မဟာမြိုင် အတွင်းမှ ရတနာ တပါး

ဆူးMarch 14, 20112min016

မဟာမြိုင် တောထဲမှာ တစ်ပါးတည်း သီတင်းသုံးနေတဲ့ ရဟန်း ဖြစ်ပါတယ်။

လူသူ အရောက်အပေါက် နည်းတဲ့ အရပ်မှာ တပါးတည်း သီတင်းသုံးနေတာ သိပြီး မနှစ်ကမှ စတင်ပြီး လူတွေ ဆရာတော်ဆီ သွားရောက်ဖူးကြပါတယ်။

ဆရာတော် ကို သွားဖူးရန် အတွက် မုံရွာမြို့ မှ ၁၄နာရီ တောလမ်းကို ကားနှင့် မောင်းနှင်ခဲ့ရပြီး သစ်ကားများ သွားနေကျ နေရာ ဖြစ်တဲ့ အတွက် လမ်းမှာ မညီမညာနှင့် ချိုင့်ခွက်မှားစွာ မြန်နှုန်းမြှင့် မောင်းလို့ မရဘဲ မောင်းရတဲ့ အတွက် အချိန်ကြာပြီး ဖုံထူထူ သဲတောထဲမှာ မျက်နှာဖုံးအုပ်ပြီး သွားရပါတယ်။




ဒါကတော့ မဟာဗောဓိမြိုင် ဆရာတော် သီတင်းသုံးတဲ့ ကျောင်းဝင်း အဝင်အဝ မုဒ်ဦး ဖြစ်ပါတယ်။


မုဒ်ဦးကို ကားတက်တဲ့ လမ်း ဖြစ်ပါတယ်။ မနှစ်က ဒီလမ်းကလေးက ဘူဒိုဇာနဲ့ ထိုးပြီး ရှင်းထားတဲ့ လမ်းကလေးအဆင့်ဘဲ ရှိပါတယ်။ လူတွေ အရောက်အပေါက်များပြီး တယောက် လှူ တစ်ယောက် လှူနဲ့ ကွန်ကရစ်လမ်းကလေး ဖြစ်နေပါပြီ။

တောထဲမှာ မီးလည်း မရှိပါဘူး အလင်းရောင် လျှပ်စစ်မီး အတွက် ဆိုလာ စနစ်ကို သုံးထားပါတယ်။
ရေအတွက်ကတော့ အဆောင်တွေက ခေါင်မိုးတွေတွေက ရွာလို့ ကျတဲ့ မိုးရေတွေ ကန်နဲ့ စုထည့်ထားတဲ့ အတွက် ရေ လည်း အဆင်ပြေပါတယ်။

မနှစ်က ဆရာတော်ကြီး လူတွေ အဖူးခံတယ် ဆိုတော့ တနေ့တနေ့ တောလမ်းခရီးဖြတ်ပြီး သွားတဲ့လူတွေ အယောက် ၂၀ဝ ၃၀ဝ ဝန်းကျင် ရှိပါတယ်။ မိုးတွင်း မိုးသိပ်ကောင်းတဲ့ အချိန် ကားသွားရ ခက်တဲ့ အချိန်မှ သာ လူတွေ သွားတာ ကျဲသွားကြပါတယ်။

ကျောင်းဝန်းထဲမှာ လူတွေ ညအိပ်တဲ့ အဆောင်မှာ စာကပ်ထားပါတယ်။
ဤနေရာတွင် တည သာ ခွင့်ပြုသည်။
ထိုစာတမ်း ကြောင့် လူတွေ ပိုပြီးလည်း မနေရဲပါဘူး။
ဆရာတော်ကြီးကတော့ တောင်ပေါ်က ကျောင်းမှာ သီတင်းသုံးပါတယ်။
ဆွမ်းခံကြွတဲ့ အချိန်ဆင်းလာပြီး ဆွမ်း အလှူခံပြီး တရားဟောပြီး ပြန်ကြွ သွားလေ့ ရှိတယ်။
ဆရာတော် မခေါ်ဘဲနဲ့တော့ ဘယ်သူမှ မတက်ရပါဘူး။

