ကောက်ကျစ်လှည့်ဖျား နင့်စကား Mean

turncoat

မင်းတို့ပြောစကား
အလကားပါကွာ
ကျောင်းသားဆိုတာ
ဆေးသမား
ဆန္ဒပြသူတွေက
ကလေကဝ
အလုပ်သမားဆူပွက်
ဓားစားခံငဝက်တဲ့…

လှုပ်ရှားမှုဖြစ်တိုင်း
သွားမပါနဲ့
ကျောက်နံရံ
ကြက်ဥနဲ့ပေါက်
ဘဝပျောက်သွားမယ်
ခြိမ်းလိုက်ခြောက်လိုက်
ဟိန်းလိုက်ဟောက်လိုက်…

မရတဲ့အဆုံး
အနောက်တိုင်းမုန်း
စီအိုင်အေဗုံး
ကူမြူနစ်သုံး
လူမျိုး ဘာသာ
သပ်ရှိုသွေးခွဲ
ကယ်တင်ပွဲတဲ့…

လူထုအသိစိတ်
ရှင်သန်နိုးကြွားမှု
ပေါက်ကွဲထွက်လာမဲ့
မြည်ဟိန်းသံ
နင်တို့ကိုဝါးမျိုပစ်မဲ့
မီးတောက်မီးလျှံများ
ရှောင်လို့မရ
နောက်ကျခဲ့ပြီ
နင့်ဘဝ…

Leave a Reply

Your email address will not be published.