ကိုတောသား

တညင္သားMarch 12, 20111min05

တောားသားလို့ခေါ်ခံရရင် အရင်တုန်းကတော့ သိပ်မကြိုက် အခုတော့လဲ
ရိုးသွားပါပြီ တောသားလို့ခေါ်တဲ့ လူတန်းစားထဲမှာ လယ်သမားဘဝ က သနားဖို့အရမ်းကောင်းပါတယ် ရှေးမြန်မာ
ဘုရင်လက်ထက် ကတဲက လယ်သမားတွေဟာ တိုင်းပြည်ကို အလုပ်အကျွေး ပြုနေတယ်ဆိုတာ ငြင်းဖွယ်ရာရှိမယ်မထင်ပါဘူး ခုအချိန်ထိ တိုင်းပြည်စီးပွါးရေးမှာ အရေးပါတဲ့နေရာမှာ ရှိနေပါတယ်..ပုံမှန်စီးပွါး အရ ဆိုရင် ဆယ် ဧက ပိုင်တဲ့ လယ်သမားတဦးဟာ နှောက်ထပ်လုပ်ကိုင်စားသောက်ဖို့ လယ်ယာ , ကား , ဈေးဆိုင် စသဖြင့် ပိုင်ဆိုင်ဖို့ မလွယ်ပါဘူး စပါးဈေးလေး ကောင်းလားဟေ့ ပဲဈေးလေးကောင်လားဟေ့ မေးသံတွေကြားရင် ပီတိဖြစ်တာတော့အမှန်ပါပဲ ပြည်သူ လူထု ကကုန်ဈေးနှုန်း ကျစေချင်ပေမဲ့ တောင်သူလယ်သမားတွေဘဝ ကတော့ဖြင့်……
မြို့သား ၊ မြိုသူ ရာခိုင်နုံးတော်တော်များ
လယ်သမား သား၊သမီး၊ မြေး၊ မြစ် မကင်းကြပါဘူး နိင်ငံတော် အကြီးအကဲ က စပြီး အောက်ခြေ ဝန်ထမ်း အထိပါပဲ.
မျိုးဆက်တခုလောက်ခြားသွားရင်ပဲ အသိ အမြင်ကျယ် ပြီး မြို့ကြီး ဆီကို ရောက်နင့်
နေသော သူများက ရွာကတက်လာသူတွေ
ကို တောသားလို့ အခေါ်ခံရတောဖြင့်…..

5 comments

  • တညင်သား

    March 12, 2011 at 6:38 pm

    ဆရာတော် နှင့် တကွ လေးစားရတဲ့ ရွာသား ရွာသူ အပေါင်း မင်္ဂလာပါ
    အရေးမှားခဲ့ ရင် ခွင့်လွတ်ကြပါ…….

    Reply

  • ယောလေး

    March 13, 2011 at 5:28 am

    တောသားလို့ အခေါ်ခံရတာကောင်းတယ်ဗျ…….
    ကျတော်လဲတောသားပဲ…

    Reply

  • hmee

    March 13, 2011 at 9:44 am

    ကျွန်တော်လည်း တောသားပါ။ ဓါးမဦးချ တောင်သူလုပ်စားတဲ့ မိဘက ပုခုန်းထမ်းတွန်းတင်လို့ ဒီလိုဘဝမှာ နေရတာပါ။ အညာက တောင်သူတွေ အများစုဟာ ချမ်းသာကြပါတယ်။ သားသမီး အားလုံးနီးပါး ဘွဲ.ရပညာတတ်တွေ များပါတယ်။

    Reply

  • nigimi77

    March 13, 2011 at 12:11 pm

    ဗမာပြည်က တက်လာတဲ့ သူကို ဗမာပြည်သား။ အင်္ဂလန်က တက်လာတဲ့သူကို
    အင်္ဂလန်သား။ ဂြိုလ်က ဆင်းလာတဲ့ သူကို ဂြိုလ်သား။

    တညင်က တက်လာတဲ့လူကို တညင်သား။ အညာက ဆင်းလာတဲ့ သူကို အညာသား။

    “…….မျိုးဆက်တခုလောက်ခြားသွားရင်ပဲ အသိ အမြင်ကျယ် ပြီး မြို့ကြီး ဆီကို ရောက်နင့်
    နေသော သူများက ရွာကတက်လာသူတွေ
    ကို တောသားလို့ အခေါ်ခံရတောဖြင့်…..”

    အဲဒီ မြို ့ကြီးတွေဆိုတာကလဲ ခင်ဗျားတို ့ကျုပ်တို ့ အဘိုးတွေ ငယ်စဉ်က တောပဲဗျ။
    မျိုးဆက်ခြားလို ့အသိအမြင်ကျယ်ပြီး မြို ့ကြီးကို တက်လာကြတာ မဟုတ်ဘူး။

    တောကလူတွေက တောင်သူလယ်သမားများတယ်။ ဒီတော့ သူတို ့စိုက်တဲ့ စပါး
    သူတို ့ပဲ အကုန်စားကြ သလား။ မြို ့ကလူတွေကို ရောင်းချတယ် မဟုတ်လား။

    မြို ့မှာက လူတန်းစား စုံလင်တယ်။ မြို ့မှာ စပါးစိုက်လို ့ရသလား။ ဒီတော့ စပါးကို
    တောကနေပြီး တင်သွင်းရတယ်။ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီဗျ။

    ဒီတော့ကာ… တညင်သားပီပီ ခနဲ ့နေစရာ မလိုပါဘူး။ တညင်ထက် တောကျတဲ့ ဇနပုဒ်တွေ ပေါမှပေါ။ ခင်ဗျားလည်း ကြိုးစားရင် တညင်မြို ့ကြီးသား ဖြစ်လာနိုင်တာပဲ။ နောက်ဆိုရင် Tanyin Metropolitan City လို ့တောင် ဖြစ်ရင် ဖြစ်လာမှာ။ ဆောရီး…ခင်ဗျားက အင်္ဂလိပ်လိုလဲ သိပ် နားမလည်ဘူးလို ့ပြောထားတာပဲ။

    သဂျီးရေ အင်္ဂလိပ်လို နားမလည်ပါဘူးဆိုတဲ့ တညင်သား အတွက် မင်ဘာဝင်တာတို ့ ပိုစ့်တင်တာတို ့အတွက် မြန်မာလို သီးသန် ့လုပ်ပေးထားသလား။
    ဦးကိုင် သားမင်ဘာ ဝင်တယ်ဆိုလို ့ပါ။ ဟီးးးဟီးးးးး

    နို ့နေပါဦး။ တညင်သားဆိုပြီး ဘဲ့နှဲ ့ မန်းလေးကပုံကြီးတင်ထားတာလဲ ??

    Reply

  • kopauk mandalay

    March 13, 2011 at 12:14 pm

    ဘယ်သူမဆို
    ဆွေ(7)ဆက် မျိုး(7)ဆက်
    ပြန်တွက်ကြည့်ရင်
    ဖြစ်တဲ့ဘဝအစ
    အားလုံးဟာ တောကလာသူချည်းပါဘဲ။

    Reply

Leave a Reply

Your email address will not be published.