ပီယဆေး ၂

မမေလးMarch 24, 20111min010

၁ဝ ။ ဒါကတော့ တာဝကျောင်းတတ်ရင်း ထိုင်နေကျဆိုင်က ပိုင်ရှင် အစ်မကြီးပြောပြတာပါ ။ သူတို့သူငယ်ချင်းသုံးယောက်တူတူစမ်းပြီး အိပ်မက်ထဲကလူနဲ့ညာတယ်လို့ပြောတာပဲ .
ဘဲဥ ရောင်းတဲ့ လူက အပျိုစစ်ဖြစ်ရမယ် ။ အဲ့ဒီဘဲဥကလည်း အဲ့ဒီ အပျိုကြီး သုံးလေးရက်လောက် ကိုင်ထားပြီးသားဖြစ်ရမယ် ။ အဲ့ဒီ အပျိုကြီးမသိအောင်ခိုးရမယ်တဲ့ ။ သူတို့သူငယ်ချင်း အဒေါ်က အပျိုကြီး ဘဲဥရောင်းတာလေ … သူ့သူငယ်ချင်းက အဒေါ် ဒီဘဲဥတွေက သမီးလိုချင်လို့ဖယ်ထားတာနော် မရောင်းနဲ့နော် နောက်မှဝယ်မယ် ခု ပိုက်ဆံမရှိသေးလို့ပါ ။ အဲ့ဒီအခါ အပျိုကြီးက နောက်မှ ပိုက်ဆံပေးခုယူသွားလို့ပြောတယ် … ဒါနဲ့ သူတို့က အကြွေးမစားချင်ပါဘူး ဒေါ်လေးရာဆိုပြီး တစ်ယောက်တစ်လှည့်စီခိုးတယ်တဲ့ ။ အဲ့လိုပဲ ခိုးစားတာပေါ့ … ဆိုင်ပိုင်ရှင်ရဲ့ အိပ်မက်ထဲမှာ အသားမဲမဲ ကောင်လေးတစ်ယောက် ရေလာတိုက်တာမက်တယ် ။ နောက်တစ်ယောက်ကတော့ မုဆိုးဖို တစ်ယောက်နဲ့ညားတယ်လို့မက်တယ် … နောက်တစ်ယောက်ကတော့ မမက်ဘူးတဲ့ … မမက်တဲ့သူကတော့ အပျိုကြီးဖြစ်နေတယ်တဲ့ ။ သူတို့သူငယ်ချင်းတွေက မုဆိုးဖိုနဲ့ မဖြစ်နိုင်ပါဘူး မယုံဘူး … နောက်တော့ သူရည်းစားထားတာ သူ့အမေသိသွားတော့  ရွာက အဒေါ်တွေဆီပို့လိုက်တယ်တဲ့ ။ တစ်နေ့ သူတို့အိမ်မှာ ဘယ်သူမှ မရှိတုန်း သူနေတဲ့အိမ်ဘေးမှာ မုဆိုးဖိုတစ်ယောက်က သူ့ကို ဖျက်စီးလို့ ခု အဲ့ဒီ မုဆိုးဖိုနဲ့ ယူလိုက်ရပါတယ်တဲ့ ။ ဆိုင်ပိုင်ရှင်ရဲ့ ယောကျာ်းကတော့ အိပ်မက်ထဲကပါပဲဆိုပြီး လက်ညွှုးထိုးပြတယ် ။
၁၁ ။ ကိုယ့်ချစ်သူက စိတ်ကောက်နေတာလား … ဒါဆိုရင် လွယ်လွယ်လေးပါ ။ လိုတာကတော့ … သဲ အနည်းငယ် ။ ရေခဲ တစ်တုန်း ။ နှင်းဆီ တစ်ပွင့် ။ လင်ဗန်းတစ်ချပ်ပါ ။ မခက်ခဲပါဘူး ။ သဲကို လင်ဗန်းထဲထည့် ပြီးရင် ရေနည်းနည်းထည့် နည်းနည်းပဲနော် … ပြီးရင် သဲပေါ်မှာ ကိုယ့်ကို စိတ်ဆိုးနေတဲ့ ချစ်သူနာမည်ရေး ။ နာမည်ပေါ်မှာ နှင်းဆီပန်းကို စိုက် ။ နှင်းဆီပန်းပေါ်မှာ ရေခဲတုန်းကိုတင် ။ ပြီးရင် မေတ်တာ ပို့ပါ ဒီနှင်းဆီပန်းလေးအေးသလို ( … ) လည်း အေးမြပါစေ ။ ဒီရေခဲတုံးလေး အေးသလို ( … ) လည်းအေးမြပါစေ ။ ဒီရေခဲတုန်းလေး ပျော်သလို သူလည်း ပျော်ဝင်ပါစေ ဆိုပြီး ရေခဲတုန်း ပျော်သွားအောင်စောင့်လိုက် ။ ပြီးရင် နှင်းဆီပန်းကို ခေါင်းအုံးအောက်မှာ သုံးရက် တိတိ ထားအိပ်လိုက် ။ သုံးရက်အတွင်းထူးခြားလာလိမ့်မယ်တဲ့ ။

