ဂျပန်ကျွန်းကြီး..မူလနေရာမှအရှေဖက်၈ပေခန်ရွေ့

မတ်လ ၁၁ ရက်နေ့က ဂျပန်နိုင်ငံတွင် လှုပ်ခဲ့သော ကမ္ဘာ့ပဉ္စမ အားအပြင်းဆုံး ငလျင်ကြီးကြောင့် လူပေါင်းများစွာ အဆောက်အဦများစွာ သေကြေပျက်စီးခဲ့ကြရသလို ကမ္ဘာကြီး၏ ဝန်ရိုးသည် ၁ဝ လက်မ (၂၅ ဆင်တီမီတာ) ခန့် ရွေ့လျားသွားခဲ့ကြောင်း အီတလီနိုင်ငံ အမျိုးသားဘူမိရူပဗေဒနှင့် မီးတောင်ဗေဒဌာန၏ လေ့လာထုတ်ပြန်ချက်များ အရ သိရှိရသည်။

ထိုသို့ ကမ္ဘာ့ဝန်ရိုး ရွေ့လျားသွားမှုကြောင့် ပြောပလောက်သော အချိန်တာ ပြောင်းလဲသွားမည် မဟုတ်ဘဲ နေ့တာနှင့် ညတာကြား တစ်မိုက်ခရိုစက္ကန့် (1 μs) ခန့်သာ ပြောင်းလဲသွားမည် ဖြစ်ကြောင်း၊ တစ်မိုက်ခရိုစက္ကန့် ဆိုသည်မှာ တစ်စက္ကန့်၏ တစ်သန်းပုံ တစ်ပုံသာ ရှိရာ ထွေထွေထူးထူး မည်သို့မျှ မပြောင်းလဲသော အနေအထားဖြစ်၍ စိုးရိမ်ပူပန်ကြရန် မလိုကြောင်း ပညာရှင်များက ရှင်းလင်း ပြောဆိုကြသည်။

တိုကျိုမြို့၍ အရှေ့မြောက်ဘက် ၃၇၃ ကီလိုမီတာ (၂၃၃ မိုင်) အကွာ၊ ဆန်ဒိုင်းမြို့၏ အရှေ့ဘက် ၁၃ဝ ကီလိုမီတာ (၈၁ မိုင်) အကွာ နေရာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သော ငလျင်ကြီးကြောင့် ဂျပန်ကျွန်းသည် မူလနေရာမှ ၈ ပေခန့် အရှေ့ဘက်သို့ ရွေ့လျားသွားခဲ့ကြောင်း အမေရိကန် ဘူမိဗေဒ သုတေသနအဖွဲ့က ပြောကြားခဲ့သည်။

mmdailynews မှထပ်ဆင့်တင်ပြသည်။

One comment

  • phantom

    April 3, 2011 at 2:22 pm

    ဂျပန်ကတော့ တရုတ် ကျော်တက်တာခံလိုက်ရလို့ အမေရိကန်ကို ရေလမ်းကနေ အမီလိုက်နေပြီ 😛

    Reply

Leave a Reply

Your email address will not be published.