ဖား ပုံပြင်

bigbirdMarch 13, 20111min06

မောင်ငယ်၊ညီမငယ်လေးတို ့ရေ…
မောင်ငယ်၊ညီမငယ်လေးများကို ဦးငှက်ကြီးက ပုံပြင်လေးတစ်ပုဒ်လောက် ပြောပြချင်ပါတယ်ကွယ်။
တစ်ချိန်သောအခါမှာ ဖားငယ်လေး တစ်အုပ်စုဟာ စုဝေးပြီးတော့မှ ပြိုင်ပွဲတစ်ခုလုပ်ကြမယ်လို ့
စီစဉ်ကြသတဲ့ကွယ်။ အဲ့ဒီပြိုင်ပွဲကတော့ မြင့်မားလှတဲ့ ဓါတ်မီးတိုင်တစ်ခုပေါ်ကို တက်ကြမဲ့
ပြိုင်ပွဲဖြစ်သတဲ့။ ဒီသတင်းကိုကြားကြတဲ့ ရှိသမျှ ဖားတွေ အားလုံးဟာ ပြိုင်ပွဲဝင်မဲ့ ဖားငယ်လေး
အုပ်စုကို အားပေးကြဖို ့ ရောက်လာကြတယ်ကွယ်။ ပြိုင်ပွဲကြီးကတော့ စတင်ပါပြီးတဲ့ ။
အမှန်ကိုပြောရရင် ဓါတ်မီးတိုင်ကြီးထိပ်ကို ဖားငယ်ကလေးတွေ ရောက်နိုင်မယ်ဆိုတာကို လာရောက်ကြတဲ့ ဖားတွေအားလုံးဟာ ဘယ်သူမှမထင်ကြဘူး၊ မယုံကြည်ကြဘူးပေါ့ကွယ်။
“”ဒီလောက်ခက်ခဲတာ ဘယ်လိုနည်းနဲ ့မှ ထိပ်ကိုမရောက်နိုင်ပါဘူး “”
‘” ဒီလောက်မြင့်တာ ဖြစ်ကို ဖြစ်နိုင်ပါဘူးဟယ် “” စသည်ဖြင့်တစ်ယောက်တစ်ပေါက်
အမျိုးမျိုးပြောနေကြတာပေါ့ကွယ်။
ဖားငယ်လေးတွေအုပ်စုလည်း ဓါတ်တိုင်ပေါ်ကို တွယ်တက်ရင်း တစ်ကောင်ချင်း ပြုတ်ကျလာနေ
တယ်တဲ့ကွယ်။ အဲ့ဒီထဲမှာ ဖားငယ်လေး တစ်ကောင်ဟာ စိတ်ပါလက်ပါ အားရပါးရ တွယ်တက်
လိုက်တာ တဖြည်းဖြည်းနဲ ့ အမြင့်ကို ရောက်သထက်ရောက်လေပဲပေါ့။ ကျန်တဲ့ ဖားငယ်လေး
တွေအားလုံး အောက်ကို ပြုတ်ကျ ကုန်ပြီးတဲ့ကွယ်။ အဲ့ဒီအချိန်မှာ အောက်မှာရှိတဲ့ ဖားပရိတ်သတ်အုပ်စုကြီးက ဓါတ်တိုင်ပေါ်မှာ တစ်ကောင်တည်းသာ ကျန်တော့တဲ့ ဖားငယ်လေးကို ” ခက်ခဲလွန်းလှပါတယ်ကွာ မတက်ပါနဲ ့ ဆင်းလာခဲ ့ပါတော့ ” စသည်ဖြင့် အော်ဟစ်ပြီး ပြောကြတယ်တဲ့ကွယ်။ ဒါပေမယ့် အော်ဟစ်သတိပေးကြတဲ့ ဖားပရိတ်သတ်အုပ်
စုကြီးသာ မောလို ့ သွားတယ်။ ဖားငယ်လေးကတော့ဇွဲမလျှော့ပဲ ဆက်တက်ရင်း ဆက်တက်မြဲပါပဲတဲ့ကွယ်။

ပြိုင်ပွဲ ပြီးဆုံးသွားတဲ့အချိန်မှာ ဇွဲလုံ ့လ ဝိရိယ မလျှော့ပဲ အားကြိုးမာန်တက် ကြိုးစားခဲ့တဲ့ ဖားငယ်လေးကတော ့ ဓါတ်တိုင်ထိပ်ကို ရောက်ခဲ့ပြီး ကျန်တဲ့ ဖားငယ်လေးတွေကတော့ အားလုံးအောက်ကို ပြုတ်ကျပြီး အရှူံးပေးခဲ့ရတယ်။

