ကမ္ဘာကျော် အုံးမယ့် ထုတ်ပြန်ချက်

ဘဘMarch 18, 20111min08

”အင်တာနက်ဖုန်းများကို အသုံးမပြုကြရန် မြန်မာအင်ဖိုတက်မှ အကြောင်းကြားစာ ထုတ်ပြန်” ဆိုတဲ့ ဟာပါ။ အရှည် ကိုတော့ http://news-eleven.com/index.php?option=com_content&view=article&id=7622%3A2011-03-16-18-23-24&catid=42%3A2009-11-10-07-36-59&Itemid=112 မှာ ဖတ်နိုင်ပါတယ်။

တော်တော် တရားမျှတ ပါတယ်။ ဒီ လိုမျိုး မျှမျှတတ ညွန်ကြားချက်တွေ၊ ဥပဒေ တွေ ထုတ်နိုင် ဖို့ ဆိုတာ တော်ရုံ အသိညာဏ် ပညာမျိုးနဲ့ ဆိုဘယ်ရလိမ့်မလဲ။ ဪ ဒါကြောင့် လဲသူတို့ လိုညဏ်ကြီးရှင် တွေ ပဲ နိုင်ငံ ကိုအုပ်ချုပ် နေတာပေါ့။

8 comments

  • Hello Everyone

    March 18, 2011 at 9:41 pm

    ”အင်တာနက်မှ တစ်ဆင့် VoIP ခေါ်ဆိုမှုများ ပိုမို များပြားလာခြင်း ကြောင့် မြန်မာ့ဆက်သွယ်ေ ရးလုပ်ငန်း၏ တရားဝင် နိုင်ငံခြားခေါ်ဆ ိုမှုများ ကျဆင်းလာပြီး နိုင်ငံတော်၏ ဝင်ငွေ ထိခိုက်မှုများ ဖြစ်ပေါ်လာကြောင် း”

    နိုင်ငံတော် ဝင်ငွေ ဆိုပဲ။ ဆက်သွယ်ရေး ကိုရော ဘယ်သူ လေလံဆွဲ ထားပြန်တုံး။

    Reply

  • Hello Everyone

    March 18, 2011 at 9:53 pm

    မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြာ းရေးမှုး ဦးတင့်လွင် ဆိုတဲ့ ညဏ်ကြီးရှင် ကြီး က ညွှန်ကြားချက် ထုတ် တယ်လို့ ပြောပါတယ်။ကမ္ဘာကျော် Google ကုမ္ပဏီ ကလဲ အဆိုပါဂို္ဂုလ်ကြီးအား (Mr. တင့်လွင် ကို)ငှင်း၏ပြိုင်ဖက်များကို ယှဉ်ပြိုင်နိုင်ရန် အလိုရှိနေကြောင်းသိရသည်။

    Reply

  • နိုင်နိုင်

    March 19, 2011 at 2:41 am

    ဟုတ်ပါတယ် မြန်မာ အင်ပိုတက် က လိုင်စင် ဝယ်ထားတဲ့ အင်တာနက်ဆိုင်တွေကို အဲဒီ ထုတ်ပြန်ချက် စာတွေပို့တယ်လို့သိရပါတယ်။ ကျွန်တော်မနေ့က အဲဒီထုတ်ပြန်ချက် စာတင်တာ မရလို့ မတက်လိုက်ရပါဘူး။ ခေတ်မှီတိုးတက်ဖို့ဆိုတာ အင်တာနက် Network ဆိုတာက အဓိကပါဝင်နေပါတယ်။ ဒါနဲ့များ ခေတ်မှီဖွင့်ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီသို့တဲ့လေ 😀 အောက်ကိုဆင်းနေတဲ့ တိုးတက်ခြင်းတွေပါ။ဥပဒေ တော့နားမလည်ပေါင် တွေးကြည့်မိတယ် သစ်ဆန်း ခေတ်မှီတဲ့ ဥပဒေတွေပါပဲနော်.အဲဒီထုတ်ပြန်ချက်ကိုဖတ်မိတဲ့ အသိတစ်ယောက်အင်တာနက်ဆိုင်က စာရေးပြီးမေးပို့လိုက်တယ် သူကတော့ ဒီလိုပါတဲ့ဗျာ..
    ဖြစ်သမျှ အကြောင်း အကောင်းချည်းပဲ

    ဒီနေ့ ကိုကိုချမ်းတစ်ယောက် အူမြူးနေသည်။
    အကြောင်းရင်းမှာ Gtalk, VZO, Skype, Pfingo များ မပြောရ ဟူသော စာ
    တစ်စောင်ကြောင့် ဖြစ်သည်။
    ကိုကိုချမ်းက အင်တာနက် ဆိုင် ဖွင့်ထားသည်။
    သူ့ဆိုင်က စက် 10 လုံးမှာ 9 လုံးလောက်က မိုက်တွေ မကောင်းပါ။
    မိုက်များကို ပြန်လဲမည်ဆိုလျှင် 5 ထောင်တန် 10 ရွက်လောက်တော့ ပျံ
    ထွက်သွားမှာ သေချာနေသည်။
    အခုတလော Cyber Attack, Fiber Error စသည့် စသည့်
    အကြောင်းပြချက်များကြောင့် Connection မကောင်း ။
    Connection ကောင်း ပြန်တော့ 10 တန်းတွေ စာမေးပွဲဟုဆိုကာ ဆိုင်ပိတ်ခိုင်းပြန်သည်။
    ဝင်ငွေ သိသိသာသာ ထိခိုက်နေသော အချိန်တွင် အဆိုပါ သတင်းမှာ သတင်းကောင်း ဖြစ်နေသည်။

    အဘယ်ကြောင့်နည်း ????

