မေတ္တာဦး

manawphyulayMarch 27, 20111min02

တို့တွေ မနက်ဖြန်
မခံနိုင်လွမ်း မတွေ့ကြနဲ့
ဝေးကြရတဲ့ရက်ပေါင်းတွေထဲ
အလွမ်းတွေကို သီဖွဲ့အလီလီ
နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူး
တစ်မျိုးတိုးလို့ အချစ်တွေထူး
ဘယ်မြို့ဘယ်ဝယ် ရောက်နေသိမသိ
အိမ်မက်ထဲက သခင်တစ်ယောက်
ရည်ရွယ်မျှော်ကာ မှန်းဆကာလွမ်း
သတိရကာ တမ်းတနေလဲ
အကြောင်းမထူးတာဖြင့်
အတာတန်ခူးကို ရောက်ရှိခဲ့ပြန်ပေါ့
ကံကြမ္မာ ယိုးမယ်ဖွဲ့ရရင်ဖြင့်
ဆုံနိုင်ဖို့ အခွင့်ရှိရင်ကွဲ့
ကံဇာတ်ဆရာရယ်
ဒီတန်ခူး နှစ်ကူးမှာ အလှည့်ပေးလှည့်ပါဦး….

2 comments

  • မိုက်ကယ်ဂျော်နီအောင်ပု

    March 28, 2011 at 9:18 am

    ကျောင်းဆရာဆိုင်က အရက်ကြွေး နည်းနည်းပါးပါးကို ပေးဆပ်သော်
    မနောအလိုတိုင်းဖြစ်စေသော်…..
    လမ်းစရိတ်လေးတော့ ပို ့ပေးနော်..

    Reply

  • manawphyulay

    March 28, 2011 at 11:24 am

    ဒီမှာတောင် အကြွေးတွေ ဝိုင်းနေတာ လှူဖို့အတွက်တောင် ဘယ်လိုရှာရမလဲမသိတာ မပေးနိုင်ပါဘူးနော်….. လာချင်လာ မလာချင်နေ… 😛

    Reply

Leave a Reply

Your email address will not be published.