ဒီမိုကရေစီကိုမျက်ကွယ်ပြု၍ု အရင်းရှင်စနစ်ကိုပြန်လည်အသက်သွင်းနေသော United Media Group ရဲ့သူဌေးအောက်ဆွဲ ဝန်ထမ်းအချို့

kokoaungApril 2, 20111min04
ပြည်တွင်းထုတ်သတင်းဂျာနယ်များ

မြန်မာပိုစ့်ဂျာနယ်နဲ့မြန်မာပိုစ့်ဂလိုဘယ်ဆိုပြီး သတင်းဂျာနယ်နှစ်စောင်ဖြန့်ချီနေတဲ့ United Media Group ဆိုတဲ့ အဖွဲ့အစည်းရဲ့ ဆောင်ရွက်ချက်တွေကတော့ ဩချလောက်ပါတယ်။

ဒီမိုကရေစီစနစ် ကိုမျက်ကွယ်ပြုပြီး နှောင်းခေတ်အရင်းရှင်စနစ်ကို ပြန်လည်အသက်သွင်းဖို့လုပ်ဆောင်နေကြတဲ့ ” ဖော်လံဖား” တွေရဲ့ အကြံညဏ်နဲဉာဏ်နီဉာဏ်နက်ဉာဏ်ဝါ တွေကတော့…..

ယုတ်မာ လွန်းပါတယ်ဆိုတဲ့ကမ္ဘာကျော်လူဆိုးကြီးတွေတောင်လက်မှိုင်ချရလောက်ပါရဲ့ ဒီမိုကရေစီစနစ် အရ ဝန်ထမ်းတစ်ဦးဟာသူ့အပေါ်တစ်ဖက်သက်စွပ်စွဲချက်တွေကိုပြန်လည်ဖြေရှင်းခွင့်ရှိရမယ်ဆိုတာ အမြဲတမ်းမှန်ကန်တဲ့နိယာမတစ်ခုပါဘဲ။ ဒါပေမယ့် United Media Group သူဌေး ရဲ့အောက်ဆွဲ မမြတ်မွန်နဲ့ တစ်ချိန်က မြတ်ခိုင် ( လျှပ်တစ်ပြတ် ဂျာနယ် ) ရဲ့အောက်ဆွဲတော် ရုံးအဖွဲ့ဒါရိုက်တာ ဦးဝင်းကြည် ဆိုတဲ့ ပုဂ္ဂိုလ်တွေက ပူးပေါင်းပြီး မြန်မာနိုင်ငံမှာရှိတဲ့ စာပေစာနယ်ဇင်းအဖွဲ့ ၊ ပြန်ကြားရေဝန်ကြီးဌာန ၊ အလုပ်သမားဝန်ကြီးဌာနတို့ကို ဂရုမစိုက်ဘဲ စာပေ အလုပ်လုပ်ကိုင်နေတဲ့ ဂျာနယ်လစ်များ ၊ရုံးဝန်ထမ်းများကို သူဌေးစိတ်တိုင်းကြ အလုပ်ဖြုတ်ပစ်နေပါတယ်။ ဒီလိုအလုပ်ဖြုတ်ရာမှာ ယခင်က United Media Group ကထုတ်ဝေတဲ့ Star news Journal ဝန်ထမ်းများ ၊သတင်းထောက် နှင့်အယ်ဒီတာ အချို့လဲပါဝင်ခဲ့ပါတယ်…….အလုပ်သမားအချို့နဲ့ သတင်းထောက်များ အချို့ကတော့ သူတို့ချွေးသိပ် ခဲ့တဲ့လျော်ကြေးငွေနဲ့ ခြိမ်းခြောက် ခံခဲ့ရပါတယ်……………..ဒါကို မြန်မာနိုင်ငံရှိ အလုပ်သမားရေးရာနဲ့ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်ရှိစာပေစီစစ်ရေးနှင့်မှတ်ပုံတင်ဌာန

