တွေးမိတာလေးတွေပါ။

moonpoemApril 4, 20111min08

ကျွန်မ သိပ်မကြာခင် သင်္ကြန်ဆိုတော့ အိမ်ပြန်ရတော့မယ်လေ။ အိမ်ပြန်ဖို ့ အိမ်ပြန်လက်ဆောင်ကြိုစုဆောင်းရတာတွေ၊
သူငယ်ချင်းတွေ ဆွေမျိုးတွေကို ဘာပေးရင် ကောင်းမလဲဆိုပြီး လက်ဆောင် ကြိုဝယ်ရတာတွေနဲ ့ အလုပ်ရှူပ်နေရပေမယ့်
ကျွန်မသိပ်ပျော်နေပါတယ်။ ညအိပ်ရင်လည်း အင်း အိမ်ပြန်ရင် အားရှိအောင် အိပ်ထားဦးမယ် ပေါ့။ ရုံးရောက်ရင်လည်း
ဘာရယ်မသိတက်ကြွနေပြီးတော့ အလုပ်လုပ်ရတာ အင်နာဗွန်စီ မသောက်ရဘဲ လန်းဆန်းလို ့နေပါတယ်။
အရင်ကဆို မနက်မိုးလင်းရင် ရုံးမသွားချင်ဘူး ခွင့်ယူလိုက်တော့မယ်ဆိုပြီး တွေးမိတာအကြိမ်ကြိမ်။
ရုံးရောက်ပြန်တော့လည်း သာမန်ပါပဲ ပေါ့ပေါ့ပါးပါးလည်း မဟုတ် လေးလံထိုင်းမှိုင်းတာလည်း မဟုတ်ဘဲ
စိတ်ထဲမှာ နေ ့တိုင်း ဒီ သံသရာထဲမှာ လည်နေရတဲ့ လူသားတစ်ယောက်ဆိုုပြီး စိတ်ကုန်နေသလိုပါပဲ။
အခုကျွန်မလန်းဆန်းနေတော့ တွေးမိတာ ငါအခုလို ပျော်နေတာက ငါ့မှာ အိမ်ပြန်ရမယ် ဆိုတဲ့ မျှော်လင့်ချက်
ရှိနေလို ့ဖြစ်မယ်ဆိုပြီး စတွေးမိပါတယ်။ အဲ သင်္ကြန်ပြီးလို ့ရန်ကုန်ပြန်ရောက်တဲ့ အချိန်ရော အရင်လိုမျိုးပဲ
ပြန်ဖြစ်ဦးမှာလား။ ကျွန်မတစ်ခု သတိထားမိတာက ကျွန်မ အပါအဝင် တော်တော်များများသူငယ်ချင်းတွေဟာ
သူ တို ့အတွက် မျှော်လင့်ချက်၊ ရည်မှန်းချက် တစ်ခု ကို ဆုပ်ကိုင်ထားပြီး အဲဒီပန်းတိုင် မရောက်မချင်းသွားမယ်လို ့
ဆုံးဖြတ်တဲ့ အခါ အဲဒီလမ်းပေါ်မရောက်မချင်း လျှောက်ကြတဲ့နေ ့ရက်တွေတိုင်းဟာ မျှော်လင့်ချက် တွေနဲ့ဆိုတော့
တက်ကြွနေကြတယ်။ မျှော်လင့်ချက်မရှိ လို့ ဒါမှမဟုတ်ပျောက်ဆုံး လို့၊ ဒါမှမဟုတ် ရိုက်ချိုးခံရတဲ့အခါ နေ ့ရက်တိုင်းဟာ စိတ်ညစ်စရာတွေဖြစ်လာပါတယ်။ ဒါဆိုသေချာပြီ ကျွန်မနေ ့စဉ်ရုံးတက်နေတယ်မယ့် ဘာကြောင့်ငြီးငွေ ့နေရတာလဲဆိုတော့ ကျွန်မမှာထုူးထူးခြားခြားရည်မှန်းချက်မရှိလို ့ဖြစ်ရမယ်။ အဲလို တွေးမိတဲ့နေ့ကစလို ့ကျွန်မ ဘဝရဲ ့နေ ့ရက်တိုင်းမှာ ပျော်ရွှင်မှုတွေရလာအောင်ရည်မှန်းချက်တစ်ခု ထားလိုက်ပါတယ်။ သာမန်ဝန်ထမ်း အဆင့်က နေ ပုဂ္ဂလိကကုမ္ပဏီဆိုပေမယ့် ကြိုးစားရင်ကြိုးစားသလောက် ရာထူး၊ဝင်ငွေတွေ တိုးတက်ဖို ့ရှိတယ် မဟုတ်လား။ ဒါကြောင့် ကျွန်မကြိုးစားရမယ်လေ။အခုသာမန်ဝန်ထမ်းပေမယ့် နောင်အချိန်တွေကြာလာတဲ့အခါ Supervisor,Manager,Senior Tour Guideတွေဖြစ်လာနိုင်တာပဲလေ မဟုတ်လား။ အခု ကျွန်မသင်္ကြန်မတိုင်ခင် အိမ်ပြန်ဖို ့အတွက်ရော သင်္ကြန်အပြီး
ရုံးမှာ ကြိုးစားဖို ့အတွက်ရော တွေးမိတာလေးနဲ ့တင် တော်တော် စိတ်ချမ်းသာနေပါပြီ။ အားလုံးလည်း
နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ ့ကြိုးစားနိုင်ကြပါစေ လို ့ဆုတောင်း ပေးလိုက်ပါတယ်။

