ကပေါက်တိကပေါက်ချာ ဖြေကြားချက်များ

လင်းဝေMarch 25, 20111min07

ရယ်စရာအလွန်ကောင်းနေပေမယ့် မရယ်နိုင်ပါဘူး။ ဒေါသပဲ အတောင့်လိုက်ထွက်ရင် မျိုချနေရတာလေး ပြေလိုပြေညား နည်းနည်းဖြေလျှော့ချကြည့်တာပါ။

ပြောချင်တာတွေက အများကြီး။ ရန်ကုန်မြို့တော်ဝန်လုပ်စားသွားတဲ့ အောင်သိန်းလင်းက စလို့ ပြောရပါမယ်။

ရန်ကုန်မြို့ရဲ့ လမ်းတွေ ခင်းတာ ပြင်တာနဲ့ ပတ်သက်လို့ သိချင်ပါတယ် ဆိုပြီး မေးတာကို ပြန်ဖြေတာလေးပါ။

အဖြေရဲ့ စ စချင်း မှာ ရန်ကုန်မြို့မှာ မိုးတွင်း ဆိုရင် မိုးတွေရွာပါသတဲ့။ ဒီလိုမိုးရွာတဲ့အခါ မိုးရေကြောင့် ကတ္တရာလမ်းက ကတ္တရာတွေဟာ စည်းကပ်မှု နည်းလာပြီး

လမ်းများ ပျက်စီးခြင်း ငါးပါး ဆိုက်ပါသတဲ့။ ဒါကြောင့် ကွန်ကရစ်လမ်းတွေ ခင်းဖို့လုပ်နေပါတယ် ဆိုပါရောလား။

ကဲ…. စကာင်္ပူတို့ ကွာလာလမ်ပူတို့ လို တစ်နှစ်ပတ်လုံး မိုးတွေရွာနေတဲ့ မြို့မှာ ကတ္တရာလမ်းတွေကို ဘယ်လိုလုပ်ပြီး ခင်းထားပါလိမ့်။ လမ်းတွေ ပျက်တာ ပေါက်တာ လည်း

အလွန်နည်းတာ တွေ့မိတာပဲ။ ကားအစင်းရေ ကလည်း ရန်ကုန်ထက်တောင်များသေးတာကို ဘာဖြစ်လို့လမ်းတွေမပျက်တာတုန်း လို့မေးရမလိုဖြစ်နေပြီ။

နောက် တစ်ဦး ခင်မောင်မြင့် ဆိုသော လျှပ်စစ်ဝန်ကြီးပါ။ သူ့ကို ရခိုင်ပြည်နယ်ဘက်က တစ်ယောက်က မီတာခလေး အခြားဒေသများနဲ့ တန်းတူပေးဆောင်ခြင်တယ်လို့ စောဒက

လေး နည်းနည်း သွားကွန့်ပြီး ဖြစ်နိုင်မလား မေးတာကို ဖြေလိုက်ပုံပါပဲ။

သဘာဝတရားအရ မတူညီတဲ့ ဒေသတွေမှာ နေထိုင်တဲ့သူတွေ ဟာ တူညီတဲ့ အခွင့်အရေး ရဖို့ မဖြစ်နိုင်ပါဘူးတဲ့။ ဒီလို မတူညီတဲ့ အနေအထားကနေ တူညီတဲ့အခွင့်အရေးကို လိုချင်

နေတာဟာ တဲ့ “သဘာဝတရားကြီး ကို လွန်ဆန်” သလို ဖြစ်နေပါတယ်တဲ့။

ကောင်းကြသေးရဲ့လား။ ပြည်ထောင်စု မပြိုကွဲရေးနဲ့ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေး ဆို။ ဒီလိုဖြေလိုက်ပုံက ပြည်ထောင်စုထဲက လူတွေကို သာတူညီမျှခံစားခွင့်ပေး

မကြိုးစားပေးနိုင်ဘူး။ ဒီလိုကြိုးစားပေးခြင်းဟာ သဘာဝကို လွန်ဆန်ခြင်းဖြစ်တယ်။ မဖြစ်နိုင်ဘူး လို့ ပြောနေသလို ဖြစ်နေပါရောလား။ တိုင်းပြည် ကို အန္တရာယ်ရှိစေတဲ့ စကားကို

ကိုယ့် အပြစ်ရှောင်ချင်တာနဲ့ တွေ့ကရာ ရှောက်ပြောမိတာ အလွန်မှ ဆိုးပါတယ်။

သူ့အပြောအရဆိုရင် အနီးအနား ထိုင်း မှာ တစ်ပြည်လုံး တူညီတဲ့ အခွင့်အရေးတွေ ရနေတာဟာ “သဘာဝလွန်” ဖြစ်ရပ်တွေ ဖြစ်နေတာပေါ့။ အလွန်ထူးဆန်းနေတာပေါ့။

