April Fool Day တွင် အရူးထခြင်း

moonpoemApril 1, 20111min07

သူကြီးသည် မန ္တလေးဂေဇက်သတင်း အသင်းဝင်များကို ဒေါ်လာ၈၀ဝတန် ဖိတ်စာများပို ့ကာ အကြောင်းကြားလိုက်သည်။ အသင်းဝင်တို့ သည်လည်း ပျော်ရွှင်စွာဖြင့် ကိုယ်ပိုင်လေယာဉ်ငယ်၊
ဟတ်စကီးများစီးကာ ဖိတ်ကြားထားရာ ဆန်ဒိုးနားဟိုတယ်သို့ သွားကြလေသည်။
လူစုံသောအခါ သူကြီးက ယခုလာမည့်သင်္ကြန်တွင် အသင်းဝင်များအားလုံးပျော်ပွဲရွှင်ပွဲအတွက်
ပွိုင့်ပြည့်သည် ဖြစ်စေ မပြည့်သည်ဖြစ်စေ တစ်ယောက်ကို ၁ဝသိန်းထုတ်ပေးမည်ဆိုသည့်အကြောင်း
ထို ့ပြင် အသင်းဝင်များထဲမှ ကံစမ်းမဲပေါက်သူ၃ယောက်ကို ရွေးချယ်ကာ ဟာဝါရီကျွန်းသို ့
လွှတ်မည် ဆိုသည့်အကြောင်းများ ဖြစ်လေသည်။ အသင်းဝင်တို ့သည် ထုံးစံအတိုင်း
ဝမ်းနည်းကြေကွဲစွာဖြင့် အော်ဟစ်ခုန်ပေါက်ကြလေသည်။ ထို့ပြင် ကမာ္ဘအေးလမ်းမပေါ်တွင်
မြန်မာ့ရိုးရာ သင်္ကြန်မဏ္လပ်ဆောက်ပြီး အသင်းဝင်သူများအနေဖြင့် ယောက်ျားလေးဖြစ်ပါက
တူရိယာတစ်ခု တီးခတ်ရန် မိန်းကလေးဖြစ်ပါက ယိမ်းကရန်နှင့် ယိမ်းသင်ပေးရန် တစ်ခို်င်လုံးရွှေ ဒေါ်အေးအေးမြင့်ကိုခေါ်ထားသည့်အကြောင်း စသော လိုအပ်သည်များကို မှာစားသွားပါသည်။ ထို့ကြောင့်နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ မနေ့ကစပြီး မြို့တော်ခန်းမရှေ့မှာ မြို ့တော်ဝန်မဏ္လပ်စတင်ဆောက်နေပါပြီ။ မန္တလေးဂေဇက်၏ အလှပြယာဉ်ကို မည်ကဲ့သို ့
ဒီဇိုင်းလုပ်ကြမလဲ၊ ကျွန်မတို ့ယိမ်းအဖွဲ ့နာမည်ကို ဘယ်လိုပေးကြမလဲ။ ဘယ်လိုသီချင်းတွေနဲ ့
ဘာတွေကကြဆိုကြမလဲ။ ဆုရအောင်တော့ပြိုင်မှဖြစ်မယ်။ ဘယ်နေရာမှာ ယိမ်းတိုက်ကြမလဲ။
ဆုရခဲ့ရင်တော့ နှစ်ဆန်းတစ်ရက်နေ့မှာ လှူကြမယ်နော်။

7 comments

  • bigcat

    April 1, 2011 at 4:46 am

    သူကဗျာ လမင်းဂျီး။

    Reply

  • Gong Zhu

    April 1, 2011 at 5:00 am

    သူများတွေကို အရူးလုပ်ရတယ်ဆိုတာ ဘယ်လိုလုပ်ရတာလဲ

    Reply

  • ယောလေး

    April 1, 2011 at 5:14 am

    မဲက ဘယ်တော့ဖောက်မှာလဲ…….:P

    Reply

  • moonpoem

    April 1, 2011 at 5:49 am

    မဲဖောက်မှာက ၂၀၁၂ခုနှစ် ဖေဖော်ဝါရီလ ၃ဝရက်နေ ့ပါ။

    Reply

  • MaMa

    April 1, 2011 at 9:52 am

    ဒေါ်လာ၈၀ဝတန် ဖိတ်စာ အစား ဒေါ်လာ၈၀ဝနှင့် ဖိတ်စာများဆိုရင် ပိုကောင်းမယ်။ နောက်ပိုင်းအစီအစဉ်တွေ ထပ်မျှော်စရာမလိုတော့ဘူး။

    Reply

  • antimoe

    April 1, 2011 at 2:58 pm

    တလုံးခိုင်နှင့် ရွှေများယိမ်းအဖွဲ့
    သီချင်းကတော့…ငလျင်တွေကြောင့်ကွဲကုန်ပြီ..ဆူနာမီကြောင့်ရွှဲကုန်ပြီ..
    ဟောတော့
    အလှပြယာဉ်ဒီဇိုင်းကတော…သဂျီး..တာဝန်။
    ဝေဝေတော့..သွားမပြောနဲ့..သင်္ကြန်မရောက်သေးဘူး…အိမ်တွင်းပုန်းနေတာ…ထွက်ကိုမလာတော့ဘူး။

    Reply

  • nature

    April 1, 2011 at 3:07 pm

    ဒေါ်လာ၈၀ဝတန်ဖိတ်စာဆိုတော့ ဆုကငွေ ၁ဝသိန်း ကလဲ ဒေါ်လာနဲ့ပေးမှာပေါ့နော်။ ၂၀၁၂ ဖေဖော်ဝါရီ၃ဝရက် ဗုဒဟူးတေး နေ့ကျရင် လာခဲ့မယ်၊ အချိန်လည်းပြောဦး။

    Reply

Leave a Reply

Your email address will not be published.