တောင်ပေါ်ကနေ ဆွမ်းခံကြွတဲ့ ပုံ ဖြစ်ပါတယ်။


ဆွမ်း အလှူခံပြီး တရားချီးမြှင့်တဲ့ ပုံဖြစ်ပါတယ်။


ဆရာတော် မကြွခင် လှူဖွယ်များ ပြင်ဆင် နေတာ ဖြစ်ပါတယ်။


ထင်းလှောင်ရုံ


ဆွမ်းကပ် ရန်နှင့် ရောက်လာတဲ့ လူတွေ ကိုယ့်ဟာကို ချက်ပြုတ်စားသောက်နေကြတဲ့ အနေအထား ဖြစ်ပါတယ်။


ဆရာတော် ကြွလာမဲ့ လမ်း ဖြစ်ပါတယ်။



မနှစ်က ယခု မြင်ရတဲ့ ကျောင်းက သစ်သား ကျောင်းအဟောင်းလေး ဖြစ်ပါတယ် ထိုကျောင်းမှာ ယခင်က ဆရာတော်ကြီး သီတင်းသုံးပြီး တရားအားထုတ်ပါတယ်။ နောက်ပိုင်း လူတွေ လာတော့ တောင်ပေါ်ကျောင်းကို ရွေ့ပြီး သီတင်းသုံးပါတယ်။ အလှူရှင်တွေ သစ်သားကျောင်းကို ယခုမြင်ရတဲ့ ကျောင်းပုံစံမျိုးဆောက်လှူထားတာ ဖြစ်ပါတယ်။

ဆရာတော်ကြီး မှ အလှူခံပြီး ဆောက်ထားခြင်း မဟုတ်ပါ။
လှူချင်တဲ့ ဒကာတွေ ဆရာတော် ထံ ခွင့်တောင်းပြီး လှူသွားခြင်းဖြစ်ပါသည်။

မရောက်ဘူးသူတွေ ရောက်ဖို့ရန် ခက်ခဲ့သည့် နေရာက ပုံတွေကို မျှဝေလိုက်ပါသည်။

16 comments

  • ဆူး

    March 14, 2011 at 5:21 pm

    http://myanmargazette.net/15066/travel/local-guides
    အဲဒီ လင့်မှ အကြောင်းအရာတွေနဲ့ တူပါတယ်။
    ယခု ပိုစ်မှာတော့ ပုံတွေ တင်ထားပါတယ်။ ၂ခုလုံး ဖတ်လိုက်မယ်ဆိုရင်တော့ ပိုပြည့်စုံသွားမယ် ထင်ပါတယ်။

    Reply

  • kuroko

    March 15, 2011 at 3:25 am

    ကျေးဇူးတင်ပါတယ် ဆူးရေ…ဆရာတော်ပုံကိုတော့ အရမ်းကြည်ညိုလွန်းလို ပင့်သွားလိုက်တယ်နော်…နောက်လည်း မြန်မာပြည်အနှံ့ ရောက်ဖြစ်တဲ့နေရာကပုံလေးတွေ များများတင်ပေးပါနော်….မြန်မာပြည်နဲ့ တော်တော်ဝေးကွာနေလို့ပါ.။…..

    Reply

  • bigcat

    March 15, 2011 at 3:34 am

    အခုပို့စ်အတွက် ကျေးဇူးပါ။ ဆရာတော်ကြီးအကြောင်း ကြားဖူးဖတ်ဖူးတာတော့ကြာပါပြီ။ အခုမှ ကျောင်းနဲ့ဆရာတော်ကြီးကို ဖူးရပါတယ်။
    ပုံတခုမှာပါတဲ့ ကောင်မလေးက ဆူးလား။ ဘေးကငတိက ဘာတော်လည်း၊ ရုပ်ကိုက အောင်ကျားကြူ…

