ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာ ရရှိသူများအနက် နှစ်ဦးထပ်မံ သေဆုံးခဲ့ပြီး ၆ဝ အားဆေးရုံ၌ ဆက်လက် ဆေးဝါး ကုသပေးလျက်ရှိ

klnApril 26, 20101min01

ဧပြီလ ၁၅ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ် ကန်တော်ကြီးကန်ပတ်လမ်းရှိ X2O ရေကစားမဏ္ဍပ် ရှေ့၌ ဗုံး ပေါက်ကွဲမှု ကြောင့် အပြစ်မဲ့ပြည်သူ အမျိုးသားငါးဦး၊ အမျိုးသမီးသုံးဦး စုစုပေါင်း ရှစ်ဦးသေဆုံးပြီး အမျိုးသား ၁၂၅ ဦး၊ အမျိုးသမီး ၄၅ ဦး စုစုပေါင်း ၁၇ဝ ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများအား ရန်ကုန်ပြည်သူ့ဆေးရုံးကြီးသို့ ပို့ဆောင်၍ ဆေးကုသပေးလျက် ရှိကြောင်း သတင်းများ ထုတ်ပြန်ပေးခဲ့ပြီး ဖြစ်သည်။ ဆေးရုံ၌ ဆေးကုသမှု ခံယူလျက်ရှိသော ဒဏ်ရာရ လူနာများအနက် လူနာအများစုမှာ ဆေးရုံးမှ ဆင်းသွားနိုင်ခဲ့ပြီး ဧပြီ ၂၄ ရက်အထိ အမျိုးသား ၄၂ ဦး၊ အမျိုးသမီး ၁၈ ဦး စုစုပေါင်း ၆ဝ ဦးဆက်လက် ဆေးကုသမှု ခံယူလျက်ရှိကြောင်းနှင့် ဆေးရုံတက် လူနာများထဲမှ ဧပြီလ ၁ရ ရက်နေ့တွင် အမျိုးသားတစ်ဦးနှင့် ဧပြီလ ၁၉ ရက်နေ့တွင် အမျိုးသားတစ်ဦး စုစုပေါင်း အမျိုးသားနှစ်ဦး ထပ်မံ သေဆုံးသွားခဲ့သဖြင့် ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသူ စုစုပေါင်း ၁ဝ ဦး ရှိသွားပြီ www.khitlunge.org.mm

One comment

  • susunosuki

    April 26, 2010 at 4:18 pm

    မကြားချင်လောက်အောင်စိတ်ထိခိုက်ရပါတယ်
    အကြမ်းဖက်သမားတွေကိုလည်း ဒီကပဲတောင်းပန်ပါတယ်
    အပြစ်မဲ့တဲ့ပြည်သူတွေကို ဘယ်လိုမှုမျိုးနဲ့ဖြစ်ဖြစ် အကြမ်းမဖက်သင့်ပါဘူး

    Reply

Leave a Reply

Your email address will not be published.