တို့ကမသိ၍ ဘဲလား…မသိချင်ယောင်ဆောင်တာလားတော့မသိပါဘူး…………မြန်မာနိုင်ငံကစာပေကိုမှီခို အသက်မွေးနေတဲ့ သူတွေအားလုံးကို နှိပ်ကွပ်နေတာကိုတမင် အားပေးအားမြောက်ပြုနေတာလား ဆိုတာကစဉ်းစားစရာပါဘဲ …။ ဒီနေရာမှာ အလျဉ်းသင့်လို့ပြောရရင် United Media Group ရဲ့ သူဌေး ဆိုသူဟာ United Home Center , Amata Resort Hotel လုပ်ငန်းတွေပါ လုပ်ကိုင်နေတဲ့သူဖြစ်ပါတယ် ……..စစ်ဗိုလ်ချုပ်ကြီးတွေဆီ နီးစပ်ဘို့ မီဒီယာလုပ်ငန်းနဲ့ ထိုးဖောက်ဝင်ရောက်ဖို့ကြိုးစားခဲ့သူလည်းဖြစ်ပါတယ် ။ အခုတော့ ဝင်းအောင်ဆိုတဲ့ သူဌေးရဲ့ အလိုတော် ကျ တစ်ချိန်ကမြတ်ခိုင်အောက်ဆွဲ ဝင်းကြည်ဆိုတဲ့သူနဲ့ မမြတ်မွန်ဆိုတဲ့ မိန်းမကဇော်လံဖားမြောက်ပင့်ပြီး ကွယ်ရာမှာနေရာတစ်ခု ရရှိအောင် အခိုင်အမာ တည်ဆောက်ချင်တဲ့စိတ်တွေနဲ့ မီဒီယာသမားတွေအားလုံးကို စော်ကားနေပါပီ။

လက်ရှိမှာလည်း မြန်မာပိုစ့်ဂလိုဘယ် ဝန်ထမ်းအမျိုးသမီးတစ်ဦးကို ာကိုတင်ကြေငြာထုတ်ပြန်ထားခြင်းမရှိတဲ့ ဝန်ထမ်းစည်းကမ်းတွေနဲ့ စိတ်ညစ်အောင်လုပ်ပြီးစည်းကမ်းချိုးှဖျက်တယ်ဟုဆိုကာ ဖိအားပေးခဲ့တယ်လို့သိရပါတယ်….အဲဒီမိန်းကလေးက အခုတော့ အလုပ်မှာပျော်ရွင်မှုမရှိတော့ ဘဲ ဧပြီလ ၁ရက်မှာ အလုပ်ထွက်ခဲ့တယ်လို့ UMG ဝန်ထမ်းဦးကပြောခဲ့ပါတယ်………..” အရင်က ကိုအောင်အေးတို့ ဂျာနယ် ကတည်းက ဒီလို အလုပ်ခံခဲ့ရတာ…..အယ်ဒီတာ ကိုကျော်လွင် ၊ သတင်းထောက်ဟန်စိုးထိုက် ၊ ကွန်ပျုတာ ဒီဇိုင်နာတွေ က အလုပ်သမားရုံးမှာ တိုင်လို့ ရော်ကြေပေးခဲ့ရတယ်လေ ” ဟု ဂျာနယ်သတင်းထောက်တစ်ဦး ကလည်းပြောပြပါတယ် ။

“ဘာဘဲဖြစ်ဖြစ် ပေါ့ဗျာ ..မြန်မာနိုင်ငံမှာ အလုပ်သမားတွေကို ခန့်တုန်းကခန့်ပြီး..ဖြုတ်တော့လဲ ဘာမပြောညာမပြောနဲ့ဖြုတ်တာ ဥပဒေနဲ့ မညီဘူး……သက်ဆိုင်ရာဝန်ကြီးဌာနတွေ….ဆီတရားဝင်တိုင်ကြားသင့်တယ်…နောက်ဆုံး ILO လို အဖွဲ့အစည်း ၊ နိုင်ငံတကာသတင်းသမဂတွေကိုပါထိထိရောက်ရောက် အရေးယူဘို့ တိုင်ကြားသင့်တယ်”ဟု ပြည်တွင်းဂျာနယ်အယ်ဒီတာ တစ်ဦးကပြောပါတယ်။

လက်ရှိနိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ကတော့ ……စာနယ်ဇင်းသမားတွေကို အလေးပေးတန်ဘိုးထားတဲ့အကြောင်း ပြောကြားသွားပေမယ့်…..ရန်ကုန်မြို့မှာရှိတဲ့ စာပေအသိုင်းဝိုင်းကတော့  အစိုးရသစ်ကစာပေကိုချစ်မြတ်နိုးစွာအသက်မွေးဝမ်းကြောင်းပြုနေတဲ့ သူတွေကိုဘယ်လောက်ထိ…အကာအကွယ်ပေးမလဲဆိုတာစောင့်ကြည့်နေပါတယ်………….

