ဓမ္မရတနာ ဆိုသည်မှာ

bigbirdMarch 6, 20111min01

ဗုဒ္ဓ၊ ဓမ္မ၊ သံဃ စတဲ့ ရတနာ သုံးပါးသည် ဗုဒ္ဓဘာသာဝင်တိုင်း ဆည်းကပ်ကိုးကွယ်ရာ၊ ကြည်ညိုပူဇော်ရာ၊ အမြတ်တနိုးထားရာ ရတနာသုံးပါး မဟုတ်ပါလော။ အဘယ့်ကြောင့် ရတနာနှင့် နှိုင်းယှဉ်ရသနည်း ဟု ဆိုလာလျှင် ဗုဒ္ဓ၊ ဓမ္မ၊ သံဃတို့၏ ကျေးဇူးဂုဏ်တို့အား တန်ဘိုး မဖြတ်နိုင် သောကြောင့်ပင်တည်း။ ဓမ္မ ဆိုသည်မှာ လောကကြီးတွင် တည်ရှိနေသော အမှန်တရား၊ သဘာဝတရား ဖြစ်သည်။ မြတ်စွာဘုရား မပွင့်ခင်ကတည်းကလည်း ရှိခဲ့သည်။ မြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်မှာလည်း ရှိခဲ့သည်။ မြတ်စွာ ဘုရား ပရိနိဗ္ဗာန် စံပြီးနောက်ပိုင်းတွင်လည်း ရှိနေသည်။ အချိန်တိုင်း၊ အမြဲတမ်း မှန်ကန်နေသော တရားသည် ဓမ္မပင် ဖြစ်ပေတော့သည်။ရတနာကို ရတနာမှန်း မသိသောသူတို့သည် အဖိုးအနဂ ္ဃ ထိုက်တန်လှသော ရတနာပုံအပေါ်သို့ ရောက်နေသော်ငြားလည်း ရတနာတို့၏ တန်ဖိုးကို မသိသဖြင့် မည်သို့ ထုတ်ယူသုံးစွဲခြင်းငှာ မစွမ်းနိုင် သကဲ့သို့ သံသရာ ဝဋ်ဒုက္ခ ဆင်းရဲတွင်းမှ လွတ်ကင်းရာ နိဗ္ဗာန်လမ်းကို ပြညွှန်သော မြတ်ဗုဒ္ဓ၏ ဓမ္မတန်ဖိုးကို မသိကြကုန်သော သူတို့သည်လည်း ဗုဒ္ဓသာသနာတော်၏ အနှစ်သာရ တန်ဖိုးကို ထုတ်ယူသုံးစွဲ၊ ကျင့်ကြံအားထုတ်ခြင်းငှာ စွမ်းဆောင် နိုင်ကြလိမ့်မည် မဟုတ်ပေ။ ဓမ္မတန်ဖိုးကို ရတနာကဲ့သို့ အဖိုးတန်မှန်း သိသော ပုဂ္ဂိုလ်များသာလျှင် အဖိုးမဖြတ်နိုင်သော အေးချမ်းရာ နိဗ္ဗာန်ကို မသွေဖီ ရောက်ရှိကြပေတော့မည်။

One comment

Leave a Reply

Your email address will not be published.