ကမာရွတ် လှည်းတန်း က ဖြစ်ရပ်ဆန်း …

fattyMarch 28, 20111min021

ကမာရွတ်လှည်းတန်းမှာရှိတဲ့ ထန်းတပင်လမ်းမှာ ဖြစ်ရပ်ဆန်းတခု ယခု မတ်လအတွင်း
ဖြစ်ပွါးခဲ့ပါတယ်။
အဖြစ်အပျက်ကတော့ နေအိမ်အတွင်းရှိပစ္စည်းများ သူ့အလိုအလျှောက်မီးထလောင်ခြင်းပါဘဲ။
ပထမဆုံးအကြိမ် မတ်လ (၇)ရက်နေ့ကဖြစ်တာပါ။ ဖြစ်ပုံကတော့ .. အိမ်ရှင်များ
အိမ်ရှေ့ခန်းထွက်ထိုင်နေစဉ်မှာ အခန်းတွင်းကခန်းစီးစ သူ့အလိုအလျှောက်မီးလောင်
ခြင်းဖြစ်ပါတယ်။ ဖယောင်းတိုင်မီးလဲမရှိ ခြင်ဆေးခွေတွေဘာတွေထွန်းထားတာလည်း
မရှိဘဲနဲ့ မီးစွဲပြီး လောင်နေတဲ့အဖြစ်နဲ့ကြုံရပါတယ်။
အဲဒီနေ့ကစပြီး (၇) ကြိမ်တိတိ ပစ္စည်းတွေတခုပြီးတခု မီးထထလောင်ပါတယ်။
တခုထူးခြားတာက အဲဒီအချိန်ဆို ကြမ်းမှာခင်းထားတဲ့ကြွေပြားတွေပါပူလာပါတယ်။
အဲဒီလိုဖြစ်နေတာ အိမ်နီးနားချင်းတွေ ပထမတော့မသိကြပါဘူး။ တရက်တော့ ..
အခန်းအဝင်ဝကတံခါးပေါက်ကိုအလိုအလျှောက်မီးစွဲပါတယ်။ အခန်းချင်းကပ်ရက်က
သိကုန်တော့ မီးသတ်ကိုဖူန်းဆက်ပြီးအကြောင်းကြားလိုက်ကြပါတယ်။
မီးသတ်ဌာနက သက်ဆိုင်ရာပုဂ္ဂိုုလ်များ လာရောက်စစ်ဆေးတဲ့အခါ အိမ်ရှင်တွေက
အကျိုးအကြောင်းပြောပြကြပေမဲ့ အိမ်ရှင်တွေရဲ့ပေါ့ဆမှုကြောင့်ဘဲလို့ မှတ်ချက်ချကြပါတယ်။ ဒါပေမဲ့ဖြစ်ချင်တော့ မီးသတ်ကပုဂ္ဂိုုလ်များမပြန်ခင်မှာဘဲ
အိမ်ခန်းတွင်းက အဝတ်ဘီရိုထဲက အဝတ်အစားတွေ ရုတ်တရက်မီးထလောင်ပါတယ်။
အဲဒီလိုဖြစ်မှ ဘယ်လိုအကြောင်းကြောင့်ဆိုတာ မီးသတ်ကလူတွေ မဆုံးဖြတ်နိုင်
ဖြစ်နေကြပါတယ်။ ဘေးနားမှာနေသူ ရုပ်ရှင်သရုပ်ဆောင် တက္ကသိုလ်ဂွမ်းပုံကလည်း
ကျမတော့တသက်နဲ့တကိုယ် တခါမှ မကြုံဘူးတာကြုံနေရတာပါဘဲလို့ မှတ်ချက်
ချပါတယ်။
နောက်ထပ်အဲဒီတခန်းထဲဖြစ်တာမဟုတ်ဘဲ သူ့အပေါ်ထပ်ကပါလိုက်ဖြစ်လာပါတယ်။
………… ကဲ အဖြစ်ဆန်းကိုတော့ ဆန်းစစ်ဖို့လိုလာပြီ ..။

21 comments

  • ငှက်ကြီး

    March 28, 2011 at 2:22 pm

    သေချာရဲ့လား? မယုံနိုင်စရာကြီးနော်..