ဂျာနယ်လစ်တစ်ဦး

4 comments

  • ayeyawaddy

    April 2, 2011 at 1:01 pm

    အလုပ်သမားဝန်ကြီးဌာနကတော့ဗျာ နာမည်ပဲ ရှိတယ်တစ်ကယ်၂ အရေးဆို. ဘာမှ မဟုတ်ဘူး မြန်မာနိုင်ငံမှာ 8 နာရီထက် ကျော်ပြီး အလုပ်လုပ်ရတည်း နေရာတွေ. အများကြီး Market ကကလေးတို. ဆို. ပို.ဆိုး နယ်ကလာတည်း ကလေးတွေ. ဘယ်လောက် ပင်းပန်းကြီးစွာ ဘဝကို ရုန်းကန်နေရလည်း သိစေချင်တယ် အဒါတွေ.ကို ဘယ်လို. ကာကွယ်ပေးမလည်း ဥပမာ စိန်ဂေဟာကို အလုပ်လာလုပ်တည်း ကလေး တစ်ယောက် အသက် 16 နှစ်ကျော်၂ မိန်းကလေး နယ်ကလာလည်း ဦးလေး အိမ်မှာနေတယ် စစ ဝင်ချင်း လစာက 35000 ဒါတောင် ဘွဲ.ရနော်
    တစ်နေ.ကို 10 နာရီလုပ်ကတယ် နားချိန် မရှိ ထမင်းစားချိန် 15မီနစ်ပဲ ပေးတယ် မထိုင်ရဘူး အခုလည်း သင်္ကြန် သူများ အလုပ်တွေ. 10 ရက်ပိတ်တယ် ဒီမှာက 4 ရက်ပိတ်ပြီး နားခွင်. မပေးတော့ဘူး ဘယ်လောက် မတရားလည်း ဗျာ ကျန်တည်း အလုပ်ရှင်တွေ.လည်း ရှိသေးတယ် Game city တို. ဘာတို. အများအားဖြင် .တရုတ်သူငှေးတွေ .များတယ်နော် ဒါတွေ.ကို ကာကွယ်ပေးဖို. လို.တယ် ..

    Reply

  • bigcat

    April 2, 2011 at 7:07 pm

    စပ်တပ်ဒေါက်တိုင် ကိုကို(စက်မှု)တို့်လို စာနယ်ဇင်းသမား အများစုနဲ့ဖွဲ့ထားတဲ့ စာနယ်ဇင်း ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ဆိုတာကို သွားကြပ်ကြည့်လိုက်ပါလား။ ဘာပြောမလဲလို့….

    Reply

  • phantom

    April 3, 2011 at 5:50 am

    ဒီလိုပါပဲ ကျွန်တော်တို့တွေ တစ်နေ့ကို အလုပ်ချိန် ၈ နာရီကျော်တာတို့ အိုဗာတိုင်တွေမရပဲ နားလည်မှုအရလုပ်ပေးနေရတာတို့ ရတဲ့လစာထက် ဖြတ်တဲ့ ဒဏ်ကြေးက များနေတာ ပြီးတော့ သင်္ကြန်ကို ပိတ်ရက် ၄ ရက်ပဲပေးပြီး ကျန်တဲ့ရက်တွေကို အလုပ်ဆင်း ( အိုဗာတိုင် ) မရတာတို့က ခုထိပါပဲ တိုင်လို့လဲမရဘူးလေ ဘယ်သူက အရေးလုပ်မှာလဲ မတော်လို့အလုပ်ပြုတ်သွားရင် တခြားအလုပ်တစ်ခုရှာရတဲ့ ဒုက္ခတစ်ခုက ပိုလာဦးမယ် ရရင်လဲ နောက်ဒီလိုမဖြစ်ပါဘူးလို့ ဘယ်သူ အာမခံပေးမလဲ

    Reply

  • OQ23

    April 3, 2011 at 2:52 pm

    မှန်တယ်လို့ဆိုရမှာပါပဲ
    အများအားဖြင့်တော့ထင်တိုင်းကြဲနေတာပါပဲ
    moneyရှိသောလူအများစုကကိုယ်ချင်းမစာတတ်ဖူး
    အလုပ်ချိန်လျှော့၊moneyပိုပေးရင်စိတ်ညစ်စရာအ
    ကြောင်းမရှိ။တစ်ဦးကစေတနာ၊တစ်ဦးကမေတ္တာ
    ပေါ့။ဒါမှတိုးတက်မှာပေါ့။

    Reply

Leave a Reply

Your email address will not be published.