အရည်အချင်းနှင့် လက်တွေ့

introMarch 25, 20111min07

လူငယ်တစ်ဦးသည် ကုမ္ပဏီတစ်ခုတွင် အလုပ်စဝင်လေသည်။ လုပ်ဖော်ကိုင်ဖက်ထဲတွင် သူသည် ပညာအရည်အချင်း အမြင့်ဆုံးဖြစ်သည်။

တစ်နေ့တွင် သူသည် နားခိုရာ အဆောင်နောက်ရှိ ငါးကန်တွင် ငါးသွားမျှားလေသည်။ သူ၏ လက်ယာနှင့် လက်ဝဲဘက်တွင် လုပ်ဖော်ကိုင်ဖက်နှစ်ဦးက သူ့ထက် ရောက်နှင့်နေသည်။ သူတို့နှစ်ဦးကို ခေါင်းညိတ်ပြုံးပြပြီး စိတ်ထဲတွင် “ရိုးရိုးဘွဲ့ရထားတဲ့ လူတွေနဲ့ ငါ့မှာ ဆွေးနွေးစရာအကြောင်းမရှိ” ဟု စဉ်းစားမိသည်။

တအောင့်ကြာသော် လက်ယာဖက်လူက ခါးကြောဆန့်ရင်း ငါးမျှားတံကို ချကာ ရေပေါ်လမ်းလျှောက်ပြီး မျက်နှာချင်းဆိုင်ရှိ စည်းရိုးခြားထားသော နားနေဆောင်သို့ အပေါ့အပါးသွားလေသည်။ ထိုလူ ရေပေါ်လျှောက်သွားသည်ကို ကြည့်ပြီး လူငယ်မှာ ကိုယ့်မျက်စိကိုယ် မယုံနိုင်အောင် ဖြစ်မိသည်။ အပြန်တွင် သူသည် ထိုနည်းအတိုင်း ရေပေါ်လမ်းလျှောက်ပြီး ပြန်လာသည်။ လူငယ်မှာ ဘာကြောင့် ရေပေါ်လမ်းလျှောက်နိုင်သည်ကို မေးချင်သော်လည်း “ငါကသူတို့ထက် ပညာတတ်တယ်” ဆိုပြီး ပညာမာန်နှင့် သွားမမေးခဲ့ချေ။

တအောင့်အကြာတွင် လက်ဝဲဘက်လူကလည်း ထိုနည်းအတိုင်း ရေပေါ်လမ်းလျှောက်ပြီး အပေါ့အပါး သွားလေသည်။ “သိုင်းတတ်တဲ့ ကုမ္ပဏီထဲ ငါရောက်နေပါလား.. မဖြစ်နိုင်ပါဘူးလေ” လူငယ်မှာ မူးမေ့မတတ် အံ့ဩမိသည်။

ခဏအကြာတွင် လူငယ်မှာ အပေါ့အပါးသွားချင်လာသည်။ ငါးကန်ကိုပတ်ပြီး နားနေဆောင်သို့ (၁၀)မိနစ်ခန့် လမ်းလျှောက်ရဦးမည်။ ထိုသူနှစ်ဦးကိုလည်း မမေးချင်။ အောင့်နိုင်သမျှ အောင့်ပြီး မအောင့်နိုင်သည့်အဆုံး လူငယ်သည် “သူတို့တောင် လုပ်နိုင်သေးရင် ငါက ဘာလို့ မလုပ်နိုင်ရမလဲ” ဟု တွေးပြီး ရေပေါ်သို့ ခြေလှမ်း လှမ်းလိုက်သည်။ လှမ်းလိုက်သည်နှင့် ရေထဲသို့ ပြုတ်ကျသွားလေသည်။ ဘေးက လူနှစ်ယောက်က အမြန်ဆယ်ပြီး ဘယ်လို့ ရေထဲခုန်ချရသလဲဟု မေးလေသည်။

“ခင်ဗျားတို့ကျတော့ ရေပေါ် လမ်းလျှောက်နိုင်တယ် ဘာလို့လဲဟင်” လူငယ်နှစ်ဦးမှာ ရယ်ရင်း “ငါးကန်ထဲမှာ တံတားတစ်ခုရှိတယ်။ ရှေ့နှစ်ရက်က မိုးရွာလို့ တံတားမြုပ်သွားခဲ့တယ်။ ကျွန်တော်တို့က တံတားနေရာကို သိလို့ အခုလို လျှောက်သွားနိုင်တာပါ။ ဘာဖြစ်လို့ ကျွန်တော်တို့ကို မမေးတာလဲဗျာ” ဟု ပြန်ဖြေလေသည်။

ကျောင်းပြီးလို့ ပြင်ပအလုပ် စဝင်ပြီချိန်တွင် ဘာနှင့်ပဲ ကျောင်းပြီးခဲ့ပြီးခဲ့ အလုပ်အတွေ့အကြုံ၏ စိန်ခေါ်ခြင်းကို ရင်ဆိုင်ရစမြဲပင်။ ထိုအတွေ့အကြုံများသည် ကျောင်းသင်္ခန်းစာထဲတွင် သင်ယူလို့ မရနိုင်ပေ။ ထိုအတွေ့အကြုံများသည် အမြဲမပြတ် သင်ယူလေ့လာခြင်း၏ ရလဒ်ပင်ဖြစ်သည်။