8 comments

  • eros

    April 4, 2011 at 5:30 am

    新年 あけまして おめでとうございます。 

    Reply

  • Shwe Tike Soe

    April 4, 2011 at 7:11 am

    ဟုတ်ပဗျာ ဟုတ်ပ ကျွန်တော်လဲ အဲလိုခံစားရတာပဲ
    ဒီလိုပါပဲ အလုပ်တွေက အသက်ရှင်နေသရွေ.လုပ်နေရအုံးမှာပဲနော်

    Reply

  • နီလေး

    April 4, 2011 at 7:20 am

    ဟုတ်ပါတယ် ခံစားချက်ချင်း တိုက်ဆိုင်လိုက်တာနော်

    Reply

  • search123

    April 4, 2011 at 9:03 am

    မျှော်လင့်ချက်တွေနဲ့ ရှင်သန်နေရတဲ့ လောကကြီးပါပဲ။

    Reply

  • etone

    April 4, 2011 at 9:53 am

    ထိထိ မိမိ လေး ရေး ပြနိုင်ခဲ့ပါတယ်နော် … ။ ဟုတ်တယ် … ယူရေး သလိုပါပဲ ။ မျှော်လင့်ချက်လေးနဲ့ အလုပ်လုပ်ရရင် လန်းဆန်း တတ်ကြွနေတာပါပဲ… etone လည်း ဒီလိုပဲ … မနက်တိုင်း ရုံးခွင့်ယူပြီး ပြန်အိပ်မလား စဉ်းစားတယ်… ရုံးရောက်တော့ လေးလံ ထိုင်းမှိုင်းနေပြန်တယ်… ဒီကြားထဲ urgent ဆိုတဲ့ အလုပ်တွေ ပေါ်လာလျှင် ဂေဇက်တောင် မဖတ်နိုင်တော့ပဲ လုပ်ပေးရတယ်… တနေ့တနေ့ နေဝင်နေထွက် ကုန်းကြုံးလုပ်နေရတာ … တခါတခါ စိတ်ပျက်မိတယ်… ။ တဘက်က ပြန်တွေးပြန်ရင်လည်း အလုပ်မရှိတဲ့လူက အလုပ်လိုချင်ကြတယ်… အလုပ်ရှိပြီးသား လူကလည်း ပေါ့ပျက်ပျက်တွေးတယ် ပေါ့လေ … ။ မဖြစ်မနေ ရပ်တည်ဖို့အတွက် အလုပ်အကိုင်တစ်ခု ရှိသင့်ပါလားဆိုတဲ့ အတွေးနဲ့ ကုန်းကြုံး ထရတာပါပဲလေ … ။ 🙁 🙁

    Reply

  • MaMa

    April 4, 2011 at 4:38 pm

    ဒါဟာ တိုးတက်ဖို့အတွက် အတွေးအခေါ်ကောင်းပါပဲ။

    Reply

  • dream

    April 4, 2011 at 6:29 pm

    မှန်လိုက်လေ အခုမှပဲ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်မိတော့တယ်
    နေ့တိုင်းလုပ်နေကျ အချိန်စာရင်းထဲမှာပဲ အသားကျနေလို့ ဒီဘဝကို ငြီးငွေ့နေတာ။
    ကိုယ်သာတကယ် အလုပ်ကြိုးစားရင် ဒီထက်ပိုတိုးတက်လာနိုင်တယ်ဆိုတဲ့အတွေး မရှိခဲ့ဘူး။

    Reply

  • Gong Zhu

    April 5, 2011 at 7:01 pm

    ခု သူငယ်ချင်းတစ်ယောက်ရဲ့ရုံးက ခွင့်ရက်ရှည်မပေးဘဲ … သင်္ကြန်ရက်ပဲခွင့်ပေးလို့ စိတ်ဆိုးနေတယ်လို့ပြောပါတယ် …

    Reply

Leave a Reply

Your email address will not be published.