    Reply

  • naywoonni

    March 28, 2011 at 3:08 pm

    အင်း …. အရင်က နိုင်ငံခြားမှာဖြစ်တယ် ကြားဖူးတယ်လေ ။ ဒါသဘာဝလွန်လို့ ခေါ်မလား? နေထိုင်တဲ့သူတွေထဲမှာ လောဘ ဒေါသ မီး များလွန်းလို့လား? တစ်ခုခုပဲ……..

    Reply

  • ogga

    March 28, 2011 at 3:16 pm

    အင်း….ဒီထက်ပိုပြီးတိတိကျကျသိရရင်ကောင်းမှာဘဲ၊ တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်။

    Reply

  • nigimi77

    March 28, 2011 at 3:17 pm

    အဲဒီ သတင်းကို အစောပိုင်းရက်ကတည်းက ကြားခဲ့ပါတယ်။ ဘယ်သူ ့မေးလိုက် မေးလိုက် ဟုတ်တယ်လို ့ပြောတယ် ဆိုတာကိုပဲ ကြားရပါတယ်။ အိမ်ရှင်ကိုတော့ စစ်ဆေးဖို ့ ခေါ်သွားတယ်လို ့ပြောပါတယ်။ အခုလဲ ဒီ Post ကို မြင်လို ့ ထန်းတပင်လမ်းထဲက သူငယ်ချင်းကို Phone ဆက်မေးကြည့်တော့ ဟုတ်တယ်လို ့ပြောတာပဲ ဆိုတာနဲ ့ပဲ အဆုံးသပ်
    နေပါတယ်။ ရမ်းသမ်းပြီး ထိုးလို ့ မတော်တဆ ချဲပေါက်သွားရင် ကြက်သီးတွေ တဖြန်းဖြန်းထပြပြီး ဘယ်တုန်းက မှ
    ကိုယ်ထင် မပြခဲ့ဘူးတဲ့ ဘိုးတော်က အိပ်မက်ထဲမှာပဲ နံပါတ်ကို လာပေးသွားတယ်ဆိုတဲ့ လူကို တွေ ့ခဲ့ဖူးပါတယ်။
    လူတွေဟာ စိတ်လှုပ်ရှားစရာ တခုခုကြုံရင်ဖြစ်ဖြစ်၊ ပြသာနာကို ရှောင်ချင်သည်ဖြစ်ဖြစ်၊ တပါးသူက မိမိကို အထင်ကြီးစေချင်တဲ့ အခါ ဖြစ်ဖြစ် သဘာဝလွန်တွေကို လွှဲချတတ်ပါတယ်။

    Reply

  • kai

    March 28, 2011 at 4:50 pm

    ဒေါ်လာ ၁သောင်းလောက်တန်မဲ့ အမှုပဲ..။
    ကံကောင်းရင် ..ဒေါ်လာ၁သိန်းလောက်ဖြစ်နိုင်တယ်..။

    အိုင်ဆေး ကိုနှင်းမောင်
    အမှုသွားအမှုလာ သေသေချာချာ ဗီဒီယိုနဲ့မှတ်တမ်းတင်မပေးနိုင်ဘူးလား..။ သာမိုမီတာ ၁ဝခုလောက် ပစ်ချထားရင် အဖြေထွက်မှာပဲ…။
    အပူဆိုတာ… စွမ်းအင်ပဲ..။
    ဒီစွမ်းအင် ဘယ်ကလာသလည်းသိရင်… စကော့တလန်ယတ်က ..တိုက်ရိုက်ဆုချီးမြှင့်လိမ့်မယ်..။ 🙂

    Reply

  • danyar

    March 28, 2011 at 6:57 pm

    Maybe some gas released from underground.

