Singapore နိုင်ငံမှ လေထုတိုင်းတာမှု့

meengelayMarch 16, 20111min00

လေထုအရည်အသွေးတွေ ကောင်းမွန်နေဆဲပါ။
(၁၁-၃-၂၀၁၁)ရက် ညနေပိုင်းမှာ ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းဒေသတွေမှာ ရေအောက် ငလျင်ကြီးလှုပ်ရာမှာ ဆူနာမီရေလှိုင်းတွေဖြစ်ပေါ်လာခဲ့လို့ nuclear plant (၆)ခုရှိတဲ့အနက် (၄)ခုမှာ ပေါက်ကွဲမှုတွေဖြစ်ခဲ့ပါတယ်။ အဲဒီမှာ ရေဒီယိုသတ္တိကြွရောင်ခြည်တွေ လေထုထြရောက်ရှိသွားခဲ့ရာမှာ ဂျပန်နို်င်ငံမှာတော့ အရေးပေါ်အခြေအနေမျိုးတွေ ဖြစ်နေရပါတယ်။
အဲဒီမှာ ဒီရေဒီယိုသတ္တိကြွရောင်ခြည်တွေ လေထုထဲကမှတစ်ဆင့် အိမ်နီးချင်းနိုင်ငံတွေကိုပါ ပျံ့နှံ့ရောက်ရှိသွားလိမ့်မယ်ဆိုတဲ့ သတင်းတွေနဲကအတူ မြန်မာနိုင်ငံကိုလည်း အက်ဆစ်မိုးတွေ ရွာသွန်းတော့မယ်ဆိုတဲ့ ကောလဟာလတွေ အများကြီးဖြစ်ပေါ်နေခဲ့ပါတယ်။
ဒါနဲ့ပတ်သက်ပြီး စင်္ကာပူနိုင်ငံမှာ (၁၅-၃-၂၀၁၁)ရက်နေ့မှာ တိုင်းတာရရှိခဲ့တဲ့ လေထုအရည်အသွေး မှတ်တမ်းများကို ကြည့်တဲ့အခါ လေထုမှာ ဘာမျှပြောင်းလဲမှုမရှိသေးဘဲ ကောင်းမွန်နေဆဲဖြစ်တာကို တွေ့ရပါတယ်။ ဒါကြောင့် (၁၅-၃-၂၀၁၁)ရက်နေ့အထိ မြန်မာနိုင်ငံဖက်ဆီကို ရေဒီယိုသတ္တိကြွ ရောင်ခြည်တွေ ရောက်လာမှုမရှိသေးတာကို သိရပါတယ်။ http://www.tunlwin.com မှ ကူးယူဖော်ပြပါသည်။

Leave a Reply

Your email address will not be published.