အဏုမြူဧ။် စွမ်းအင် ၃မျိုး…

lu ta loneApril 25, 20101min02

အဏုမြူဗုံးတလုံးမှာ စွမ်းရည် ၃မျိုးပါဝင်ပါတယ်…

၁  လေပြင်းရိုက်ခတ်တုန်လှုပ်မှု ၅ဝ ရာခိုင်နှုန်း

ရေမြေလေထု တုန်ဟည်းရိုက်ခတ်ကာ အဆောက်အအုံများ လွင့်စဉ်ခြင်း၊ ဒဏ်ပိခြင်းဖြင့် အတုံးအရုံးသေနိုင်ပါတယ်.. ၂၅ မီဂါတန် ဗုံးတလုံးသည် ဟီရိုရှီးမားမှာ ချခဲ့သော ဗုံးထက် ၁၂၅ဝ အင်အားကြီးမားပြီး မိုင် ၂၅ဝ အတွင်း ၈ဝ ရာခိုင်နှုန်း စိစိညက်ညက် ဖြစ်သွားစေနိုင်ပါတယ်…

၂  အပူဟပ်ခြင်း ၃၅ ရာခိုင်နှုန်း

ထိုဧရိယာတခုလုံးမှာ မီးလုံးကြီးများ တပြင်လုံး ဖုံးအုပ်တက်ကာ လောင်ကျွမ်းစေပါတယ်.. အဏုမြူမှုန်များ ရေမြေလေတို့မှာ ပျံ့နှံ့ကြေကွဲ လွင့်စဉ်ကာ စူးစိုက်သွားပါတယ်.. နှစ်ပေါင်းများစွာ အဆိပ်သင့်စေပါတယ်.. စားသောအစာ၊ သောက်သောရေ၊ ရှူသောလေတို့မှာ အဆိပ်ချည်းသာ ဖြစ်ကုန်တော့ပါတယ်…

၃  ရောင်ခြည်ဟပ်ခြင်း ၁၅ ရာခိုင်နှုန်း

မီးလုံးကြီးများနှင့်အတူ အဏုမြူရောင်ခြည်များ အရှိန်ပြင်းစွာ တွန်းကန်ရိုက်ခတ်ပါတယ်.. မျက်စိဖြင့် မမြင်ရ.. ခန်ဓာကိုယ်တွင် ဖြတ်ကာ သွားသော်လည်း လူ့ပင်ကိုအသိဖြင့် မသိနိုင်ချေ.. ရောင်ခြည်ထိသမျှ အရာတိုင်းမှာ အဆိပ်ဝင်ကာ ထိုအရာများကို ကိုင်တွယ်မိသူတိုင်းကား ကင်ဆာကဲ့သို့သော အနာရောဂါအမျိုးမျိုးကို ဖြစ်စေတတ်ပါတယ်.. နာမည်မတပ်နိုင်သော ရောဂါအမျိုးမျိုးကို တဖြည်းဖြည်း ခံစားရာမှ အသက်သေကြရပါတယ်…

ဗဟုသုတအနေနဲ့ပါ… 😛

2 comments

  • susunosuki

    April 26, 2010 at 4:29 pm

    ကြောက်စရာကောင်းတဲ့လက်နက်တွေပါပဲ
    ဘင်လာဒင်ကိုမြန်မြန်ဖမ်းမိပါစေတော့ဗျာ
    သူ့လက်ထဲ ဒီဗုံးရောက်သွားရင်တော့
    အမေရိကတိုက် များကျောက်ခေတ်က အဖေခေါ်သွားရမယ်

    Reply

  • winne

    July 30, 2010 at 11:32 am

    ဗဟုသုတအနေနဲ့ တင်ပေးတာ ကျေးဇူးတင်ပါတယ်။ ဒါတွေသိတော့ သိတယ် ကျောင်းမှာ ရူပဗေဒ သင်တုန်းက ဆရာက အနဲအကျဉ်းလောက် ပြောပြတာကို သိခဲ့ရတာပါ ဒီလောက်တော့ မသိတာ အမှန်ပါ။ ဒီလက်နက်က တော်တော် ဆိုးတာဘဲနော်။ ဟိုးအရင်က လူတွေ ကျိမ်စာ တိုက်သလိုမျိုး အစာ အဆိပ် ရေအဆိပ် လေအဆိပ် ဆိုပြီး သေအောင် ကျိမ်စာတိုက်သလိုမျိုးတောင် ဖြစ်နေပြီနော်။ အနူမြူဒဏ်ခံရတဲ့ နေရာတွေမှာ လူတွေ ရှင်သန်နေဖို့ခက်တယ်ဆိုတော့ အဲဒီ ဒေသကြီးက လုံးဝ သက်ရှိတွေ နှစ်ပေါင်း များစွာ ဆိတ်သုန်းနေမဲ့ နေရာမျိုး ဖြစ်နေမှာပေါ့နော်

    Reply

Leave a Reply to winne Cancel Reply

Your email address will not be published.