    Reply

  • bigcat

    March 29, 2011 at 1:09 am

    ဦးဖက်ရေ… နောက်ဆက်တွဲ သတင်း၊ ဆက်နွယ်သတင်း၊ ကိုယ်တွေ့နဲ့ ကြားဖူးနားဝများ လုပ်ပါအုံး။
    သတင်းကို ဧရာဝတီ ဘလော့မှာ ဖတ်လိုက်ရပါတယ်။ eleven ဂျာနယ်ဆိုက်လင့်ကို ကိုးကားရေးထားတာ။
    http://www.news-eleven.com/index.php?option=com_content&view=article&id=7790:2011-03-27-20-26-26&catid=43:2009-11-10-07-39-09&Itemid=111

    ရွာထဲက ဆိုးပေကြီး မိုက်ခဲဂျုနီအောင်ပေါ် မူးမူးရူးရူးနဲ့ရေးတဲ့ မှတ်ချက်ကိုပါ ထည့်ပေးလိုက်တယ်။ ဘယ်လောက်တောင် သူ့ကွန်မန့်ကို လူကြိုက်များသလဲဆိုရင် အခုချိန်အထိ -၂၉ခု ရထားတယ်။ ရွာသားများ သွားရောက်ကယ်တင်လိုက်ကြပါအုံး။ ကိုပုရေ ရွာထဲမှာ ကွန်းမန့်ထပ်ရေးစရာ မလိုတော့ဘူး။ စိတ်တိုင်းကျ သောက်အိပ်နိုင်ပြီ။

    -29 #8 မိုက်ကယ်ဂျော်နီအောင်ပု 2011-03-28 16:01

    ဟုတ်ဘူးလေ
    ဆယ့်တစ်သတင်းမီဒ ီယာအုပ်စုရဲ ့
    ကိုယ့်ကိုယ်ကိုယ ်
    အဆင့်မှီတဲ့ သတင်းဌာနလို ့ နားလည်ရင် ( ကိုယ့်ကိုယ်ကိုယ ်နားလည်ရင် )
    နောက်ပြီး ကိုယ့်ရဲ ့အခြေစိုက်နယ်ေြ မထဲမှာ ဖြစ်တာကို တရားဝင် ဓာတ်ပုံလေးတစ်ပံ ုလောက်တော့ မရှိုးသင့်ဘူးလား
    နောက်ပြီး ဒီလိုသတင်းမျိုး ကို သေခြာ မှတ်တမ်းတင်ပြီး ရင် ကမ္ဘာကို ရောင်းပြီးဒေါ်လာ တွေရရင် ငလျှင်ဒေသကို သွားပြီးလှူလို ့ရတာပေါ့နော့
    ကိုယ့်ကိုယ်ကိုယ ် ဘာလဲဆိုတာလဲ နားလည်ပါဦး ဒီသတင်းက ဘာသာရေး အငြင်းအခုန်တွေလ ည်း ဖြစ်နိုင်တယ်ဆို တာ နားမလည်ဘူးလား
    နှုတ်တစ်ရာ စာတစ်လုံးလေဗျာ
    ပရုဖ် ကလေးဘာလေးတော့ လုပ်မှပေါ့
    ပြီးမှ ဝေဖန်ကြပေါ့ အဲ့လိုမဟုတ်ဘဲနဲ ့
    ဒီလိုသာ ပြောကြစတမ်းဆို
    ကျုပ် မိုက်ကယ်ဂျော်နီ အောင်ပု စီမှာ
    ဘိုးတော်ချီးနှစ ်ဆယ်သား ရှိတယ်ဗျို ့
    ကျေးဇူးပြုပြီး သတင်းထဲထည့်ပေးပ ါ
    ( အားနာတယ်နော် ပြောရတာ သတင်းဆိုတာ အဲ့လို ဝေဖန်ခံရဲရတယ် )

    Reply

  • zoe

    March 29, 2011 at 2:20 am

    Phosphorous မီးစုန်း က အလိုလိုမီး ထလောင်တတ်တယ် ။ ဒါ ကြောင့် လက် တွေ့ခန်းတွေမှာ ရေနံဆီ ထဲစိမ် ထား ရတယ် ။

    Reply

  • fatty

    March 29, 2011 at 2:43 am

    အထက်ပါသတင်းနှင့်ပတ်သက်ပြီး ယနေ့ထုတ်ဂျာနယ်အချို့တွင် ဓာတ်ပုံပါလာသည်ကိုတွေ့ရပါသည်။
    ကျနော်အနေနှင့်စိတ်ဝင်စားမှုရှိသော်လည်း ယခုရက်ပိုင်းတွင် မအားလပ်ဖြစ်နေရှ် ကိုယ်တိုင်သွားပြီးမကြည့်နိုင်
    ကွင်းမဆင်းနိုင်ပါ။ မျိုးမျိုးမျက်မျက်လေးရရင်ဖြင့် … အငှားကားလေးနဲ့ ..။

