ဘဝ

အခုတလော ကျန်းမာရေးသိပ်မကောင်းလို့ ဆေးခန်းကို သွားပြရတယ်။….
ဒီရက်ပိုင်းတွေ ခေါင်းကလဲ သိပ်မကြည်၊ အစာစားပြီးရင်လဲ ခေါင်းကမူး၊ နှလုံးခုန်နှုန်းတွေက လဲ မြန်နေလို့ နေထိုင်မကောင်းတာနဲ့ ဆေးခန်းကို သွားလိုက်ရတာပါ။
စိတ်ပျက်ဖို့ ကောင်းတယ်ဗျာ……
အသက်က လူ့သက်တန်း တစ်ဝတ်တောင် မရောက်သေးဘူး။ ဆေး ကူ နေရပြီ။
ဆေးသောက်နေရတာ တော့ ၉ လလောက်ရှိပါပြီ။ ဒီနေ့ နောက်တစ်ဆင့် တက်သွားတယ်၊ ဆေးနောက်တစ်မျိုး တိုးပေးတယ်လေ။ ဆေးတွေ အမြဲ သောက်နေရတယ်။ ဆေးသောက်မပျင်းပေမယ့် ၉ လ ကို ဆေးတစ်မျိုးထပ်တိုးမယ်ဆိုရင် အသက်ဘယ်လောက်ဆက်နေရမလဲ……..
ကျန်းမာနေသေးသူများ အမြဲ ကျန်းမာ နေအောင် အားကစား လိုက်စားကြပါ။ ကျန်းမာရေး ကို အမြဲဂရုစိုက်ကြပါလို့ အကြံပေးလိုက်ပါတယ်။
တကယ် မကျန်းမာတဲ့ အချိန်ရောက်မှ ပြန်ကျန်းမာချင်လို့ မရတော့ဘူး။ အစားအသောက်လဲ ဆင်ခြင်ကြပါ။ ကျန်းမာနေတုန်းလေး တသက်လုံးကျန်းမာအောင် အမြဲ ကျန်းမာရေးကို ဂရုစိုက်ကြပါနော်။ ကျနော်လို ဆေးကူ နေရတော့ မှ ပြန်ကျန်းမာ ချင်လို့ မရနိုင်ဘူးလေ။
ဒါကြောင့်မို့ ကျန်းမာရေးကို အထူးဂရုစိတ်ကြပါ လို့ ထပ်ခါထပ်ခါ ပြောချင်ပါတယ်။
အဖေက လဲ သွေးတိုး၊ အမေကလဲ သွေးတိုး ရော ဆီးချိုရော ဆိုတော့ ဆရာဝန်က အမွေတွေ အများကြီးရထားတာပေါ့ ဆိုပြီး နောက်လိုက်သေးတယ်။
ဘယ်တက်နိုင်မလဲ ကံပေါ့။….
ကျနော် ယုံကြည်ထားတဲ့ “ကံဆိုတာ လူ လုပ်သမျှ” ဆိုတာ ဖြစ်နိုင်ပါသေးလား…….
ကံဆိုတာ လုပ်လို့ ရတဲ့ ကံ လဲ ရှိနေဦးမှာ ပါ။ ဒါပေမယ့် လုပ်လို့ မရတာ တွေလဲ ရှိနေသေးတယ်ဆိုတာ အခုမှ သေချာ သဘောပေါက်သွားတယ်။
အားလုံးကျန်းမာကြပါစေ …..

