အသက် ၆ဝ လူကြီး ပင်လယ်ထဲ ၂ ရက်မြော

bigbirdMarch 14, 20111min03

ဆူနာမိလှိုင်းများကြောင့် ကမ်းခြေနှင့် ၁၅ကီလိုမီတာအကွာ ပင်လယ်ထဲတွင် ၂ ရက် ကြာမြောနေသော အသက် ၆ဝ အရွယ်ရှိ ဟီလိုမစ်စီ ချင်ကာဝ ဆိုသူအား ဂျပန်ကယ်ဆယ်ရေးစစ်သားများက
ကယ်တင်နိုင်ခဲ့သည်ဟု သိရပါသည်။ ထိုသူ၏ပြောပြချက်အရ ဆူနာမိ ကျရောက်သောနေ ့တွင်
မိမိနှင့် ဇနီးဖြစ်သူ တူတူရှိနေခဲ့ကြောင်း၊ ဇနီးဖြစ်သူမှာ မိမိရှေ့တွင်ပင် ရေလှိုင်းနှင့်အတူ ပျောက်ကွယ်
သွားပြီး မိမိမှာ ကံကောင်းထောက်မစွာ အိမ်ခေါင်မိုးချက်တစ်ခုပေါ်သို ့ရောက်ရှိခဲ့ကြောင်း၊
ယနေ ့သည် မိမိဘဝ၏ နောက်ဆုံးရက်ဟု မိမိထင်နေပြီးဖြစ်ကြောင်း’’” ဖော်ပြပါရှိပါသည်။

3 comments

Leave a Reply to လင်းငယ် Cancel Reply

Your email address will not be published.