    Reply

  • fatty

    March 29, 2011 at 2:44 am

    အဲ မီးတောင်ထိပ်ဝဖြစ်နေရင်တော့ ……

    Reply

  • fatty

    March 29, 2011 at 2:52 am

    ဝါသနာပါကြရင်ဖြင့် အိမ်အမှတ် ၂၄ ပါ။

    Reply

  • photwenty

    March 29, 2011 at 3:06 am

    ထန်းတပင်ဘုန်းကြီးကျောင်းရဲ.ညာဘက်ထောင်. သုံးထပ်အိမ်ပါ( သေချာအောင်လို.)

    Reply

  • ယောလေး

    March 29, 2011 at 3:47 am

    ကိုကြောင်ကြီးတင်ပေးတဲ့ မိုက်ကယ်ဂျော်နီအောင်ပုရဲ့ ကွန်မန့်ပဲ သာဘာဝကျပါတယ်…….

    Reply

  • etone

    March 29, 2011 at 6:23 am

    ကြားကြားချင်းမယုံခဲ့ပါဘူး … နောက်မှ တကယ်ဆိုတာ သိရပါတယ်… ။ ယုံကြည်ရလောက်တဲ့လူတွေ ပြန်သတင်းပေးတာမို့ပါ… အများက ယုတ္တိရှိရှိ မစဉ်းစားပဲ သဘာဝလွန်ဖြစ်ရပ်လို့ပဲ တွေးနေကြတာ သတိထားမိတယ်… ပုဏ္ဏကတိုက်တယ် ဘာညာတောင် သတင်းလွှင့်ကြတယ်…. ။ မမြင်ရတဲ့ဟာတွေ လုပ်ရင်လည်း ဒီလောက်ကြီး ပေါ်တင် မလုပ်လောက်ပါဘူး … ။ ထင်တာကတော့ အဲ့ဒီအိမ်မှာ လျှပ်စစ်စီးနေပါလိမ့်မယ် … ဒါကြောင့် အပူလွန်ကဲတာတွေဖြစ်ပြီး အပူမခံနိုင်တဲ့ အပါးလွှာဆုံး ပစ္စည်းတွေက စတင်လောင်ကျွမ်းတာလို့ ထင်တာပါပဲ… ။ လျှပ်စစ်မီး ဖြတ်တောက်ပြီးတောင် ထပ်လောင်နေသေးရင်တော့ ခုဏက တွေးတာမဟုတ်တာမျိုး ထပ်တွေးရတော့မယ် …နောက်ဆက်တွဲသတင်းလေး စောင့်ဖတ်ချင်ပါတယ် … ။

