ကတုံးများ သတိထားရန် အချက်…

lu ta loneApril 28, 20101min02

နောက်တာနော်… လူတလုံးလဲ ကတုံးနဲ့ပါ…

ဒါပေမဲ့ သတိထားတာတော့ ထားရမှာ… ဘာကိုလဲ ဆိုတော့ အခု ရန်ကုန်မှာ တအားပူတယ်လေ…

အဲဒီမှာ ဆံပင်နဲ့လူထက် ကတုံးတွေက ခေါင်းကိုရေဆွတ်ပြီး အအေးခံကြတယ်ဗျ…

မနေ့ကပဲ မီးပွိုင့်တခုမှာ… Taxi သမားတယောက်ဆုံးသွားတာ ကြားလိုက်တယ်…

ဘယ်လိုဆုံးလဲဆိုတော့.. သူလဲ ဘုန်းကြီးလူထွက် (ဝါ) ကတုံးနဲ့ကို အိုက်လို့ဆိုပြီး ရေဆွတ်တယ်လေ…

နဂိုကလည်း သူမှာ ရောဂါ အခံတော့ရှိပါတယ်…

ဒါပေမဲ့ တိုက်ဆိုင်ချင်တော့ ရေဆွတ်ထားတာရော ပေါင်းပြီး ဦးနှောက်သွေးကြောပြတ်ပြီး

ဆုံးသွားတာ ခင်ဗျ…

အဲဒါကြောင့် ကတုံးများ အိုက်တိုင်း ရေမဆွတ်ပါနဲ့ အေးအောင်ဆိုပြီး…

အခန့်မသင့်ရင် လျှောနိုင်ပါကြောင်း ခင်ဗျာ…

2 comments

  • susunosuki

    April 28, 2010 at 4:35 am

    ရာသီဥတုက ဒီလောက်ပူနေတာကို ကတုံး နဲ့ဆိုတော့ သတိထားပေါ့
    အစ်ကိုရာ

    Reply

  • etone

    April 28, 2010 at 5:39 am

    အင်း ဟုတ်ပါ့ ။ အခုရန်ကုန်မှာ တော်တော့်ကိုပူလာပြီ။ အရင်က အညာမှာပူသလိုကိုပူလာတာပဲ ။ ဖြစ်နိုင်ရင် နေ့လည်ဘက် အပြင်တောင်မထွက်ချင်ဘူး ။ ကတုံးဖြစ်နေတဲ့လူဆိုရင်လည်း ဦးထုပ်လေးဘာလေးဆောင်းပေါ့နော် ။ UV ပါတဲ့ထီးမျိုးဆောင်းရင်လည်း အတိုင်းတာတခုထိတော့ကာကွယ်ပေးမှာပေါ့ ။ အသားရေကိုတော့ sun block lotion တွေလိမ်းပြီးမှအပြင်ထွက်သင့်တာပေါ့ ။ မဟုတ်ရင် တင်းတိတ်တွေ၊ မှဲ့ခြောက်တွေထွက်လာတတ်တယ်လေ။

    Reply

Leave a Reply

Your email address will not be published.