သူတို့ တပည့်ကျော် သုတကလိမ်ခြုံနဲ့ ပြည်မြန်မာလိမ် ဂျာနယ် ထုတ်နေတဲ့ တင်ထွန်းဦး ကို ဒီသဘာဝလွန်ကိစ္စတွေ သွားပြီး သတင်းယူခိုင်းသင့်တယ်။

ပြောရင် ဒေါသထွက်လာလို့ ဆဲမိတော့မယ်။ သူတို့ ပါးစပ်ကနေ တွေ့ကရာတွေ အပြစ်လွတ်အောင်ပြောနေတာဟာ သူတို့လိုမျိုး လူတွေကို ခေါင်းထဲ ပိုက်ဆံအကြောင်းပဲတွေး

တယ်မှတ်နေသလားမသိပါဘူး။

7 comments

  • leonus007

    March 25, 2011 at 3:20 pm

    ထောက်ခံပါတယ် ကိုလင်းဝေကျော်။ နောက်လဲ ဒီလို လွှတ်တော် ထဲက အကြောင်းအရာတွေ တင်ပေးပါအုံး။ ကျွန်တော့် လို ပဲ လွှတ်တော် ထဲမှာ ဘာတွေ ပြော နေလဲဆို တာ မသိတဲ့လူ တွေ အများကြီးရှိအုံးမှာပါ။

    Reply

  • ဟုတ်ကဲ့… ကျွန်တော်သိရသလောက်ဆိုရင်တော့ လွှတ်တော်အမတ်များကိုယ်တိုင်ပင် လွှတ်တော်ထဲမှာ ဘာအကြောင်းတွေများပြောနေသလဲဆိုတာ မသိကြဘူးလို့ ခိုင်မာတဲ့ အတင်းရပ်ကွက်က သတင်းရရှိထားပါတယ်။

    ဪ… ကျန်သေးတယ်

    သူတို့တွေကိုယ်တိုင်ကကို ဘာတွေပြောရင် ကောင်းမလဲလို့ စဉ်းစားနေကြတာ လွှတ်တော်ပြီးသွားတဲ့ထိပါပဲတဲ့ခင်ဗျာ

    Reply

  • kai

    March 25, 2011 at 10:28 pm

    ယူအက်စ်မှာတော့ ..လွတ်တော်ထဲကဆွေးနွေးတဲ့အကြောင်းအရာတွေကို .. တီဗီချာနယ်တခုက တိုက်ရိုက်လွှင့်ပေးနေတယ်..။
    လူထုအတွက် အင်မတန်အရေးကြီးပါတယ်..။

    ဒါမျိုးတွေ များများတင်ပေးဖို့လည်း တောင်းဆိုချင်ပါတယ်..။
    လူထုကြီးကလည်း.. အကြောင်းအရာအလိုက်..ဆွေးနွေးသင့်တယ်..။
    သဘောက.. ဥပဒေပြုအမတ်တွေဆိုတာ… လူတွေအသံ.. ဒီလိုမီဒီယာတွေကနေနားထောင်ရတာမို ့ပါ..။
    သူတို့ကို.. လူထုက စာသင်ပေးရတာပါ..။
    ပြီးရင်..သူတို့က ..အစိုးရအဖွဲ ့ ဝင်-ကက်ဘိနက်ဝင်တွေကို .. စကား ထောက်ရတာပါ..။

    ပြသနာတခုခုဖြစ်လို့.. စုံစမ်းရေးကော်မရှင်လည်း.. သူတို့(ဥပဒေပြုအမတ်)လုပ်ရတာပဲ..။
    သာမန်အားဖြင့်.. ဒီမိုကရေစီစံနစ်မှာ.. လွှတ်တော်က ..အစိုးရ(ဝန်ကြီးအဖွဲ ့)ကို ..ဖြုတ်ချလို့ရတယ်..။
    Government Shutdown လုပ်လို့လည်းရတယ်…။ ယူအက်စ် ခုတလောဖြစ်နေတာ ..အဲဒါပဲ..။

    There is a 50-50 chance the government will shut down before Democrats and Republicans reach a budget compromise, former Congressional Budget Office Director Robert Reischauer said.
    http://www.nasdaq.com/aspx/stock-market-news-story.aspx?storyid=201103251419dowjonesdjonline000430&title=chance-of-us-budget-impassegovernment-shutdown-50-50ex-cbo-director