    Reply

  • မိုက်ကယ်ဂျော်နီအောင်ပု

    March 29, 2011 at 7:41 am

    ပြောရင်လည်း အောင်ပု လွန်ရာကျဦးမယ်
    ခေတ်ကာလက အူကြောင်ကြားဖြစ်နေရတဲ့အထဲမှာ
    သက်သေအထောက်အထားကို ဘာမှလည်းမပြဘူး
    ခုဘဲကြည့် ဘယ်သူဘာပြောမလည်းကြည့်နေတာ
    ဒီလိုဘဲ ဟိုလူပြောတယ် ဒီလူပြောတယ် လုပ်နေကြတယ်
    ဟိုး းးးးးးးးးးးးးးး လူသူသွားလို ့မရတဲ့တောကြီးမျက်မဲဆိုရင်တောင် မပြောတော့ဘူး
    ရန်ဂုန်မြို ့ထဲမှာလေကွယ်
    ဓာတ်ပုံလေးတစ်ပုံ ရိုက်ဘို ့ ဘာများဝန်လေးစရာလိုလဲ
    ကြက်ဖွတ်ရုံးကို ဓာတ်ပုံရိုက်တာလည်းမဟုတ်ဘူး
    နိုင်ငံရေးနဲ ့ပတ်သက်သွားတာလည်းမဟုတ်ဘူး
    အခြေနေမှန်ကိုကြည့်ပြီးမှ
    ဒီလို ဟိုလို ပြောလို ့ရမှာပေါ့
    ဥပမာ
    အကြောင်းကြောင်းကြောင့် မီးလောင်မယ်
    ပြဿနာတက်မှာကြောက်လို ့ တာဝန်ရှိတဲ့လူကို
    ရေနည်းနည်းပါးပါးလောင်းပြီး အကြံဖန်လုပ်တာရောမဖြစ်နိုင်ဘူးလား
    အကြောင်းမဲ့လောင်ရအောင်
    ဒေသအပူချိန်
    ပတ်ဝန်းကျင် ဆိုတာကရှိသေးတယ်
    လူတွေအများဆုံး မှတ်ချက်ချနေကြတာက
    ဂက်စ်ငွေ ့တွေပေါ့
    မဖြစ်နိုင်ဘူး
    ၂၈ လက်မ ဂက်စ်ပိုက်ကြီး ပေါက်ထွက်တောင်
    ကွက်ပြီးမီးမလောင်ဘူး
    ဂက်စ်ပိုက်ကနေ ဂက်စ်စိမ့်ထွက်လို ့လောင်တာနဲ ့
    ပင်မ စိမ့်ထွက်တဲ့နေရာကို လိုက်လောင်မှာဘဲ
    နောက်တစ်ခုက မီးရှော့ဖြစ်မယ်
    ဝိုင်ယာသွယ်တန်းထားတဲ့နေရာတွေ ရဲ ့အောက်ခံတွေကနေစလောင်မယ်
    spark ဖြစ်ထားမယ် လောင်လွယ်တဲ့နေရာကို မီးသေးသေးလေးလောင်ထားမယ်
    နောက်ကြီးလာမယ်
    ဒီနေရာမှာ သိရမှာက
    အိမ်က ဘယ်လိုအမျိုးစားလဲ
    လူတွေရှိနေတယ်
    မီးလောင်လောက်အောင်ရှော့တဲ့ ဝိုင်ယာဟာ
    အနံ ့ထွက်မှာဘဲ
    ဆိုးဆိုးဝါးဝါးကို ညှော်မှာဘဲ
    ဒီလောက်ညှော်တာကိုတောင် မသိရအောင်
    အဲ့သည်မီးသတ်အရာရှိက နွားလား
    သတင်းတွေကို အားကိုးတကြီးဖတ်ရတဲ့
    ပရိတ်သတ်တွေ နစ်နာတယ်
    ကျုပ်တို ့ရွာမှာဆို လာထားဘဲ
    ဆိုလိုတာက ဟုတ်ရင်ဟုတ်မယ် မဟုတ်ရင်မဟုတ်ဘူး
    ဒဂယ်လို ့ဘလိုင်းကြီးမီးထလောင်တယ်ဆိုရင်လဲ
    သံချောင်းတီးရမယ်
    လောင်ရင်တီး
    လောင်ရင်တီး
    မီးလောင်ရင် သံဂျောင်းတီးဂျဘာလို ့

    Reply

  • လင်းဝေကျော်

    March 29, 2011 at 9:28 am

    မိုက်ကယ် စိတ်ကိုထိန်းပါ။
    မီးအကြောင်းပြောရင်း ဘေးချော်ကုန်မယ်။
    တစ်ခုခု လွဲနေတာတော့သေချာတယ်။ မဟုတ်က ဟုတ်က ပါကွယ်။

