င်္မေးခွန်းလေးတွေ လွယ်ပါတယ် ဖြေကြည့်နော်

meengelayMarch 17, 20111min07

အကယ်၍
၁= ၅
၂= ၂၅
၃= ၁၂၅
၄= ၆၂၅
၅= ?

မေးခွန်း ၂

ချိုချဉ်တစ်လုံးကို ၁ကျပ်ပေးရတယ်။
ချိုချဉ်အခွံ ၃ခုကို ချိုချဉ်တစ်လုံးနဲ့ လဲနိုင်တယ်။
၁၅ ကျပ်ဖိုး ဝယ်တယ် ဆိုပါစို့။
စုစုပေါင်း ချိုချဉ်ဘယ်နှစ်လုံး စားရမလဲ.. ?

က) ဝ လုံး
ခ) ၁၅ လုံး
ဂ) ၂ဝ လုံး
ဃ) ၂၁ လုံး
င) ၂၂ လုံး

မေးခွန်း ၃

တစ်ခါက ဆရာတစ်ဦးဟာ ဒီလို ဉာဏ်စမ်းထုတ်သတဲ့။
ဆွံအသူ တစ်ယောက်ဟာ ဆိုင်တစ်ဆိုင်မှာ သံချောင်းဝယ်ဖို့ သွားခဲ့တယ်။ သူက
ဆိုင်ရှင်ကို ဘယ်ဖက်လက်ကို သံချောင်းသဏ္ဍာန် လုပ်ပြပြီး ညာဖက်လက်ကို
သံရိုက်သွင်းနေတဲ့ ပုံစံလုပ်ပြသတဲ့။ ဆိုင်ရှင်က သဘောပေါက်တဲ့ ပုံစံနဲ့
ခေါင်းညိတ်ပြပြီး သူ့ကို သံရိုက်တူ ကမ်းပေးလိုက်တယ်။ ဆွံအသူက မဟုတ်ကြောင်း
ခေါင်းခါပြပြီး သံချောင်းပုံ လုပ်ထားတဲ့ လက်ကို ညွှန်ပြသတဲ့။ အဲဒီတော့မှ
ဆိုင်ရှင်က သူ့ကို သံချောင်း ကမ်းပေးလိုက်တယ်။

အဲဒီအချိန်မှာ မျက်မမြင်တစ်ဦး ရောက်လာခဲ့တယ်။ မျက်မမြင်က သူဝယ်မဲ့ ကတ်ကြေးကို
ဆိုင်ရှင်နားလည်အောင် ဘယ်လို အလွယ်ဆုံးနည်းနဲ့ ရှင်းပြခဲ့သလဲ..? သင်ဟာ အတန်းထဲက
ကျောင်းသားတစ်ဦးဆိုရင် သင့်အဖြေက ဘာလဲ… ?

မေးခွန်း ၄

(၁) အပြေးပြိုင်ပွဲမှာ ခင်ဗျားဝင်ပြိုင်တယ် ဒုတိယနေရာကလိုက်နေတဲ့သူကို ခင်ဗျားကျော်တက်တယ်..။
ကိုင်း…အခုခင်ဗျား ဘယ်နေရာကပြေးနေတယ်ထင်လဲ…။

(၂)နောက်ဆုံးကလိုက်နေတဲ့သူကိုခင်ဗျားကျော်တက်လိုက်တယ်ခုခင်ဗျားဘယ်နေရာက
ပြေးနေမယ်ထင်လဲ…။

နောက်မေးခွန်းတစ်ခု ထပ်စမ်းကြည့်ရအောင်လား ဘာမှမရေးပါနဲ့ ဂဏန်းပေါင်းစက်ကိုလဲ
မသုံးပါနဲ့ နောက်ပြီးအမြန်ဆုံးဖြေရမယ်ဆိုတာကိုလဲ မမေ့ပါနဲ့…။ အိုကေပြီဆိုရင် စပြီ …..

(၃)၁၀၀ဝကိုယူလိုက် ၊၄ဝပေါင်း၊နောက်ထပ် ၁၀၀ဝထပ်ပေါင်း နောက် ၃ဝပေါင်း နောက်ထပ်
၁၀၀ဝ ပေါင်းထည့်လိုက်ပြီးရင် အပေါင်း ၂၀၊အပေါင်း ၁၀၀၀၊ပြီးရင် အပေါင်း ၁ဝ စုစုပေါင်း
ဘယ်လောက်ရလဲ…။

မေးခွန်း ၅

(၄) မမြင့်ရီရဲ့ အဖေမှာ သမီးကြီးပဲငါးယောက်ရှိတယ် (၁)ချာချာ (၂)ချယ်ချယ် (၃)ချီချီ (၄)
ချိုချို တဲ့…. ကိုင်းမေးခွန်းက ငါးယောက်မြောက်သမီးရဲ့ နာမည်က ဘယ်လိုမျိုးဖြစ်နိုင်မယ်ထင်လဲ..။

