လယ်မြေ

ဆူးMarch 31, 20111min04

ယခင်က နေပြည်တော် မတည်ခင်က ထိုမြေနေရာများ ၁သိန်းဝန်းကျင် ၂သိန်း အလွန်ဆုံး ၃သိန်းပေါ့.. ယခုတော့ စီမံကိန်းတွေ ရှိလာတဲ့ အတွက် နေရာပေါ်မူတည်ပြီး ၃ဝ ကနေ ၁၀၀ဝ လောက် ပေါက်တယ်လို့ ပြောတယ်။
တချို့ဆို အလျင်အမြန် မြေတွေ ဝယ်ပြီး ရင်းနှီးမြုပ်နှံမှုတွေ လုပ်နေကြတယ်။ စီးပွားရေး လုပ်ငန်းရှင်တွေ အတွက် အကွက်အကွင်းကျရင် သိန်းပေါင်းများစွာ ရနိုင်ရန် မျှော် လင့်လျက်…………….

4 comments

  • bigcat

    April 1, 2011 at 3:04 am

    ပြောရတောခက်တယ်ဗျ။ ၁၉၈၉လောက်မှာ အခုဒဂုံမြို့သစ်၊ လှိုင်သာယာ၊ ဝေဘာဂီတို့က လယ်မြေတွေလေ။ အဲဒါတွေကို အတင်းသိမ်းပြီး လုပ်တော့လည်း ဆယ်နှစ်လောက်ကြာတော့ ဖြစ်သွားတာပဲ။ သူတည်းတယောက်ကောင်းဖို့ရောက်မူ (ကျန်တာမေ့သွားပြီ) ကဗျာထဲကလိုပေါ့ဗျာ။ ကြည့်ရအုံးမှာပဲ၊ ဒီကောင်တွေ အာဏာသိမ်းခါစကလို ဘုန်းတန်ခိုးထွားနေအုံးမှာလားဆိုတာ နောင်ဖြစ်မဲ့ မြေဈေးတွေက ပြပါလိမ့်မယ်။ စွယ်တော်တရုတ်ပြည်က ပထမအကြိမ်ကြွလာတုန်းက လူတွေကြိတ်ကြိတ်တိုး၊ ၂၄နာရီလုံးလုံး နေ့ညမပြတ် လားဖူးသူတွေနဲ့ အမြဲပြည့်နေတယ်။ ဒုတိယအကြိမ်ကြွတော့ လူမစည်တော့တဲ့အပြင် တွင်း၂ဗိုလ်တင်ဦးလာခါနီး ဗုံးတောင်ကွဲသေးတယ် မဟုတ်လား။ ပိုက်ပိုက်ပေါရင်တော့ ဝယ်ထားပေါ့ဗျာ။

    Reply

  • Gong Zhu

    April 1, 2011 at 6:04 am

    ဒဂုံမြို့က သိမ်းတုန်းကဆို သမီးတို့ရဲ့ ဘေးက မြေကွက်ကစပြီးမပါဘူး … သမီးတို့မြေကွက်က ကနောက်ဆုံးပိတ်အိတ်နဲ့လွယ်သွားတာ … ဟိုတစ်လောက ၅ သိန်းပေးရင် ပြန်ထုတ်ပေးတယ်လေ …

    Reply

  • antimoe

    April 1, 2011 at 12:34 pm

    >>နေပြည်တော် အတွင်း မြို့နယ်များ ဖြစ်ကြသော ဇမ္ဗူသီရိ၊ ဒက္ခိဏ သီရိ၊ ဥတ္တရသီရိ၊ ပုပ္ဗသီရိ၊ ဇေယျာ သီရိမြို့နယ်များ အတွင်း မြေကွက်အသစ်များ ထပ်မံဖော်ထုတ်လျက်ရှိရာ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ သပြေကုန်းဈေးနှင့် ကျောက်မျက်ပြတိုက်အနီး ဟိုတယ်ဇုန် နောက်ကျောတွင် ဖော်ထုတ်လျက်ရှိသော ပေ ၁၀ဝ ပတ်လည်မြေကွက်များမှာ သွင်းဈေးသိန်း ၃၀၀ဝ မှ ၂၅၀၀၊ ၂၀၀ဝ အကြားရှိ ပြီး ရွှေကြာပင် ရပ်ကွက် နန်းဦးဘုရား အနီး စည်ပင်ဧည့်ရိပ်သာရှေ့တွင် ဖော်ထုတ်နေသော မြေကွက်အကျယ် အဝန်း ပေ ၁၀ဝ ပတ်လည်နှင့် ပေ ၈ဝ ပတ်လည် မြေကွက်များမှာ နေရာပေါ်မူတည်ပြီး သွင်းဈေးသိန်း ၃၀၀၀၊ ၂၅၀၀၊ ၂၀၀ဝ ထိရှိကာ နေပြည်တော် ပျဉ်းမနားမြို့နယ် ရာဇဌာနီလမ်းမကြီးဘေး မြင့်မိုရ်နန်း နောက်ကျောတွင် ချပေးထားသော ပေ ၈၀_၆ဝ မြေ ကွက်များမှာ သွင်းဈေးအတွင်း အကွက် သိန်း ၆၀၀၊ အပြင်အကွက် သိန်း ၇၀ဝ နှင့် ထောင့်အကွက်များမှ သွင်းဈေးသိန်း ၇၀ဝ ရှိကြောင်း သိရှိရပါသည်။
    http://news-eleven.com/index.php?option=com_content&view=article&id=7826:2011-03-30-09-59-50&catid=45:2009-11-10-07-45-41&Itemid=113
    ဒဂုံဆိပ်ကမ်းဖက်မှာ..ရွှေတစ်ကျပ်သား၂၀၀၀ဝကျပ်ခေတ်က..
    သိန်း၂ဝပေးဝယ်ထားတဲ့..မြေက..အခုလည်းဒီဈေးပဲလို့ကြားဖူးပါတယ်။
    တန်ဘိုးဆိုတာ…ဝယ်သူလက်ထဲမှာ..မရှိပါဘူး။

    Reply

  • ဆူး

    April 1, 2011 at 12:53 pm

    ဘာပဲ ပြောပြော အဲဒီ အရပ်က လူတွေက တော့ သဘောကျနေတယ်။ သူတို့ လယ်စိုက်ပြီး ကားတောင် မမြင်ဘူးတဲ့ နေရာကနေပြီး မြို့ကြီး ဖြစ်ပြီး မြေတန်ဖိုးတွေ တက်လာလို့.. ဒီမင်းတောင် ကျေးဇူးတင်တယ်တဲ့.. တခြားတော့ မသိဘူး ကျတော်တို့ တောသားတွေ ပင်ပင်ပန်းပန်း ဘယ်လောက် ရှာရှာ ဒီလောက် ပိုက်ဆံ ဘယ်တော့မှ ရမှာ မဟုတ်တာ အခု ရနေလို့ ဝမ်းသာတယ်တဲ့.. ဒါနဲ့.. အသိမ်းခံရတဲ့ လယ်မြေတွေ ယာမြေတွေ ရှိလားဆိုတော့..ရှိတယ်တဲ့ လယ်မြေဆို ၃သိန်း ရတယ် ယာမြေဆို ၁သိန်း ရတယ်တဲ့။ အခုတော့ ပိုက်ဆံထုတ်ပိုက်ပြီး ဘာလုပ်ရမှန်း မသိဘူး။ ပိုက်ဆံ ဘယ်နား သုံးရမှန်း မသိဖြစ်နေတယ်။ ဟီးဟီး

    Reply

Leave a Reply

Your email address will not be published.