    Reply

  • nigimi77

    March 29, 2011 at 9:55 am

    ဟိုနိုင်ငံမှာ နေတုံး ဟို ချယ်နယ်လ် က လွှင့်တဲ့ ဟို သတင်းကို ကြည်းဖူးတယ်။
    ဟိုမြို ့က ဟိုအိမ်မှာ မီးလောင်တာတော့ မဟုတ်ဘူး။ ကျောက်ပျားခင်းထား တဲ့ ကြမ်းပြင် က ထမင်းစားပွဲ
    တဝိုင်းစာလောက်နေရာ တနေရာထဲ ကွက်ပြီး ကြက်ဥကြော်လို ့ရလောက်အောင် ပူနေတာ။
    အဲဒါနဲ ့ အိမ်ရှင် ဟိုလူကြီးက ဟို သတင်းဋ္ဌာနကို ဟိုလိုဖြစ်တယ်လို ့ အကြောင်းကြားရော။
    ဒါနဲ ့ ဟို သတင်းဋ္ဌာနက ဟိုလူတွေ ချီတက်လာပြီး စစ်ဆေးကြရော။
    အိမ်ရှင်ရော ရပ်ကွက်ထဲက လူတွေရော စိတ်ထဲမှာ ကြောက်စိတ် တခုတော့ ရှိကြတယ်။
    မီးတောင်ကြော အဝမှာ အိမ်ဆောက်မိသလားပေါ့။
    စစ်ဆေးတိုင်းတာမှုတွေ အမျိုးမျိုးလုပ်ပြီးသကာလ သဘာဝ ရေပူစီးကြောင်း ဖြတ်သန်းရာ လမ်းကြောင်း
    အပေါ်မှာ အိမ်ဆောက်မိနေတာကိုး။
    တော်တော်ပူပုံရတယ် ကြက်ဥကို ခွဲပြီးချလိုက်တာ ချက်ခြင်း ကျက်သွားသဗျ။

    အဲဒီ လှည်းတန်းက အိမ်က သုံးထပ် အိမ်ဆိုတော့ ရေပူစီးကြောင်းတော့ မဖြစ်နိုင်ဘူး။
    လေပူ စီးကြောင်းပဲ ဖြစ်ရမယ်။ လူတွေရဲ ့ ကောလဟာလ လေပူတွေ။

    ကျုပ်သိထားရသလောက်က အဲဒီ ၃ ထပ်ဟာ ယောကျာင်္းလေး အဆောင်ပါ။
    အခုမှတင် မဟုတ်ပါ အရင်က လဲ ပေါ့ဆမှုကြောင့် မီးလောင်တာ အခုတစ်ခေါက်နဲ ့ဆို သုံးခေါက်ရှိပါပြီ။
    မီးလောင်တဲ့ ညက အိမ်ရှင် အပါအဝင် အဆောင်နေသူတို ့အား စစ်ဆေးဖို ့ ခေါ်သွားပါတယ်။

    Reply

  • intro

    March 29, 2011 at 2:57 pm

    ဖြစ်နိုင်ချေတွေ တင်ပြပေးတာ သိတ်ကောင်းပါတယ်… ဒါပေမယ့် ယုံထင်ကြောင်ထင်တွေ မဖြစ်ရလေအောင် ထင်တာတွေ ခဏ ထားပြီး အကြောင်းရင်းကို သိလာတဲ့ သူက ထပ်တင်ပေးဖို့ တောင်းဆိုပါတယ်…

    Reply

  • nature

    March 29, 2011 at 11:58 pm

    ဆန်းတယ်၊အဝတ်ဘီရိုထဲ ကအဝတ်တွေ မီးသတ်သမားတွေမပြန်ခင် မီးထလောင်တယ်ဆိုတော့၊ ရှားလော့ဟုမ်းဝထ္ထုထဲကလို အချိန်ကိုက် ကြံစည်မှုဖြစ်နိုင်တယ်၊ အဝတ်အစားဆိုတာနေလှမ်းတာတောင် မီးမလောင်နိုင့်ဘဲ၊အခုကဘီဒိုထဲမှာဆိုတော့…….
    သူကြီးရေ ဆုရရင်ရွာသားတွေကိုခွဲပေးဘို့ မမေ့နဲ့နော်၊

    Reply

  • char too lan

    March 30, 2011 at 5:44 am

    ဝါးတားတားပဲ 🙂

    Reply

  • Gong Zhu

    April 5, 2011 at 8:43 pm

    ဟုတ်တယ် … ဘာကြောင့်လဲဆိုတာသိချင်တယ် … ပြီးတော့ ထက်ထက်မိုးဦး ၊ ဝိုင်းစုခိုင်သိန်း အမှု ဘယ်လိုပြီးသွားလဲဆိုတာကိုရောပဲပေါ့ …

    Reply

Leave a Reply to kai Cancel Reply

Your email address will not be published.