ဖျက်စီးခံခဲ့ရသော ရှေးဟောင်းဆင်းတုတော်အား ပြန်လည်ပြုပြင်ရန်စတင်

bigbirdMarch 6, 20111min05

လွန်ခဲ့သည့် ၁ဝ နှစ်ကျော်က တာလီဘန်တို ့ဗုံးခွဲဖျက်စီးခဲ့သော Bamijin တောင်ကုန်းရှိ
သက်တန်း ၁၅၀ဝ ကျော် ရှေးဟောင်းဘုရားဆင်းတုတော်အား ပြန်လည်ပြုပြင်ရန်စတင်လေ့လာ
နေပြီးဖြစ်ကြောင်း ဂျာမနီနိုင်ငံ မြူနစ်မြို ့ရှိ တက္ကသိုလ်မှ ရှေးဟောင်းသုတေသနဆရာတစ်ဦးက
ပြောကြားခဲ့ပါသည်။ ကာဘူမြို ့၏ အရှေ့ဖက် ကီလိုမီတာ ၂၆ဝ အကွာအဝေးတွင်ရှိသော
အဆိုပါ ဘာမီဂျင်တောင်ကုန်းသည် ရှေးအခါက အန္တိယ နိုင်ငံမှ အရှေ ့အလယ်ပိုင်းဒေသသို ့
ဗုဒ္ဓသာသနာပြန် ့ပွားရာ လမ်းကြောင်းတွင်တည်ရှိပါသည်။ ပြန်လည်ပြုပြင်ခွင့်ရရန်အတွက်
အာဖကန်နစ္စတန် အစိုးရ၏ ခွင့်ပြုချက်အားတောင်းခံရမည်ဟုဆိုပါသည်။ ညဏ်တော်အမြင့်
၃၈ မီတာရှိသော အဆိုပါဘုရားဆင်းတုတော်သည် အာဖကန်နစ္စတန်နိုင်ငံအား အမေရိကန်
နှင့်မဟာမိတ်တပ်များ ဝင်ရောက်မသိမ်းပိုက်ခင် တစ်နှစ်အလိုတွင် တာလီဘန်တို ့၏ဗုံးခွဲဖျက်စီး
ခြင်းခံခဲ့ရပါသည်။ ကမ္ဘာပေါ်ရှိ ဗုဒ္ဓဘာသာဝင်တို ့မှာ အဆိုပါဖြစ်ရပ်အားမေ့မရနိုင်ပဲ နှမြောတသ
မဆုံးဖြစ်ကြရပါသည်။

5 comments

  • MaMa

    March 6, 2011 at 11:26 am

    အဲဒီနေရာတွေလည်း နောင်တစ်ချိန်မှာ ဗုဒ္ဓဂါယာလိုမျိုး ဘုရားဖူး ခရီးစဉ်တွေ ဖြစ်လာလိမ့်မယ် ထင်တယ်။ ကိုယ်တိုင်လည်း ရောက်ဖူးချင်တယ်။

    Reply

    • kai

      March 6, 2011 at 8:52 pm

      ပါကစ္စတန်၊အာဖဂန်နစ္စတန်..။
      တချိန်တုံးက ဗုဒ္ဓဘာသာ အလွန်ထွန်းကားခဲ့တဲ့နေရာဒေသပေါ့..။
      ဗုဒ္ဓတက္ကသိုလ်ကြီးတောင်ရှိခဲ့ဖူးတယ်..။
      အခုတော့ ..အစ္စလမ်မစ်တိုင်းပြည်တွေဖြစ်နေပြီ..။

      ဗုဒ္ဓဂါယာကတော့ ဂေါတမဘုရားပွင့်တဲ့နေရာပါ။
      မဟာဗောဓိတို့။ အာသောကကျောက်စာတိုင်တို့ဆိုတာ .. ဖျက်ဆီးခံထားရတာတွေပါပဲ..။
      ပြန်ပြုပြင်ပေးထားတာလေ..။
      အဲဒီနေရာလည်း အခု.. ဟိန္ဒူတွေပိုင်တာပဲ..။ 🙂

      Reply

  • ဆူး

    March 6, 2011 at 3:10 pm

    အဲဒီ အရပ်ဒေသတော့ သွားမလည်ချင်ဘူး။
    ဘုရားဆင်းတု ဆိုတဲ့ အသိနဲ့ ကြည့်လိုက်တော့ စိတ်ထဲ မကောင်းဘူး။
    ဒါပေမဲ့ ဖြစ်ပျက် လို့သာ တွေးလိုက်တယ်။

    Reply

  • bigcat

    March 6, 2011 at 9:41 pm

    ကြားဖူးတာ ဂူအထဲမှာ မြုပ်နေတဲ့ ရှေးဟောင်းဆင်းတုတော်ကြီးတွေ ရှိသေးတယ်ဆိုလားပဲ။ အနီးအနား ရွာတွေက ဗုဒ္ဓဘာသာဝင်တွေတဲ့။ တကဲ့ဗုဒ္ဓဘာသာဝင်တွေဆိုတာမျိုးထက် ရုပ်ထုကိုးကွယ်တဲ့ အဆင့်မျိုးတွေဖြစ်မှာပေါ့နော်။ အဲဒီဖက်မှာ ဘာမှမထွန်းကားလို့ သိပ်ပြီးတော့ ရှုပ်ရှုပ်ရှက်ရှက် မရှိဘူးဆိုဘဲ။ တာလီဘန်တွေ ဆင့်ခေါ်ရင်သွားလိုက် ဆရာခေါ်လိုက် ခိုင်းတာလုပ်လိုက် ဖြစ်မှာပေါ့။ တခါတုန်းက အာဖဂန်နစ္စတန်နိုင်ငံက ပြေးလာတဲ့ အာဖဂန်တဦးနဲ့ စကားပြောဖူးတယ်။ သူပြောတာ တနိုင်ငံလုံး စစ်ဖြစ်နေတာ မဟုတ်ဘူးတဲ့။ တိုင်းပြည်အချို့ အစိတ်အပိုင်းတွေမှာ ဟိုးအရင်ကနေ အခုအချိန်ထိ စစ်ပွဲကာလတွေ တလျောက်လုံး အေးအေးဆေးဆေးပဲတဲ့။

    Reply

Leave a Reply to bigcat Cancel Reply

Your email address will not be published.