရင်တော့ အဲဒီလိုဖြစ်နေတယ်ဆို ရင် ယုတ္တိဆန်ဆန် စဉ်းစားမယ်ဆိုရင် အုပ်ချုပ်ရေးအဖွဲ့ကို ပေးကမ်းကျွေးမွေးထားလို့ပေါ့ဗျာ။အဲဒါမှ မဟုတ်ရင် ရှပ်ပြေးအုပ်ချုပ်ရေးက ကောင်းကောင်းအလုပ်မလုပ်လို့ပေါ့။ ဒါမှမဟုတ်ရင် သက်ဆိုင်ရာပြည်နယ်အမတ်၊ လွှတ်တော်ကို တင်ပြပေါ့ဗျာ။ သတင်းစာထဲက လူထုအော်သံကို ထည့်ဗျာ။

    မှတ်ချက်၊ ထိုသို့ အဆင်မပြေမှုများကို ကြားသိရသဖြင့် ရှပ်ပြေးယာဉ်စီးခရီးသွားများ အတွက် အထူးစိုးရိမ်မကင်း ဖြစ်မိကြောင်း eros မှ ပြောကြားသွားပါသည်။

    Reply

  • chindwinsayargyi

    April 7, 2011 at 8:53 am

    ဟုတ်တယ်ဗျို့.ကျွန်တော်လဲချင်းတွင်းသားဆိုတော့ပြောချင်နေတာကြာပြီ.sniperပြောလိုက်လို့.
    လုံးဝထောက်ခံပါတယ်.စက်လှေစီးရင်ကြောက်နေရတာ။စဉ်းစားရင်ကားနဲ့
    ဝက်တွေတင်သွားတာသွားမြင်မိတယ်။

    Reply

    • eros

      April 7, 2011 at 9:43 am

      မှတ်ချက်၊ ထိုသို့ အဆင်မပြေမှုများကို ထပ်လောင်းအတည်ပြုချက်အား ကြားသိရသဖြင့် ရှပ်ပြေးယာဉ်စီးခရီးသွားများ အတွက် ထပ်မံ၍ အထူးစိုးရိမ်မကင်း ဖြစ်မိကြောင်း eros မှ ပြောကြားသွားပါသည်။ 🙂 (ကုလသမဂ္ဂ နှင့် နိုင်ငံတကာ သံတမန်လေသံဖြင့် ဖတ်ရန်)

      Reply

  • juttue.gyi

    April 7, 2011 at 12:00 pm

    ကျတော်တို့မုံရွာက အဲဒီလောက်တောင်ဆိုးနေပလား အဲဒီလိုဆိုရင် ကျတော်လည်း ပြောချင်တယ် ဓာတ်ဆီဈေးက 1500 ဖြစ်လိုက် 1300 ဖြစ်လိုက်နဲ့ အဲဒါဘာဖြစ်လို့လဲ

    Reply

  • ဆူး

    April 7, 2011 at 2:02 pm

    ဦးနာအောက် ဧရာဝတီ သင်္ဘော ကိစ္စ နဲ့ တူနေတယ်နော်။
    လူထု အော်လံ မှာ ထည့်ကြည့်လိုက်လေ.. ဂျာနယ် လစ်တွေကို ရေးခိုင်း.. သတင်းဌာန တွေကို စာရေး.. အော်တာ များရင် သက်ဆိုင်ရာတွေ နားထဲ ရောက်သွားမယ် ထင်တာဘဲ။

    Reply

  • chindwinmgmg

    April 7, 2011 at 2:50 pm

    မောင်မောင်လဲချင်းတွင်းသားဘဲ.ဒီရှပ်ပြေးတွေကိုတော့သက်ဆိုင်ရာကိုဝိုင်းတင်
    ပြရမှာဘဲ.မုံရွာသား၊ချင်းတွင်းသားအားလုံးညီစေနော်။

    Reply

Leave a Reply to eros Cancel Reply

Your email address will not be published.