အချိန်ကုန်ငွေကုန်သက်သာ

နုစဉ်တုန်းက အဆောင်နေဘဝမှာ အာရုံပျံ့လွင့်နေရင်း မီးပူတိုက်လိုက်တာ အဝတ်က နိုင်လွန်စဆိုတော့ မီးပူကပ်ရော ဘာလုပ်ရမှန်းမသိ ဓါးနဲ့ခြစ်ရမလို ကော်ပတ်နဲ့ပဲစားရမလိုနဲ့ သူငယ်ချင်းတစ်ယောက်ပြောပြမှ အဲဒီကိစ္စကအဆင်ပြေသွားတော့တယ် အဝတ်မီးပူကပ်ပြီးစမှာ အဲဒီနေရာကို ဆားနဲ့ပွတ်လိုက်ရင် ဘာအခြစ်ရာမှ မကျန်ပဲ မီးပူကပ်တာကွာကြကုန်ပါတယ်

 အိတ်က ဇစ်တွေ ကြပ်နေ၊ပြုတ်နေတုန်း ဦးလေးပြောပြတဲ့ အဲဒီနေရာကို ဖယောင်းနဲ့တိုက် ပြန်တပ်သုံးရင် အသစ်အတိုင်းပဲဆိုတာလည်း ကွက်တိပါပဲ ဒီနည်းလမ်းလေး သိထားရင် အရေးပေါ်အချိန်မျိုးမှာ အဆင်ပြေနိုင်ပါတယ် 

ရေခဲသေတ္တာကို ဒီအတိုင်းသုံးရင် အချိန်နဲနဲကြာလာတာနဲ့ အနံ့ဆိုးတွေထွက်လာတတ်ပါတယ် မီးသွေးတုံး အနေတော်လေးတွေ ရေဆေးပြီး ထည့်ထားရင် အနံ့ဆိုးလေးတွေမထွက်တော့ပါဘူး 

အခက်အခဲ တစ်ခုခုတွေ့နေတုန်း ဘယ်လိုဖြေရှင်း ရမလဲဆိုတဲ့ နည်းလမ်းလေးတွေ သိရင် ယာယီ ဒါမှမဟုတ် အမြဲတမ်း ဖြေရှင်းပြီး ဖြစ်သွားတတ်ပါတယ် အချိန်ကုန် ငွေကုန်လဲ သက်သာပါတယ် အဲဒါကြောင့် ကြုံကြိုက်ရင် နည်းလမ်းလေးတွေမေး၊မှတ်သား လုပ်မိပါတယ် တစ်ရက်က တိုက်တိုက်ဆိုင်ဆိုင် ဆံပင်ညပ်ဆိုင်မှာ အလှည့်စောင့်နေရင်း အပျင်းပြေဖတ်ဘို့ ချထားပေးတဲ့ စာအုပ်တွေထဲက တူဒေးစာအုပ်တိုက်ထုတ်တဲ့  အချိန်ကုန် ငွေကုန် သက်သာစေဖို့ ဆိုတဲ့စာအုပ်လေးဖတ်မိပါတယ် တချို့ အခက်အခဲလေးတွေကို အမြန်ဖြေရှင်းနည်းတွေ အများကြီးပါပါတယ် မိသားစုတိုင်းအတွက် အကျိုးရှိမဲ့ စာအုပ်လေးပါ ဥပမာ ရေခဲသေတ္တာနံရံတွေမှာ အိမ်က ကျေးဇူးရှင်လေးတွေ လက်စွမ်းပြထားလို့ ဂန္တဝင်လက်ရာတွေနဲ့ ရှုပ်ပွနေရင် သွားတိုက်ဆေး နဲနဲလူး အဝတ်သန့်သန့် နဲ့ ပွတ်လိုက်ရင်ပျောက်ပါတယ်ဆိုတာမျိုး 

ကော်ဇောပေါ် ပရိဘောဂလေးလေးတွေတင်ထားမိလို့ ချိုင့်ဝင်နေရင် ဘယ်လိုလုပ်ရမယ်…  မတော်တဆထိမိလို့် ကြက်ဥကလည်းအက် တခြားဟင်းရှိနေလို့ ချက်ချင်းကလည်း မချက်ချင် ဘယ်လိုလုပ်ရင်ကောင်းမလဲ  အဲဒါမျိုးတွေလည်းပါပါတယ် သိချင်ရင် ဝယ်ဖတ်ကြည့်ပါ ( စာရေးသူက တူးဒေးစာအုပ်တိုက်က မဟုတ်ပါ) ကောင်းလို့ မျှဝေပေးတာပါ 

အိမ်ရှင်မတွေနဲ့ ပိုဆိုင်တယ်လို့ထင်ရပေမဲ့ သူတို့အခက်အခဲရှိရင် တအိမ်လုံးလည်း ကောင်းကောင်း နေရမှာ မဟုတ်တော့ ဘယ်သူသိသိအကျိုးရှိမှာပါ 

