WordPress Locally

zoxnetApril 28, 20101min01
images

မနေ့က ကျွန်တော်နဲ့ ကျွန်တော်တို့ ဝိုင်းတော်သား မောင်ဥဂ္ဂါ တို့ တွေ့ဖြစ်ပါတယ်။ ကျွန်တော်တို့ နှစ်ယောက်တွေ့တိုင်း များသောအားဖြင့် MMG ဖိုရမ်အကြောင်း ဆွေးနွေးဖြစ်ကြပါတယ်။ မောင်ဥဂ္ဂါကတော့ သူတို့ရဲ့ လူမှုဖွံ့ဖြိုးရေး လုပ်ငန်းတွေ အကြောင်း မမောနိုင်၊ မပန်းနိုင် ပြောသလို ကျွန်တော်ကလည်း ကျွန်တော်နှစ်သက်တဲ့ WordPress အကြောင်းနဲ့ ကျွန်တော်ဝါသနာပါတဲ့ WordPress theme ကလိပုံတွေ အကြောင်းကို ရေနွေးကြမ်း သောက်သောက်ပြီး ပြောပါတယ်။ (မောလို့ပါ)။ အဲဒီလို ပြောကြရင်း သူ့စကားတွေဘက် ကျွန်တော် ပါသွားလိုက်၊ ကျွန်တော့် စကားဘက် သူပါလာလိုက်နဲ့ နောက်ဆုံး WordPress theme တွေ အကြောင်းမှာ ကျွန်တော်တို့ ၂ ယောက် ခြေချင်းလိမ် နေကြပါတယ်။ အဲဒီအခါမှာ မောင်ဥဂ္ဂါ က ကျွန်တော့်ကို Theme တွေ ပြောင်းတဲ့ အခါမှာ အခက်အခဲ တစ်ခုမဟုတ် တစ်ခု တွေ့ရလေ့ ရှိတတ်ကြောင်း၊ အွန်လို်င်းမှာ WordPress Theme (template) တွေကို တက်ပြင်တဲ့ အခါမှာ အခန့်မသင့်ရင် မိမိဆိုဒ်ကို ထိခိုက်ကြောင်း၊ အဲဒီ့အတွက် အွန်လိုင်းပေါ်မှာ မဟုတ်ပဲ အော့ဖ်လိုင်းမှာပဲ ပြင်ဆင်မှုတွေ လုပ်မယ်ဆိုရင် အဆင်ပြေမယ် ဖြစ်ကြောင်း ပြောပါတယ်။ တဆက်တည်း သူက အဲဒီလို အော့ဖ်လို်င်း ပြင်ဆင်မှု ပြုလုပ်နို်င်ကြောင်းကို သူဆိုဒ်တစ်ခုမှာ တွေ့ဖူးကြောင်း အသိပေးပါတယ်။ ဒါနဲ့ ကျွန်တော်လည်း သူပြောပြချက်ကို အတော်လေး စိတ်ဝင်စားသွားပါတယ်။ ဘယ်မှာ ရှိနိုင်မလဲ စဉ်းစားမလို့လုပ်တုန်း မှာပဲ mmwordpress ကို သွားသတိရပါတယ်။ အဲဒါနဲ့ အွန်လိုင်းပေါ်တက် ကွန်ယက်ပေါ် မျက်စိကစားရင်း ကိုသင်္ကြန်နဲ့ ကျွန်တော်ရဲ့ ဘလော့ဂါတွေ စုဝေးထားတဲ့ Gtalk မှာ သွားတွေ့ပါတယ်။ ရေငတ်နေတဲ့ ကျွန်တော့်ကို ကိုသင်္ကြန်က ရေတို်က်သွားပါတယ်။ သူဖန်တီးထားတဲ့ mmwordpress မှာ WordPress Locally အသုံးပြုနည်းကို ကျွန်တော် ဖတ်လိုက်ရပါတယ်။ သူပြောသလို ” အင်တာနက် မရှိတဲ့ အချိန်၊ ချို့ယွင်းမှုဖြစ်နေတဲ့ အချိန် ဒါမှမဟုတ် အင်တာနက်မရှိတဲ့ နေရာရောက် နေလို့ဆိုပြီး ကိုယ့်ဘလော့ဂ်ကို ဘာမှမလုပ်နိုင်ပဲ ပစ်ထားရတဲ့ အခြေအနေမျိုးကလည်း ရှောင်ရှားနိုင်ပြီး အင်တာနက်ရတာနဲ့တပြိုင်နက် မိမိရဲ့ Update တွေကို ချက်ချင်းလက်ငင်း အသုံးပြုစေ” နိုင်ဖို့ ဒီလင့်က် လေးမှာ သွားရောက် ဖတ်ရှု အသုံးချနိုင်ပါတယ်။ အားလုံးပဲ WordPress သုံးရာမှာ လွယ်ကူမှုတွေ ရရှိနိုင်ပါစေ။

One comment

  • susunosuki

    April 28, 2010 at 6:16 am

    ကောင်းလိုက်တဲ့ အကြံဗျာ
    ကျေးဇူး

    Reply

Leave a Reply

Your email address will not be published.