ချစ်သူ့ သဘောထား။ နှလုံးသားရေး ဦးတည်ချက် ( ၄ ) ရပ်………

BayoteApril 28, 20101min02

ချစ်သူ့ သဘောထား။

အသပြာအားကိုး အန်ကယ်ဘိုးဘိုး အောက်ပိုင်းမြင် ဝါဒီများအား ဆန့်ကျင်ကြ။

ရင်ခွင်တော် တည်ငြိမ်ရေးနှင့် အကြင်နာ တိုးတက်ရေးကို နှောင့်ယှက် ဖျက်ဆီးသူ ကြာကူလီများအား ဆန့်ကျင်ကြ။

တူနှစ်ကို၏ အတွင်းရေးကို ဝင်ရောက် စွတ်ဖက်သော မိဘ ဆွေမျိုးများအား ဆန့်ကျင်ကြ။

ဆိုင်တွင်း ဆိုင်ပြင် အရက်သမားများအား ဘုံရန်သူ အဖြစ် သတ်မှတ် ရှောင်ရှားကြ။

နှလုံးသားရေး ဦးတည်ချက် ( ၄ ) ရပ်………

ရင်ခွင်တော် တည်ငြိမ်ရေး၊ ရင်ခုန်သံ အေးချမ်း သာယာရေးနှင့် အနမ်း ဥပဒေ စီုးမီုးရေး။

နှစ်ဦးသား ပြေလည် စည်းလုံး ညီညွတ်ရေး။

ခိုင်မာသည့် အသည်းပုံ အကြင်နာ အမြူတေသစ် ဖြစ်ပေါ်လာရေး။

ဖြစ်ပေါ်လာသည့် အသည်းပုံ အကြင်နာ အမြူတေသစ်နှင့် အညီ ခေတ်မီ တိုးတက် လှပသော တူနှစ်ကိုယ် တိုင်းပြည်တခု တည်ဆောက်ရေး

2 comments

  • moethiha

    May 22, 2010 at 9:55 am

    ကောင်းတယ်ဗျို့။ထောက်ခံပါတယ်။ဒီစာလေးကူးပြီးတော့အိမ်ခေါင်းရင်းမှာချိတ်ထားရမယ်။

    Reply

  • Gong Zhu

    September 14, 2010 at 9:27 pm

    ( တူနှစ်ကို၏ အတွင်းရေးကို ဝင်ရောက် စွတ်ဖက်သော မိဘ ဆွေမျိုးများအား ဆန့်ကျင်ကြ။ )
    သိပ်ဟုတ်တယ် သူတို့ယူကြမှာလည်း မဟုတ်ပဲနဲ့နော့် . . . ဟီးဟီး
    ကန်တော့ ကန်တော့ 😛

    Reply

Leave a Reply

Your email address will not be published.