ဒီဖားငယ်လေးဟာ ဘယ်လိုကြောင့် ဓါတ်တိုင်ထိပ်ပေါ်ကို ရောက်ခဲ့တာလဲ ?
ဘယ်လို အားအင်မျိုးနဲ ့ ရည်မှန်းချက်ပန်းတိုင်ကို ဆွတ်ယူနိုင်ခဲ ့တာလဲ ?
စတဲ့အချက်တွေကို ဖားပရိတ်သတ်ကြီးက တအံ့တဩနဲ ့ သိချင်နေကြတာပေါ့ကွယ်။

အမှန်တကယ်တော့ အဲ့ဒီဖားငယ်လေးဟာ နားထိုင်းနေလို ့ပါတဲ့ကွယ်။

ဒီပုံပြင်လေးက မောင်ငယ်၊ညီမငယ်လေးများကို ပြောချင်တာကတော့ …

တခြားသူတွေရဲ ့ အနှုတ်လက္ခာဏာ ဆောင်တဲ့ အပြောအဆို ၊အကြည့် ၊ အမူအရာ စတာတွေကို ဂရုမစိုက်ကြပါနဲ ့တဲ့ကွယ်။ အဲ့ဒီအရာတွေက ကိုယ့်နှလုံးသားထဲကနေ ကိုယ့်
ရည်မှန်းချက် ကိုယ့်ပန်းတိုင်တွေကို ဆွဲထုတ်ယူသွားတက်ပါတယ်တဲ့ကွယ်။
မိမိကြားနေ မြင်နေတဲ့ အရာတွေအားလုံးဟာ မိမိလုပ်ဆောင်နေတဲ့ အလုပ်အပေါ် တိုက်ရိုတ်
အကျိုးသက်ရောက်မှုရှိတဲ့အတွက် ထိုအရာတွေရဲ ့နောက်ကွယ်မှာ ရှိတဲ ့ မမြင်နိုင်တဲ့စွမ်းအားကို
အထူး သတိထားကြရမယ်လို ့ ဆိုလိုတာပါကွယ်။
ဒါကြောင့်မို ့ အပေါင်းလက္ခာဏာ ဆောင်တဲ့ အလုပ်တွေကိုသာ ကြံစည်တွေးတော လုပ်ဆောင်ကြပြီး တစ်ခါတစ်ရံမှာ ဘေးပတ်ဝန်းကျင်ကပြောတဲ့ စကားတွေကို ဖားငယ်လေးလို
နားထိုင်း ယောင်ဆောင်ပြီး ကိုယ့်ရည်မှန်းချက် ပန်းတိုင်ဆီကို ဦးတည်သွားနိုင်သောသူတွေ
ဖြစ်နိုင်ကြပါစေလို ့ ဦးငှက်ကြီးက ညီငယ် ၊ညီမငယ်လေးတို ့ကို ဆုတောင်းပေးလိုက်ပါတယ်ကွယ်။ …..

6 comments

  • nigimi77

    March 13, 2011 at 9:33 am

    ကောင်းတယ်။ ကျုပ်လဲ နားထိုင်းချင်ယောင်ဆောင်တော့မယ်။

    Reply

  • ယောလေး

    March 13, 2011 at 12:54 pm

    ကောင်းတယ်…. လောကကြီးကို မျက်နှာပြောင်တိုက်နိုင်အောင် ကျိုးစားမယ်..

    Reply

  • cherrykoko

    March 13, 2011 at 1:32 pm

    ပာုတ်တယ်နော်.ပတ်ဝန်းကျင်ဆိုတာ အဖြစ်ထက် အပျက်ဖက်ကိုပိုအားပေးတတ်ကြပါတယ်..ဖားကလေးလို အားလုံးကို ဥပက္ခာပြုထားနိုင်ရင်ကောင်းမယ်…
    ကိုယ့်ရပ်တည်ချက်မှန်ဖို့တော့လိုမယ်ထင်ပါတယ်…

    Reply

  • ဆူး

    March 13, 2011 at 1:47 pm

    ပုံပြင်ကို ဖတ်ပြီး သတိရမိတဲ့ ပုံပြင်လေး တခု ရှိတယ်။
    ဆန်အိတ်ထမ်းတာ ဆန်အိတ်ပေါက်နေတယ် စကားမပီလို့ ဆင်အီးပေါက်နေတယ် ထင်ပြီး ပြေးတာ အပြောတခြား ထင်တာ တခြား ဖြစ်လို့ ဆန်လည်း ဆုံး လူလည်း ပန်း ဖြစ်တဲ့ ပုံပြင် သတိရမိတယ်။

    Reply

  • paukpauk

    March 13, 2011 at 2:23 pm

    Very good lesson.
    Sort of peer pressure – it is, in fact, not really easy to overcome.

    Reply

  • Gong Zhu

    March 13, 2011 at 3:31 pm

    ကိုယောလေး … ကိုယ်တို့ကတော့ ခပ်ပြောင်ပြောင်ပဲပေါ့ ဟုတ်လား … 😛

    Reply

Leave a Reply to paukpauk Cancel Reply

Your email address will not be published.