8 comments

  • ဆူး

    August 26, 2011 at 10:32 pm

    သွေးတိုး နဲ့ ပတ်သတ်ပြီး အမွေရတယ် ဆိုရင်တော့ ရိပ်သာသွားပြီး တရားစခန်းဝင်ကြည့်လိုက် သွေးတိုးနဲ့ ဆီးချို အတွက်တော့ သိသိသာသာ ပိုကောင်းလာလိမ့်မယ်။
    စိတ်ဖိစီးမှု အပိုင်းတွေ သက်သာပျောက်ကင်းပြီး ရောဂါတွေ လျော့ပါး သက်သာ ပျောက်ကင်းလာပါလိမ့်မယ်။

    Reply

  • unclegyi1974

    August 26, 2011 at 11:19 pm

    သွေးတိုးဆီးချိုကအင်္ဂလိပ်ဆေးနည်းနဲ့ဘယ်တော့မှမပျောက်
    ထိမ်းထားသည်သာရှိပါမယ်
    ကျန်းမာရေးအတွက်အမြဲအားကစားတခုခုလုပ်ဖို့တို်က်တွန်းပါတယ်
    အပြင်စာများကိုတတ်နိုင်သမျှရှောင်တာအကောင်းဆုံးပါ
    ရွှေမင်းသားလေးဆိုတော့အဆီအဆမ့်တွေအစားများတယ်နဲ့တူတယ်
    ဆူးပြောသလိုတရားထိုင်ကြည့်တာမမှားတဲ့ဆေးနည်းတခုလို့မြင်ကြောင်း

    Reply

  • မီးမီး သော်

    August 27, 2011 at 12:01 am

    ရွှေမင်းသားရေ တရားစခန်းဝင်တာတော့ ဟုတ်ပါပီ။နောက်များ လူကြားသူကြားမူးမေ့လဲနေရင်သီလ ယူပရိသတ်ကို အလုပ်သွားပေးသလိုဖြစ်နေမှနော်။ဟိ ဟိ ။စတာပါနော့။အစားအစာဆင်ခြင်ပါ. ဒါမှကျန်းမာမှာ

    Reply

    • ဆူး

      August 27, 2011 at 9:18 pm

      လူကြားသူကြား သီလယူနေတဲ့ ပရိတ်သတ်ကြားထဲ မူးမေ့လဲနိုင်တဲ့ အနေအထားမျိုးဆိုရင် သူလည်း ဒီမှာ စာရိုက်ပြီး ပိုစ်မတင်ဘူး ကုတင်မှာ ဇိမ်လေးနဲ့ အိပ်နေမှာပေါ့
      ခလေးမရေ.. စဉ်းစားတာ တဖက်စွန်းရောက်နေပြီ။

      Reply

  • တညင်သား

    August 27, 2011 at 12:09 am

    ဒါကြောင့် ရွှေမင်းသားလေးပြောက်နေတာကိုး ..အခုလို သတိပေးတာ ကျေးဇူးတင်ပါတယ်… ရွှေမင်းသားလဲ မြန်မြန်ကျန်းမာပါစေ …

    Reply

  • naywoonni

    August 27, 2011 at 9:38 pm

    ရွှေမင်းသားလေးရေ…။ သက်တမ်းထက်ဝက်ဆိုတာ ဘာနဲ့ တိုင်းတာလဲဗျ…။ ဇာတာသက်တမ်းလား..။ ဟီးးးးးးနောက်တာနော်..။ မြန်မြန်ကျန်းမာလာပါစေဗျာ………..

    Reply

  • windtalker

    August 27, 2011 at 9:46 pm


    ကျုပ်တို ့ရွှေမင်းသားလေး တစ်ယောက်
    သွေးတွေ တိုးနေရှာတယ် ကြားတော့
    ဘာရယ်ညာရယ် မဟုတ်
    သူ ့အိမ်က
    ရွှေမင်းသမီးကြီး ကြောင့်များလား လို ့
    တွေးပူမိပြန်ရော
    ဟီဟိ

    Reply

  • MaMa

    August 27, 2011 at 10:18 pm

    အော်—— ရွှေမင်းသား ထွေခင်း မကစားနိုင်တော့ဘူးပေ့ါ နော်။
    (ဘာရယ်မဟုတ်၊ စိတ်လက်ပေါ့ပါး ကျန်းမာသွားစေရန် ရည်ရွယ်ပါသည်။)
    🙂

    Reply

Leave a Reply to ဆူး Cancel Reply

Your email address will not be published.