မေးခွန်း ၆

၁။ ၁၂လ ရှိတဲ့အထဲမှာ လူတွေစကားအနည်းဆုံးပြောတဲ့လက ဘယ်လလဲ။

၂။ ခြေထောက်လေးချောင်း ရှိတာတောင် လမ်းမလျှောက် နိုင်တာ ဘာလဲ။

၃။ ဘဝမှာ အတက်အကျအများဆုံး သူဟာ ဘယ်သူလဲ။

၄။ သူ့ကို ကြိုးချည်လိုက်တဲ့အခါ ပြေးပေမယ့် ကြိုးဖြေပေးလိုက်တာမှ
အသေကြီးရပ်နေတာ ဘာလဲ။

၅။ ဒီဇင်ဘာလ ကလွဲရင် ကျန်တဲ့ လ တွေမှာ မရှိတဲ့ အရာက ဘာလဲ။

၆။ ၁ဝ နဲ့၁ဝ ပေါင်းတာတောင် ၁ဝ ပဲပြန်ရတာ ဘယ်အခါမှာလဲ။

၇။ သူက တစ်လက်မပဲရှိပေမယ့် သူ့အမြီးက တစ်မိုင်လောက် ရှည်နိုင်တာဘာလဲ။

၈။ ကြာလာလေလေ အရပ်ပုလာလေလေ အဲဒါဘာလဲ။

၉။ ညမြင်နေ့ပျောက်ဆိုတဲ့အရာက ဘာလဲ။

၁၀။ သင်တစ်ဦးတည်း ပိုင်ဆိုင်သော အရာ ဖြစ်သော်လည်း သင်၏ မိတ်ဆွေ သူငယ်ချင်း
များကသာ အများဆုံး အသုံးပြုသော အရာကား အဘယ်နည်း။

(မှတ်ချက်..။ ဖိုရမ်တစ်ခုမှ ဘလော့ကို ကူးထားခြင်းဖြစ်ပါသည်..။

7 comments

  • intro

    March 17, 2011 at 2:20 pm

    ၁။ ၃၁၂၅
    ၂။ (င) ၂၂ လုံး
    ၃။ မျက်မမြင်က စကားပြောနိုင်တယ်လေ။ ကပ်ကြေးပေးပါလို့ ပြောမှာပေါ့။
    ၄။ (၁) ဒုတိယလူကို ကျော်တက်တယ်ဆိုတော့ ဒုတိယ နေရာမှာပေါ့
    (၂) နောက်ဆုံးက လူကို ကျော်တက်တော့ နောက်ဆုံးရဲ့ရှေ့ (ဘိတ်ရှေ့) ပေါ့
    ၅။ ငါးယောက်မြောက်က မမြင့်ရီပါ…

    (ကျန်တာကိုတော့ သိသူများ ဖြေပေးလိုက်ကြပါ) 🙂

    Reply

    • ဂျဲသု

      August 31, 2011 at 9:33 pm

      1= 5 ဆိုတော့ ၅=၁ လို.ထင်တယ်နော်

      Reply

  • gyinkalay

    March 17, 2011 at 4:27 pm

    1=၁
    2=21လုံး
    3=မျက်မမြင် က ဆွံ အသူမှ မဟုတ်တာ…ပါးစပ်နဲ ့ပဲပြောဝယ်မှာပေါ့
    4.(1)=ဒုတိယနေရာပေါ့
    (2)=နောက်ဆုံးက လို်က်နေမှ တော့ ကျော်တတ်စရာကိုမလိုတော့ဘူးပေါ့
    (3)=4100
    5= မမြင့်ရီပေါ့
    6=1.ဖေဖဝါရီလ
    2.ကုတင်
    3.ဓါတ်လှေခါးမောင်းတဲ့သူ
    4.အပ်ချုုပ်စက်လား…
    5.happy new year
    6.လက်နဲ ့လက်အိ်တ်ဝတ်တာ
    7. အပ်နှင့်အပ်ချည်
    8.ဖယောင်းတိုင်
    9.ဖိနပ်စီးတဲ့ ကြက်
    10.နာမည်

    Reply

  • Gong Zhu

    March 17, 2011 at 7:02 pm

    ကိုဂျင်းကလေးကတော်လှချည်လား … သမီးဖြေမှာနဲ့ တူတူပဲဖြစ်နေလို့ … 😛

    Reply

  • meengelay

    March 18, 2011 at 3:12 am

    အခုလို ဖြေပေးတဲ့အတွက် ကျေးဇူးပါနော်

    Reply

  • etone

    March 18, 2011 at 3:53 am

    ဒီမေးခွန်းတွေက လောင်းလောင်းအဂိုးထဲက အင်တာနက်က ဖော်ဝေါ့မေးလ်တွေ ထဲ ပလူပြန်နေခဲ့တာ ကြာဘီ 😀

    Reply

  • gyinkalay

    March 24, 2011 at 2:48 pm

    အဖြေမှန်လဲ ပြောအုံးလေ…

    Reply

Leave a Reply to meengelay Cancel Reply

Your email address will not be published.