ဂျပန်မှာ အင်အားပြင်း ငလျှင်တစ်ခု တကယ်ထပ်လှုပ်ဦးမှာလား

etoneMarch 16, 20111min00

Email ထဲက ရတာပါ ။ မှန်လား မှားလား မဆုံးဖြတ်နိုင်ခင်ပဲ ပို့စ်တင်ပေးလိုက်ပါတယ် ။ သတိဆိုတာ ပိုတယ်လို့ မရှိပေမဲ့ … တထစ်ချ အတည်မပြုနိုင်သေးတဲ့ မေးလ်ထဲက သတင်းတစ်ခုအတွက်နဲ့ တုန်လှုပ်စရာမလိုဘူးလို့လည်း ပြောလိုက်ပါရစေ ။ ဖြစ်လာခဲ့လျှင် ဆိုတာမျိုးတွေးပြီး စားစရာသောက်စရာတွေနဲ့ လုံခြုံတဲ့ အဆောက်ဦးထဲ ရှိနေသင့်ပေမဲ့ …. ချင့်ယုံကြစေချင်တယ် ။

———————————————
ဂျပန်မှာရှိတဲ့ သင့်မိတ်ဆွေများကို ထပ်မံသတိပေးကြပါ(အသစ်မုန်တိုင်းသတင်း)

ဩစတေးလျ Seismological Centre မှ ဒါရိုက်တာဖြစ်တဲ့ ဒေါက်တာ ကီဗင်မက်ခ်ရု က ဂျပန်မှာ ငလျင်ကြီးမလှုပ်ခင် ငလျင်ငယ်ကလေးများ အကြိမ် ရာကျော်ပြီး လှုပ်ကတည်းက အင်အားပြင်း ငလျင်ကြီး လှုပ်တော့မယ်လို့ ကျန်ခဲ့တဲ့ သောကြာနေမှာ သတိပေး ပြောကြားခဲ့ပါတယ်။ သူပြောပြီး တစ်နေ့တည်းမှာဘဲ ဂျပန်မှာ ငလျင်ကြီးလုပ်ခဲ့ပါတယ်။ အခုလည်း နောက်ထပ် သတိပေးပြန်ပြီ ပထမ လှုပ်သွားတဲ့ ငလျင်ကြီးထက် ၁ မဂ္ဂနီကျူ့လျော့နည်းတဲ့ ငလျင်တစ်ခု လှုပ်နိုင်တယ်လို့ ဆိုပါတယ်။ ပထမ လှုပ်ခဲ့တဲ့ ငလျင်ကြီးထက် ၁ မဂ္ဂနီကျူ့လျော့နည်းတယ်ဆိုတော့ ၇.၉ (သို့) ၈.ဝ ပြင်းအားရှိတဲ့ အင်အားပြင်း ငလျင်တစ်ခု ဒီရက်ပိုင်းအတွင်းမှာ ထပ်လှုပ်ဖို့ ရှိနေတယ် လို့ ပြောထားပါတယ်။ နောက်ပြီး ဆူနာမီ လှိုင်းများလည်း ထပ်မံဖြစ်ပေါ်လာနိုင်တယ်လို့ပြောပါတယ်။
်မြောက် အိုင်ယာလန်မှ ပညာရှင်တစ်ဦးဖြစ်တဲ့ John McCloskey လည်း ဂျပန်မှာ နောက်ထပ် လှုပ်လာနိုင်တဲ့ ငလျင်က လွန်ခဲ့တဲ့ လက နယူးဇီလန် ခရစ်ချက်ခ် မှာ လှုပ်ခဲ့တဲ့ ငလျင်ထက် ပိုပြင်းနိုင်တယ်လို့ ပြောနေပါတယ်။
Japan Time မှ ကျေငြာချက်ကတော့ ပြင်းအား ၇.ဝ မဂ္ဂနီကျူ့ ပါတ်ဝန်းကျင်ရှိတဲ့ ငလျင်တစ်ခု ၃ ရက်အတွင်းမှာ လှုပ်ဖို့ (၇ဝ%) ရှိနေပြီး နောက် ၃ ရက် ကျော်မှ လှုပ်ဖို့ အတွက်ကတော့ (၅ဝ%) ရှိနေပါတယ်လို့ ဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published.