၁၂ ။ အချစ်ရေးအဆင်ပြေစေရန်
မိမိချစ်သောသူကိုအာရုံပြု၍(လိုလာ) ဟူ၍၁၂-ခွန်းရွတ်ပါ။

၁၃ ။ ပီယသိဒ္ဓိဂါ ထာ

ဣမေ သီသေဟိ သမ္ဗုဒ္ဓေါ
အယံ လောကော သဗ္ဗဓမ္မော။
သာရိပုတ္တော မယှံ ဇိဝှေါ
မေဂ္ဂလာနော ဒွေ စက္ခုနေ တိဋ္ဌတု သဗ္ဗဒါ။

အုန်းဆီလိမ်းရင်မန်းပြီးလိမ်း . . . အုန်းဆီမဟုတ်လည်း ခေါင်းလိမ်းဆီလည်းရပါတယ် ။

၁၄။ သနပ်ခါးမန်း(ပီယအတွက်)

သဗ္ဗေ ဒေဝါစ ယက္ခာစ ၊ ရာဇ မေတ္တာ မနုဿစ။
သဗ္ဗေ ကောဓံ ဝိနဿန ္တု ၊ ဒိသွာန ပိယာ ယန ္တု။
စတ္တံ ပုတ္တေ နေဝသိန္နော၊အဟံ။
ကရဏီယ မေတ္တ ကုသလေန။
ယန ္တသနံ ္တ ပဒံ အဘိသမေစ္စ သွာဟ။

သနပ်ခါး သွေးနေစဉ် အတွင်း ရွတ်ရ၏။
နတ်ချစ်တယ်၊ မင်းချစ်တယ်၊ သူတစ်ပါးရဲ့ ဒေါသတွေ ကိုယ်ဆီကို မကျရောက်ဘူး။ မြင်တဲ့ သူတိုင်းက ဝမ်းနဲ့ လွယ်ပြီး မွေးထားတဲ့ သားသမီးကို ချစ်သလို ချစ်တယ်။
အဲဒါ သိကြားမင်း ပေးတဲ့ မနာ္တန်။ ဆီကို အဲဒါနဲ့ မန်းပြီး ခေါင်းကို လိမ်းရတယ်။ မျက်နှာချေကိုလည်း အဲဒါနဲ့မန်းပြီး မျက်နှာကို လိမ်းရတယ်။ လူချစ်လူခင် ပေါ တယ်
အဲ့ဒါတွေအားလုံးက ဗေဒင်နည်းအရ အထက်လမ်းတွေဖြစ်ပြီး အောက်လမ်းမဟုတ်ပါဘူးတဲ့ ။။။ တစ်ခုပဲ … အမျိုးသမီးတွေပဲလုပ်လို့ရတဲ့နည်းက အောက်လမ်းလို့တော့ထင်တယ် ။ အဲ့ဒါက လုပ်စေချင်လို့ပြောတာမဟုတ်ပါဘူး … ဒီက ခပ်ချောချော ခပ်ဖြောင့်ဖြောင့် ကိုကို တွေ သတိထားမိစေဖို့ပါ ။

10 comments

  • dream

    March 24, 2011 at 8:39 am

    အိပ်မက်စဉ်းစားမိတယ်
    ပီယဆေးက အပျော်သဘောလောက်တော့ စမ်းကြည့်လို့ကောင်းပေမယ့် တကယ့်တကယ်မှာတော့ အရမ်းကြီး ယုံကြည်ကိုးစားဖို့မသင့်ပါဘူး။
    ကိုယ့်ကိုချစ်လာစေဖို့ရာက ပီယဆေးမလိုပါဘူး
    ဖြူစင်တဲ့စိတ်သဘောထားရှိရမယ်
    လူတစ်ဖက်သားကို ကူညီတတ်ရမယ်
    သနားကြင်နာတတ်ရမယ်
    ကိုယ့်ကိုယ်ကိုရော သူတစ်ပါးကိုရော တန်ဖိုးထားတတ်ရမယ်
    အဲဒါဆိုရင် လူချစ်လူခင်ပေါမှာပါ။
    ကိုယ်ချစ်တဲ့သူကလည်း ကိုယ့်ကို စိတ်ဝင်စားရာကနေ ချစ်လာမယ်ထင်ပါတယ်။ 🙂

