တွံတေးမြိုှု့အနီးမှ သူမလေးရဲ့ဘဝ

manawphyulayMarch 13, 20111min07

တွံတေးမြို့ကို တနင်္ဂနွေနေ့ ဘုရားသွားဖူးတုန်းက တွေ့ခဲ့ရတဲ့ အဲဒီနားက ရွာလေးက ပတတ်စာ တစ်စီး ၅ဝ နဲ့ရောင်းနေသူမလေးရဲ့ ဘဝပုံရိပ်လေးပါ။
သူတို့လေးတွေရဲ့ဘဝဟာ ငယ်ငယ်လေးထဲက ရုန်းကန်ခဲ့ရရှာတယ်နော်……..

7 comments

  • ဆူး

    March 13, 2011 at 2:25 pm

    တွံတေး သွားတဲ့ လမ်းမှာ ကျောင်းအချိန် သွားရင် ကားတားစီးတဲ့ ကလေးတွေ ဆရာမတွေ အများကြီးဘဲ။ ကျောင်းတက်နေတဲ့ ကလေးတွေဆို တနေ့တနေ့ ကျောင်းတက်ဖို့ လမ်းတွေ အများကြီး လျောက်ရတယ်။ ဖြတ်သွားတဲ့ ကားကို လမ်းကြုံ လိုက်ဖို့ အကူအညီ တောင်းပြီး သွားရကြတာ များတယ်။ တခါတရံ ကားတားမရ ကျောင်းချိန်နီးရင် လမ်းတွေ အများကြိး လျောက်ကြရတယ်။

    Reply

  • bigbird

    March 13, 2011 at 2:36 pm

    အေးဗျာ.ကြားရမြင်ရတာ စိတ်မကောင်းလိုက်တာ။
    အားလုံး ဘဝအခက်အခဲ အထွေထွေကြားက အမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေလို ့…ဟူး..မောတယ်။

    Reply

  • beez

    March 13, 2011 at 3:33 pm

    ကလေးဝတ်ထားတာ ကျောင်းဝတ်စုံဂါဝန်လေးပဲ။
    သူ ကျောင်းမသွားနိုင်ပါလားလို့ ……

    Reply

  • cherrykoko

    March 13, 2011 at 3:34 pm

    ကလေးလေး မျက်နှာလေးက ချစ်စရာလေး၊ အပစ်ကင်းလိုက်တာ.သူအဲဒါလေးတွေရောင်းပီးရင်ဆန်ဘယ်နှစ်လုံးဝယ်လို့ရမလဲ…ကျောင်းဝတ်စုံ ဝတ်ထားပေမဲ့ ကျောင်းရောတကယ်နေနိုင်ပါ့မလားနော်။

    Reply

  • ဆူး

    March 13, 2011 at 3:42 pm

    ဆူး သိသလောက်တော့ အဲဒီဘက်က ကလေးတွေက ကျောင်းပိတ်ရက်ဆို ကျောင်းမုန့်ဖိုး ရှာကြတာ များတယ်။ ကျောင်းဝတ်စုံနဲ့ ဆိုတော့ ကျောင်းတက်ရမယ် ထင်ပါတယ်။ ကျောင်းတွေကတော့ သိပ်ဝေးလွန်းတယ်။ သူတို့ဘဝက တော်တော် ဇွဲကောင်းကြတယ်။ မြို့က ကလေးတွေဆို သူတို့လို ဇွဲရှိရှိနဲ့ ကျောင်းတက်ရမယ်ဆို အားလုံး ကျောင်းထွက်ကုန်လိမ့်မယ်။

    Reply

  • shweminthar

    March 13, 2011 at 3:57 pm

    ကျောင်းနေ အရွယ်မှာ သူ့ခမျာ….. ဝမ်းရေးအတွက် လုံးပန်း နေရပြီ

    Reply

  • draungkyawkyawoo

    March 14, 2011 at 7:41 am

    တစ်ချို့ကလေးတွေ ကျောင်းမတတ်ပဲ ကျောင်းဝတ်စုံဝတ်ကြပါတယ် … ။
    သူများက ပေးတဲ့ ကျောင်းဝတ်စုံလေးတွေကို အင်္ကျ ီ အဖြစ်နဲ့ ဝတ်ရရှာတာပါ ။

    Reply

Leave a Reply

Your email address will not be published.