    Reply

    • ဆူး

      March 15, 2011 at 1:33 pm

      အဲဒီ ပုံထဲက ဆူး မဟုတ်ပါဘူး အသိ ကလေးမလေးပါ။
      ဆူး ထက် အသက် ၁ဝနှစ်ကျော် မက ငယ်တဲ့ ကလေးမလေးပါ။ အသက်က လွန်ဆုံး ရှိမှ ၁၄နှစ်လောက်ဘဲ ရှိပါအုန်းမယ်။ ဘေးက ငတိက သူ့အကို ဖြစ်ပါလိမ့်မယ်။ မိသားစု ခရီးစဉ်ဆိုတော့လေ။ ဆူး သွားတုန်းက ဓါတ်ပုံ သေချာ မရိုက်ခဲ့လို့ သူများကို ဓါတ်ပုံတောင်းပြီး သိတာနဲ့ ပြန်ပြီး အဆင်ပြေအောင် ရေးပေးထားတာပါ။

      Reply

  • zoe

    March 15, 2011 at 4:19 am

    ဒီလို ခက်ခဲ တဲ့ နေရာ ကိုအရောက်သွား ပြီး ပို့စ တင်ပေး တာ ဆူး ကိုကျေးဇူး တင် လိုက် တာ ။ ဆရာတော် ကို ဖူး ရတာ အင်မတန် ကြည်ညို ဖို့ ကောင်း တယ် ။ ဆူး အရမ်းကုသိုဟ် ရ တာ ပဲ ။

    Reply

  • etone

    March 15, 2011 at 4:46 am

    ဘယ်နေရာလေးလည်း မသိဘူးနော် ။ ဒီလိုလေး တင်ပေးမှ မြင်ရတာ ကိုယ်တိုင် မရောက်နိုင်ဘူးလေ ။

    Reply

  • cobra

    March 15, 2011 at 7:54 am

    အင်းကောင်းလိုက်တာ
    ဒီလကုန်ရင်မုံရွာသွားဖို့ရှိတယ်
    အခုလိုတင်ပေးတော့သွားဖူးလို့ရတာပေါ့..
    ကျေးဇူးတင်ပါတယ်..
    မကြီးဆူး….

    Reply

  • cherrywine

    March 15, 2011 at 7:55 am

    သွားဖူးချင်လိုက်တာ … ဆူးကို ကျေးဇူးတင်ပါတယ် ။

    Reply

  • ဆူး

    March 15, 2011 at 1:35 pm

    ဒီပိုစ်ကို တင်ဖို့ စိတ်ကူးရှိတာ ကြာပါပြီ ဘုန်းကြီး ကြော်ညာ ဖြစ်မှာ စိုးရိမ်တဲ့ အတွက် မတင်သေးခင် သေချာ စဉ်းစားပြီးမှ တင်တာ ဖြစ်ပါတယ်။
    တောကြီးထဲကို သွားဖို့ဆိုတာ မလွယ်ကူတော့ သိတာလေး မျှပေးတဲ့ သဘောနဲ့ တင်ပေးလိုက်တာ ဖြစ်ပါတယ်။
    အားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။

    Reply

  • bigbird

    March 15, 2011 at 1:55 pm

    ကျေးဇူးတင်တယ်အန်တီဆူးရေ..တစ်နေ ့တော့ရောက်အောင်သွားဖို ့
    ကြိုးစားရမယ်။ဆရာတော်ကို ကြည်ညိုလိုက်တာ။

    Reply

  • ဆူး

    March 15, 2011 at 2:08 pm

    ပြောသာ ပြောရတာ ဆရာတော်ကြီး အခု ကျန်းမာရေး သိပ်မကောင်းဘူး အဖူးသိပ်မခံဘူး။ လူတွေက အဝေးကြီးက လာပြီးတော့ ဆရာတော်ကြီး မတွေ့ရလို့ စိတ်ညစ်.. ဆရာတော်ကြီး အနေနဲ့ ကြည့်ပြန်တော့လည်း လူတွေက လာလိုက် ပြန်လိုက်.. လူတွေသာ မတူတာ.. နေ့တိုင်းတော့ ပင်ပန်းတာပေါ့။
    ဒါနဲ့ စကားမစပ် ဆူး သွားတုန်းက လမ်းမှာ အရမ်းမြင့်တဲ့ သစ်ပင်ကြီး တခုရှိတယ် အဲဒီ သစ်ပင်မှာ တွဲကပ်နေတာ သူယောင်သီးလို့ လမ်းပြအနေနဲ့ လိုက်လာတဲ့သိတဲ့ လူတယောက်ကတော့ ပြောတယ် ကင်မရာကလည်း ခပ်စုပ်စုပ်ဆိုတော့ တောထဲက အပင်ကြီးပေါ်က အသီး ဆွဲပြီး ရိုက်လို့တောင် မရလိုက်ဘူး။ ဟုတ်မဟုတ်ကတော့ ကိုယ်တိုင်လည်း မသိဘူး ပြောတဲ့ လူကတော့ အဲဒါ အစစ်တဲ့ သူတို့ ခဏခဏ မြင်နေကြတဲ့။