    Reply

  • kai

    March 24, 2011 at 9:27 am

    ပီယဆေးက .. စိတ်ဓါတ်ခွန်အားမြှင့်တာတမျိုးပဲလို့တော့ထင်တယ်..။
    အဲဒီဆေးရှိတော့ .. ပိုလုပ်ရဲပြောရဲတာပေါ့..။

    တကယ်ကတော့ ..လူငယ်တွေ.. ဘာပီယဆေးမှမဆောင်ပဲ.. သဂျီးမြောက်ပေးလို့ဆိုပြီး ပြောစရာ လုပ်စရာကိုရဲရဲသာလုပ်စေချင်တယ်..။ ဖြစ်ချင်တာတွေ..တကယ်ဖြစ်ချင်..တကယ်ဖြစ်ဖို့ အာမခံပါတယ်..။

    ကြိုက်တယ်ထင်ရင်.. ရအောင်တာလုပ်ကြပါ..။ ချစ်ရဲ့ကြိုက်ရဲ့သားနဲ့..အနစ်နာခံပါတယ်တို့..။ စွန့်လွှတ်ပါတယ်တို့..။ အယုံအကြည်မရှိဘူး..။
    လိုချင်ရင်..ရအောင်ယူရဲရမယ်..။

    အဆင်ပြေကြရင်..လက်ဖွဲ ့ပို ့ပေးမှာပေါ့…။ တကယ်ပြောတာ…။ 🙂

    Reply

  • meelay

    March 24, 2011 at 9:35 am

    သဂျီးက ဘာလက်ဖွဲ့ပေးမှာလဲ ……… ဟီး

    Reply

  • char too lan

    March 24, 2011 at 9:40 am

    ထိတ်တုံး 🙂

    Reply

    • meelay

      March 25, 2011 at 7:55 am

      ထိတ်တုံးက ချာချာ့ အတွက်တဲ့ သီးသန့်တဲ့ ……… 🙂

      Reply

  • လင်းဝေကျော်

    March 24, 2011 at 10:28 am

    ချာတူးလန်… ထိပ်တုံး ဆိုတာဘာတုန်းကွ။
    ကြည့်ပြောနော်…. ထိပ်တုံးလက်ဖွဲ့မယ်ဆိုတော့…. မထိတ်သာ မလန့်သာ။

    Reply

  • unclegyi1974

    March 24, 2011 at 4:02 pm

    သူကြီးရေကြည့်လည်းလုပ်အုန်းနော်
    ကြံရာပါဆိုပြီး….

    Reply

  • Gong Zhu

    March 25, 2011 at 7:01 am

    ဟုတ်တယ် … shake hand kai . လိုချင်ရင် ရအောင်ယူရမယ် … စကားမစပ် သကြီး သကြီး နဲ့ အဲ့ဒါဘယ်သူ့ကို ပြောပြာနေတာလဲ မသိလို့ …

    Reply

    • nozomi

      March 25, 2011 at 7:14 am

      မင်းသမီးလေးကတော့လေ ဒီရွာမှာနေပြီး သူကြီးကိုမှ ဘယ်သူလဲလို့ မေးရတယ်

      ဂျွန်စောမျက်နှာ၊ထယ်စောက်အရပ် ၊အက်ဒီစင်ဥဏှောက်၊ ဦးကျောက်လုံး အကျင့်နဲ့ လူက သူကြီးပေါ့ (သူကြီးအကြောင်းပိုသိတဲ့လူထပ်ပြောပေးပါကြဦးလေ ..)

      Reply

  • meelay

    March 25, 2011 at 7:57 am

    မင်းသမီးလေးရေ …….. ဒီရွာမှာ သဂျီးကိုမှ မသိရင်တော့ ရထားတဲ့ ပွိုင့်လေးတွေ ပျောက်ကုန်အုံးမယ်နော် ……….. 🙂

    Reply

Leave a Reply

Your email address will not be published.