တရုတ်ပြည်က အမြီးနဲ့ ကလေး

ဆူးApril 5, 20111min08

ဟောင်ဟောင်လို့ အမည်ရတဲ့ ကလေးမလေး မှာ မွေးရာပါ အမြီးပါနေတာ တွေ့ရှိခဲ့ပါတယ်။ အဖေ ဖြစ်သူကတော့ မြင်မြင်ချင်းမှာ အလွန် ထိန်လန့် သွားခဲ့ပြီး ဒီအမြီးကို ဖြတ်ချင်ခဲ့ပါတယ်။ ဆရာဝန်ကြီးတွေက မွေးကင်းစ အရွယ်မှာ အားနည်းနေတဲ့ အတွက် ခွဲစိတ်ဖြတ်တောက်ဖို့ မပြုလုပ်သေးဖို့ တားမြစ်ကြပါတယ်။ ဒီလိုနဲ့ကလေး ရဲ့ အမြီး အနေအထားကို ကြည့်ရင်း တနေ့ တခြား သေးသွားပါစေလို့ ဆုတောင်းခဲ့ပေမဲ့ မသေးဘဲ တနေ့ တခြား တုတ်ခိုင် ကြီးမားတာ ၂ဆ ဖြစ်လာပြီး ၅လက်မ ရှည်လျားအထိရှိခဲ့ပါတယ်။ ကလေး ၄လ အရွယ်မှာ
ဆရာဝန်များက အောင်မြင်စွာ ခွဲစိတ်လိုက်ကြပါပြီ။

http://thailandtimes.asia/thailand-news/culture-story4/

8 comments

  • Gong Zhu

    April 5, 2011 at 6:08 pm

    အပေါ်ကပုံက ဘာလို့ ကာလာမပါတာလဲ … ဟိုဘက်မှာလည်း ဟာနုမာလေးဆိုပြီးတော့ အမြီးလေးပေါက်နေတယ် … အခုလည်း အမြီးလေးနဲ့ သူတို့က ဘာလို့ အမြီးပေါက်နေကြတာလဲ …

    Reply

  • kai

    April 5, 2011 at 7:04 pm

    လူဆိုတာ.. မျောက်ကဆင်းသက်လာတာမို ့.. လူတိုင်းမှာ အမြီးရှိပါတယ်..။ အနည်းဆုံးတော့ မြီးညှောင့်ရိုးငုတ်စိလေးရှိတယ်..။ အဲဒီမှာ ..မျိုးရိုးဗီဇ နည်းနည်း ပေါက်တပ်ကရဖြစ်သွားရင်.. ပြန်ပေါ်လာတတ်ပါတယ်..
    မယုံရင် ပြန်စမ်းကြည့်..။ 🙂

    Reply

  • နီလေး

    April 6, 2011 at 4:08 am

    သူကြီးကစမ်းပြီးလို့ ပြောနိုင်တာပေါ့နော် ဆူးရေယောင်ပြီးတော့ မစမ်းလိုက်ပါနဲ့နော်

    Reply

  • nature

    April 6, 2011 at 4:51 pm

    ဝက်ဘဝကလာတာလား ကျမ်းစူးတာလားမသိဘူး၊ သေခါနီးဝက်မြီးကိုစိတ်စွဲပြီးဥပါဒါန်ကြောင့်ဖြစ်လာတာနဲ့တူတယ်။

    Reply

  • ဆူး

    April 6, 2011 at 5:10 pm

    အကုသိုလ် အကျိုးပေးကြောင့် လူဖြစ်တာတောင် တိရိစာ္ဆန် ဟိတ်တွေ ပါလာပြီး အမြီးနဲ့ ဖြစ်နေပေမဲ့ ကုသိုလ် အကျိုးပေးကြောင့် ခွဲစိတ်ဖြတ်တောက်ပေးမဲ့ ဆရာဝန်ရှိနေပြန်တယ်။ အကုသိုလ် အကျိုးပေးကြောင့် လူဖြစ်တာ မကြာသေးဘူး ဓါးနဲ့ လှီးဖြတ် ခွဲစိတ်ခံရပြန်တယ်။ ကုသိုလ် အကျိုးပေးကြောင့် ခွဲစိတ်မှု အောင်မြင်သွားတယ်။

    Reply

    • kai

      April 6, 2011 at 6:00 pm

      အကုသိုလ်အကျိုးပေးကြောင့်.. အဲဒီကလေးဖင်ပြောင်ပုံ..မန္တလေးဂေဇက်မှာအတင်ခံရတယ်..။
      ကုသိုလ်အကျိုးပေးကြောင့် အကောင်းပြောတဲ့သူတွေပဲရှိခဲ့တယ်..။
      အကုသိုလ်အကျိုးပေးကြောင့်…
      ကုသိုလ်အကျိုးပေးကြောင့်…
      အကုသိုလ်အကျိုးပေးကြောင့်…
      ကုသိုလ်အကျိုးပေးကြောင့်…
      ..
      .
      …ရှေးဘဝကံကြောင့်..
      ….ဝဋ်ကြွေးခံရတာ..
      ….ပြုသူအသစ်..ဖြစ်သူအဟောင်း..။
      ….မာရဏဇောမှာစိတ်စွဲသွားလို့…။
      ကံကိုက ဆိုးပါတယ်..။
      ကံ..
      ရှေးဘဝကံ..။
      နောက်ဘဝခံ..ခံ.. 🙂

      Reply

  • ဆူး

    April 6, 2011 at 6:03 pm

    အကုသိုလ် အကျိုးပေးကြောင့် ဖင်ပြောင်တဲ့ပုံ အတင် ခံရတယ်
    ကုသိုလ် အကျိုးပေးကြောင့် မျက်နှာ မပါဘူး။

    Reply

    • bigcat

      April 7, 2011 at 2:14 am

      ကံကောင်းလို တခါမန်း ၁ဝရတယ်။
      ကံဆိုးလို့ သဂျီးအလှောင်ခံရတယ်။
      အတိတ်ကံကောင်းလို့ ရေးတတ် ဖတ်တတ် အင်တာနက်သုံးတတ်တယ်။
      ဝဋ်ကြွေးကြောင့် ဖုတ်လှိုက်ဖုတ်လှိုက် ကွန်နက်ရှင်နဲ့ ကြုံရတယ်။
      ကဲဘာပြောချင်လဲ…..

      Reply

Leave a Reply

Your email address will not be published.