“သူတို့ထက်ငါ ရာထူးပိုကြီးတယ်။ သူတို့ထက် ငါဘွဲ့ဘယ်နှစ်ခု ရထားတယ်။ သူတို့ထက် ငါစာပိုဖတ်တယ်။ ပိုတော်တယ်။ ……..” စသည်ဖြင့် ပညာမာန် တက်နေရာမလိုပေ။ အတွေ့အကြုံရှိသူကို လေးစားပြီး ပညာရှိသူကို ချည်းကပ်ရမည်ပင်။

Credit: forwarded mail

7 comments

  • nigimi77

    March 25, 2011 at 3:41 pm

    တကယ် ကောင်းတယ်။

    Reply

  • unclegyi1974

    March 25, 2011 at 4:53 pm

    မြက်ထမ်းလာတဲ့သူနဲ့သူတောင်းစားပုံနဲ့သိပ်
    မကွာပါဖူး
    ဆိုလိုရင်းကအတူတူပါပဲ

    Reply

  • zaw min

    March 25, 2011 at 6:34 pm

    အတွေ့အကြုံဆိုတာ မိမိဘဝအတွက်အကောင်းဆုံးရင်းနှီးမြုပ်နှံမှူပါပဲ။ကိုယ်တွေ့၊စာတွေ့၊သူတစ်ပါးတွေ့ အားလုံးသည်ဘဝအတွက်အရေးပါသော် သင်ခန်းစာများပင်ဖြစ်သည်။

    Reply

    • kai

      March 25, 2011 at 10:47 pm

      အခုစာအရတော့..။
      လုပ်ငန်းခွင် … စီနီယာ၊ ဂျူနီယာက စကားပြောသွားတာလို့ထင်တယ်..။
      မြန်မာတွေမှာ .. အဲဒီအလေ့အကျင့် တော်တော်အားနည်းတယ်..။

      Reply

  • မိုက်ကယ်ဂျော်နီအောင်ပု

    March 26, 2011 at 2:45 am

    ဒီနေရာမှာတော့
    ကံ၊ ဉာဏ်၊ ဝိရိယ
    သုံးပါးစလုံးနဲ ့ဆိုင်တယ်လို ့ယူဆမိတယ်ဗျ
    ဒါပေမယ့် ယနေ ့ရုပ်ပိုင်းဝါဒီတွေ လုံးဝလက်မခံတာကတော့ ကံ ပါဘဲ။
    စိတ်က ဦးဆောင်တဲ့ သဘောရှိပေမယ့်။
    လွဲသွားတာကတော့ တစ်လွဲမာန ကလည်း ခိုင်မာတဲ့ အကြောင်းတစ်ခုဖြစ် ရှိနေပါသေးတယ်။
    ပြောရရင်တော့ အောလပုံဘဲ

    Reply

  • Shwe Tike Soe

    March 26, 2011 at 2:51 am

    ကိုယ်တတ်တဲ့ နေရာမှာ ကိုယ်ကဆရာ
    ကိုယ်မတတ်တဲ့နေရာမှာ တပည့်ပေါ့
    ဒါဆို ပြီးပြီ
    ကိုယ်ကိုယ်တတ်လှပြီးလို. ထင်နေရင် အဲဒါတကယ်မတတ်သေးလို.ပဲလေ
    ဟုတ်တယ်မဟုတ်လား

    Reply

  • bigcat

    March 26, 2011 at 2:59 am

    လီယိုတော်စတွိုင်း ဘာသာပြန်ဝတ္ထု (ဆရာမောင်သော်ကလားမသိဘူး) တပုဒ် အရင်က ဖတ်ဖူးတယ် မော်စကိုက ခရစ်ယာန်ဂိုဏ်းချုပ်ဘုန်းကြီး သင်္ဘောနဲ့ နယ်လှည့်ခရီးထွက်တော့ အတော်ခေါင်တဲ့ ကျွန်းတကျွန်းပေါ်ကို ရောက်တယ်။ အဲဒီ့ကျွန်းက တောရကိုယ်တော်လေးပါးကို ဘုရားဝတ်ပြုနည်း ဘာသာရေးကျင့်ဝတ်ထုံးစံတွေ ပုံမကျလို့ သင်ပေးခဲ့ရတယ်။ ကျွန်းကနေ သင်္ဘောပြန်ထွက်ပြီး ပင်လယ်ထဲရောက်တော့ တောကိုယ်တော်ကြီးလေးပါး ရေပေါ်ကနေ အပြေးလိုက်လာပြီး ဂိုဏ်းချုပ်ကြီးကို အရှင်ဘုရား ခဏဆိုင်းပါအုံး။ တပည့်တော်တို့ကို သင်ပေးလိုက်တဲ့ ဘုရားရှိခိုးပုံရှိခိုးနည်း မေ့သွားလို့ ပြန်ပြပါလို့ တောင်းပန်ကြတယ်။ ဆရာတော်လည်း မျက်လုံးပြူးသွားပြီး ကိုယ်တော်တို့ ပြုမြဲလုပ်တတ်သလိုသာ လုပ်ကြပါလို့ တောင်ပန်းလိုက်ရသတဲ့။

    Reply

Leave a Reply

Your email address will not be published.