ရာသီစာ…

lu ta loneApril 25, 20101min02

အခုတလော လူတလုံးတို့ မြန်မာနိုင်ငံ ရန်ကုန်မြို့ပေါ့ဗျာ… ကျန်တဲ့ မြို့တွေတော့ သိဘူး.. တော်တော်လေးကို ပူနေပါတယ်…

ပူတာက ကိစ်စမရှိဘူး… လူကြီးတွေ အထူးသဖြင့်ပေါ့… ဆီးချိုဝေဒနာရှင်တွေက သွေးတွေပျစ်ကုန်ပြီး… တချို့ဆေးရုံပါတင်ရတယ်ဗျ…

အိမ်ဘေးမှာကိုပဲ တယောက်တင်ထားရတယ်… သိတဲ့ အတိုင်းပဲ ရန်ကုန်က တိုက်ခန်းတွေက ပြတင်းပေါက် မရှိဘူးလေ… အဲဒီတော့ လှောင်ပြီး သွေးတွေလည်းတိုးကြတယ်…

ပြောချင်တာကတော့ ရာသီဥတုပူတော့ သွေးတွေ ပျစ်နိုင်တယ်ပေါ့…

သွေးတွေ ပျစ်တော့ ခေါင်းတွေမူးမယ်…

အဆင်မသင့်ရင် ဆေးရုံရောက်နိုင်တယ်…

အဲဒီမှာ လူတလုံး အကြံရလိုက်တယ်…

အရက်က သွေးကို ကျဲစေတယ်… သွေးလည်ပတ်မှုကောင်းတယ်…

ဝမ်းမီးအတွက်ကောင်းတယ်…အစာချက်အားကောင်းတယ်ဆိုတော့…….ကာ……..

အများကြီးတော့ မဟုတ်ဘူးပေါ့ဗျာ…

တရုတ်တချို့ဆို တနေ့ကို လက်တဆစ်လောက် အရက်သောက်ကြပါတယ်…

ကျန်းမာရေးအတွက်ဆိုပြီးတော့…

ဆရာဝန်ကြီးတယောက်ပြောဖူးတဲ့ စကားလဲ ရှိတယ်ဗျ…

လူတယောက်က တနေ့ကို အရက် တစိတ်လောက်သောက်နိုင်တယ်ပေါ့နော်… ပြောတုန်းကတော့ ဘီယာ သောက်တာထက်စာရင် ကောင်းချင်၊ မူးချင်ရင် တစိတ်လောက်သောက်လို့ရတယ်လို့တော့ ပြောဖူးပါတယ်…(Limit များတဲ့ လူမပါ)

အနှစ်ချုပ်ရင်တော့ အခုလို ပူတဲ့ ရာသီမှာ ရာသီစာက ဘီယာကို အလွန်အကျွံသောက်မယ့်အစား

တစိတ်လောက်နဲ့ နှစ်သိမ့်ဖို့… သာမန်လူတယောက်ကလည်း ဆီးချိုဝေဒနာရှင်အပါပေါ့

တနေ့ကို နှစ်ပတ်လောက်သောက်သုံးသင့်ပါတယ်လို့…. များသွားရင်တော့ မကောင်းပါဘူး…

ဦးနှောက်သွေးကြောတောင် ပြတ်နိုင်ပါတယ်ဆိုတာကို ထင်မြင်မိတာလေး ရေးလိုက်ပါတယ်…

အကြံဉာဏ်များကို လက်ခံပါတယ်…

2 comments

  • susunosuki

    May 3, 2010 at 12:53 pm

    အစ်ကိုရေ………
    ဆေးနည်းကတယ်ဆန်းပါလား
    ဆရာဝန်ကတောင်ထောက်ခံတယ်ဆိုတော့သိပ်မငြင်းချင်တော့ပါဘူး
    အစ်ကိုကော ရာသီဥတု ပူပူကြီးမှာ အရက်တစ်စိပ်သောက်လား

    Reply

  • linnmyat64

    August 28, 2010 at 5:58 am

    အရက်ကို ဆေးဖြစ်ဝါးဖြစ်သောက်မယ်ဆိုရင်တောင် ကိုယ့်မှာ ဘီပိုး၊စီပိုး ရှိမရှိ ကြိုတင်စစ်ဆေးပြီး မရှိမှပဲသောက်သင့်တယ်ထင်တယ်။
    မဟုတ်ရင်ဆိုးကြိုးကပိုများသွားနိုင်ပါတယ်။

    Reply

Leave a Reply to susunosuki Cancel Reply

Your email address will not be published.