    ကိုကိုချမ်း၏ အင်တာနက်ဆိုင်က Connection မကောင်းပါ .
    User တွေ စကားပြောမည် ဆိုလျှင် 1 နာရီလုံး ဟယ်လို ဟယ်လိုနှင့်
    ပြီးသွားသည်က များသည်။
    1 Mbs ရဖို့ ကြိုးစားသည်ကလည်း အဆင်မပြေ ။
    သူများတွေလို Skynet နှင့် IP star အပြိုင် အဆိုုင်လည်း မတပ်ဆင်နိုင် ၊
    မဒီချမ်း နှင့် ဘေဘီချမ်း အတွက် လိုတာတွေက ဝယ်ရသေးသည်။ ထို့ ကြောင့်
    VOIP မပြောရ ဟု ဆိုလျှင် အဆိုပါ ပြသာနာများ သူ့ အလိုလို ပြေလည် သွားမည်
    ဖြစ်သည်။

    အဝေးရောက် သားသမီးတွေ နှင့် ဆက်သွယ်ချင်သော မိဘတွေကို စကားမပြောရပဲ
    စာဖြင့် အီးမေးလ်လှမ်းပို့ခြင်းက ကိုကိုချမ်းအတွက် ပိုကိုက်သည်။ စာ 4
    ကြောင်းလောက်ပို့သည်ကို 500 ကျပ် ယူသည်။
    စာပြန်လာလျှင် ဖုန်းဆက် အကြောင်း ကြား ခပါ ထပ် ယူလိုက်သေးသည်။
    စာအသွားအပြန်က 1000 လောက် ရသည်။
    စကားပြောခွင့်ရလျှင် 1 နာရီလုံးမှ 300 ပဲ ရသည့်အတွက် ကိုကိုချမ်း က ယခု
    အစီအစဉ်ကို ကြိုက်သည်။

    ( ဖြစ်သမျှ အကြောင်း အကောင်းချည်းပဲလို့ မှတ်ယူချင်တဲ့ စိတ်နဲ့
    ရေးခြင်းဖြစ်ပါသည် ။ မည်သည့်ရည်ရွယ်ချက်မှ မရှိပါ )

    Reply

  • နိုင်နိုင်

    March 19, 2011 at 2:42 am

    ကွန်မန်း အများကြီးရေးပေးလိုက်တယ်နော်..အမှတ်တွေအများကြီးရအောင်လို့..အလှည့်ကြရင်မနွဲ့ကြစတန်းနော်..:D နောက်တာပါ…အဲဒီအကြောင်းရာနဲ့ပတ်သက်ပြီး ရွာသူရွာသားအပေါင်းတို့ သိသမျှ ဝင်ရောက်ဆွေးနွေးကြပါဦးဗျာ…။

    Reply

  • char too lan

    March 19, 2011 at 5:54 am

    ဘဘ က Hello Everyone ဖြစ်သွားတာလား @_@

    Reply

  • manawphyulay

    March 19, 2011 at 9:11 am

    နာမည်က စီးနေလို့ ပြောင်းတာလည်း နာမည်ပြောင်းတာ ဘာမှမကျွေးပါလား ဘဘကြီးရေ…………..

    Reply

  • intro

    March 19, 2011 at 10:55 am

    စိတ်နာချင်လာပြီနော်… Master Card မရှိ၊ Paypal မသိ ဘဝကနေပြီး၊ Gtalk မသိ၊ VOIP နတ္ထိ ဘဝ ရောက်အောင် လုပ်နေကြပါလား၊ ဒီလို အကျင့်၊ ဒီလို ဦးနှောက်တွေနဲ့ ဆိုရင်တော့ တိုးတက်ဦးမှာပါ။

    Reply

  • OQ23

    March 19, 2011 at 1:11 pm

    ဘာတွေပြောနေတာလဲ၊လုပ်ချင်သလိုလုပ်ပါတော့။
    ဆက်သွယ်ရေးဝန်ကြီးရယ်။အကျင့်တွေပျက်၊ဦးနှောက်ပျက်နဲ့တော့
    သွားပါပြီ။ဘာတွေမှန်းကိုမသိဘူး။
    သူတို့ခေတ်ဆိုတော့လုပ်ပေါ့၊တိုးတက်နေဆဲပါ။
    လိုင်းကားများဆီသို့

    Reply

Leave a Reply

Your email address will not be published.