    Reply

  • unclegyi1974

    March 15, 2011 at 3:21 pm

    ဆူးကလည်း အဲဒီသူယောင်သီးခူးလာပြီး
    ကိုကြောင်ကြီးရောင်းလိုက်ရရင်

    Reply

    • ဆူး

      March 16, 2011 at 7:25 am

      သူဟောင်သီး တကယ်မြင်ဘူး ချင်တာ ခူးလည်း ခူလာချင်တယ်။ အနည်းဆုံးတော့ ဓါတ်ပုံရိုက်ပြီး လျောက်ပြချင်တာ.. သိပ်ဝေးလွန်းလို့ အဆင်မပြေခဲ့တာ။

      Reply

  • Oo Oo

    March 15, 2011 at 3:52 pm

    ဆူးရေ..မဟာမြိုင်တောထဲမှာဆိုတော့…တောကောင်တွေဘာတွေကော..မရှိဘူးလားဟင်

    Reply

  • ဆူး

    March 15, 2011 at 4:13 pm

    တောကောင် ဆိုလို့.. တောထဲမှာ တောဆင်ရိုင်းကြီးတွေ တအားဆိုးတယ် ပြောတာ ကြားမိတယ်။ ဧည့်သည်တွေ လာရင် ဆင်ရိုင်းတွေ မလာအောင် ညနေစောင်းရင် ကြေးမောင်းကြီးတွေ ထုတယ်။ ထုပေးရင် ဆင်မလာဘူးလို့ ပြောတယ်။
    ညဘက် ဆရာတော်ကြီး တရားထိုင်ရင် ဆင်ကြီးတွေ နှာမောင်းနဲ့ လက်မောင်းကို သွားသွားတိုက်တယ် ပြောတာ ကြားဖူးတယ်။
    ခဏခဏ အဆောင်တွေ ကို ဆင်တွေက စိတ်မထင်ရင် လာလာ ဖျက်တယ်လို့ ပြောတာ ကြားတယ်။ ဆူး သွားတုန်းကဆိုရင် အဝင် မုခ် မရောက်ခင်မှာ ဇရပ်တခု ရှိတယ် အဲဒါ ဆင်ဖျက်သွားလို့ အမှိုက်ပုံ ဖြစ်နေတယ်။ အခုဆို အဲဒိ ဇရပ် မရှိတော့ဘူး။
    သစ်လုပ်ငန်းမှာ လုပ်တဲ့ ဆင် အယဉ်တွေ လာရင်လည်း မကြိုက်ဘူး ဆင်ရိုင်းတွေ တရှူးရှူးနဲ့ နှာတွေ မှုတ်ပြီး ဒေါသထွက်တဲ့ အမူ အရာလုပ်ပြီး ပြတယ် ပြောတယ် နောက်တော့ ဆင်တွေနဲ့ ပြောင်းသွားကြရတယ်။

    Reply

  • weiwei

    March 16, 2011 at 4:26 am

    ဆရာတော့် မျက်နှာတော်က အလွန်ကြည်ညိုစရာကောင်းတယ်နော် ….
    မြင်လိုက်ရတာ အေးချမ်းသွားတာပဲ …..
    ဆွမ်းခံကြွနေတဲ့ ပုံကလဲ ကြည်ညိုစရာကောင်းတယ် …
    ဒီပို့စ်မှာ ဆူးက တော်တော်ကုသိုလ်ရသွားပြီ …

    Reply

Leave a Reply to cobra Cancel Reply

Your email address will not be published.