    Reply

  • kai

    March 25, 2011 at 10:39 pm

    – ဂျပန်ရော..ယူအက်စ်ရော.. မိုးတွေ..နှင်းတွေကျတဲ့နေရာဒေသတွေက ..ကတ္တရာထက်.. ကွန်ခရစ်လမ်းများတယ် ထင်မိတယ်..။
    ကတ္တရာက .. ကွန်ခရစ်ထက်ပျက်စီးလွယ်တယ်..။ နှင်းစပ်စပ်.. မိုးစပ်စပ်မှာ.. ကတ္တရာလမ်းဟာ .. ကားကိုချော်စေတဲ့နှုန်း(ဖြစ်နိုင်ခြေ)ပိုများပါတယ်..။
    ဒါကြောင့် ..ဖရီးဝေး- အမြန်မောင်းလမ်းမကြီးတွေက ..ကွန်ခရစ်နဲ့လုပ်ကြတာ..။ ကွန်ကရစ်ကိုမှ သံကူ ၁ပေထုလောက်လုပ်တာ..။
    မြန်မာပြည်မှာတော့ ..ကတ္တရာလည်းခိုး.. ကွန်ခရစ်လည်း ခိုးဆိုတာမျိုးမှာ… ကွန်ခရစ်က ဘိလပ်မြေက.. ဒီမန်း(လိုအပ်မှု) ပိုများတာမို ့.. ခိုးရောင်းတာ ပိုလွယ်မယ်ထင်ပါတယ်..။
    ဒါက အဓိကများ ဖြစ်နေသလားမသိ…။

    Reply

  • phantom

    March 26, 2011 at 6:59 am

    လွှတ်တော်ကတော့ ပြောချင်တော့ဘူး ဘာတွေများရပြီး ဘာတွေ ကောင်းကျိုးရှိလာမလဲတော့ မသိ တစ်ခါတစ်လေ တီဗွီ ဖွင့်ကြည့်လို့များ လွှတ်တော်မပြီးသေးတဲ့အချိန်လာနေရင် ဘာမေးခွန်းထုတ်ထုတ် လုပ်ပေးထားပြီးသား ဘာကိုဖြင့် အသက်သာဆုံးနှုန်းနဲ့ အရှုံးခံ လုပ်ပေးပြီးသား ဆိုတာနဲ့ပဲ ပြီးနေတာ ဒါများ လွှတ်တော် လုပ်နေသေးတယ် ရှေ့ဆက်သွားမယ့် လမ်းစဉ်တွေကိုမှ ချမပြနိုင်ပဲနဲ့ နောက်ဆုံးတော့ သူတို့ကောင်းကြောင်းတွေကို အချိန်ကုန်ခံ ငွေကုန်ခံပြောပြနေတဲ့ အိပ်ငိုက်တဲ့နေရာဖြစ်နေပြီ နောက်ဆုံးတော့ လွှတ်တော်ပြီးတာနဲ့ ဘဘကြီးတို့ရဲ့ ကြီးမြတ်တဲ့စေတနာတွေကို သိရလို့ ဖင်ဘူးတောင်းထောင် ကန်တော့ပြီး ပြန်ထွက်လာရမယ့် အပေါက်မျိုး

    Reply

  • maungmoenyo

    March 28, 2011 at 12:19 am

    ဘုန်းကြီးရူး နဲ့ လှေလူးတွေ လေ….။ မောငမိုးညိုဖတ်မှတ်မိရသလောက်သတင်းတွေအရ မေးသူထက်ဖြေသူတွေက ချက်ကျလကိကျဖြေနိုင်ပြီး၊ မေးသူတွေက ပက်လက်လန်တဲ့ အဖြစ်ရောက်နေပါပြီ။ တင်သမျှအဆိုပြုချက်တွေထဲမှာ၊ လက်ခံစဉ်စားပေးမဲ့ ကိစ္စတခုဘဲ ပေါက်ပေါက်ရောက်ရောက်ရှိပါသေးတယ် – လူဦးရေသန်းခေါင်စာရင်းကောက်ယူရေးကိစ္စပါဘဲ။ ကျန်တာတွေကတော့ ကိုယ်တင်သမျှ အကုန်ပြန်ရုပ်သိမ်းနေရတဲ့ “ရုပ်သိမ်းအမတ်မင်း” များဖြစ်နေကြပါပြီ။ လွှတ်တော်ဝန်ကြီးမင်းများကတော့ လက်ခံခံ မခံခံခံ၊ အဖွဲ့တွေဖွဲ့ထားကြောင်း၊ ဘယ်ကမှန်းမသိတဲ့ ကိန်းဂဏန်းအချက်အလက်များကို အားရှိပါးရှိဖြီးနေနိုင်ကြပုံရပါတယ်။

    Reply

  • လင်းဝေကျော်

    March 28, 2011 at 7:10 am

    တစ်ဖက်သတ်ပြောလို့ရနေတော့ မဟုတ်ကဟုတ်က အချက်အလက်တွေနဲ့ ပြန်ဖြီးတော့ ငြိမ်နေရတယ်။
    ပြန်လည်းပြောခွင့်မရှိဘူး။ အထဲမှာ ဘာလုပ်နေလဲ သတင်းထဲပါသလောက်သာသိရတာ။
    တကယ်ကို US ကလိုမျိုး C Span နဲ့ တောက်လျှောက်ပြနေရမှာ။

    Reply

Leave a Reply

Your email address will not be published.