ရွာသူ၊ရွာသားတွေရဲ့ နည်းကောင်းလေးတွေကိုလည်း ဝေမျှပေးပါဦး

9 comments

  • etone

    March 4, 2011 at 9:45 am

    တူဒေးစာအုပ်ဆိုင်မှာမှ ရတာလား ….။
    တစ်ခါတစ်လေ ဘတ်စ်ကားပေါ်တွေ ၊ ကားဂိတ်တွေ မှာလည်း စာအုပ်လေးတွေ လာရောင်းတယ် .. အမျိုးပေါင်း တစ်ရာပါတယ်တဲ့…. ။ တစ်အုပ်မှ တစ်ရာထဲဆိုလား … 😀 သူများတွေတော့ ဖျတ်ဖျတ်လူးအောင် ဝယ်ကြပါတယ် …။

    Reply

  • eros

    March 4, 2011 at 10:28 am

    ဘတ်စ်ကားပေါ် မှာလိုက်ပါလာတဲ့ ခရီးသွား မိဘ၊ ညီအစ်ကိုမောင်နှမများခင်ဗျား။ ကျွန်တော့်ရဲ့ အသံကြောင့် အနှောက်အယှက် ဖြစ်သွားမယ်ဆိုရင် တောင်းပန်ချင်ပါတယ်။ ကျွန်တော်အခုရောင်းချပေးချင်တာကတော့ အင်္ကျီမှာ အစွန်းစွန်းရင်ဘယ်လို ချွတ်ရမယ်။ အမဲသာကို ဘယ်လိုနူးအောင်ချက်ရမယ်။ ရေခဲသေတ္တာ ထဲအနံ့ မကောင်းရင်ဘယ်လိုလုပ်ရမယ်ဆိုတာတွေပါပါတယ်။ ဒီထဲမှာ နည်းပေါင်း 100 ပါပါတယ်။ ဒီထဲက နည်းတွေက အချိန်ကုန် လူသက်သာလို့ အင်မတန်မှ အသုံးဝင်ပါတယ်။ တန်ဖိုးကတော့ အကြွေ ၁၀၀၊ ငွေ ၁၀ဝ ပါ။ အခုခေတ်မှာ ငွေ 100 ကဘာမှတန်ဖိုးမရှိပါဘူး။ ဒီစာအုပ်ထဲကနည်းတွေက ပိုက်ဆံ 100 မကတန်ပါတယ်။ ကဲလိုအပ်ရင်တော့ လှမ်းခေါ်လိုက်ပါ။ အကြွေ ၁၀၀၊ ငွေ ၁၀ဝ ပါ။

    Reply

    • eros

      March 4, 2011 at 10:40 am

      ဟဲဟဲ ကားပေါ်မှာ ကြားရတာလေး ရှယ်လိုက်တာ။

      Reply

    • ဆူး

      March 4, 2011 at 2:19 pm

      အကုန်လုံး ဝယ်မယ်။ တရွာလုံးကို တစ်အိမ်ထောင် တစ်အုပ် ဝေချင်လို့.. ဘယ်လောက် ကျမလဲ။

      Reply

      • eros

        March 4, 2011 at 3:17 pm

        supplier နဲ့ ချိတ်ပေးမယ် broker fees ဘယ်လောက်ပေးမလဲ electronic format လား ရိုးရိုးစာအုပ်အတိုင်းပဲလား 🙂

        Reply

      • ဆူး

        March 4, 2011 at 3:34 pm

        လက်ထဲက ကိုင်ထားတဲ့ စာအုပ်တွေဘဲ အကုန်ဝယ်မယ် ပြောတာ။ ဟီးဟီး..

        Reply

  • white

    March 4, 2011 at 10:43 am

    ဂျန်းရှင်းမော်တင် က တူဒေးစာအုပ်ဆိုင်ကဝယ်ပါတယ် ဒုတိယအကြိမ်ထုတ် ကို ၁၀၀ဝ ကျပ်
    ပေးရပါတယ်
    စာအုပ်နောက်ကျောဖုံးမှာ “သာမန်အချိန်တွေမှာ သိပ်အရေးမပါဘူးလို့ ထင်ရတတ်တဲ့ ကိစ္စလေးတွေဟာ တစ်ခါတလေကျရင်တော့ ဘယ်လိုဖြေရှင်းရမှန်း မသိလောက်အောင် အကျဉ်းအကျပ် ကျစေတတ်ပါတယ်။အဲဒီ အကျဉ်းအကျပ်တွေကို အလွယ်တကူ ဖြေရှင်းဖြတ်ကျော်နိုင်မဲ့ နည်းလမ်းတွေ ဒီစာအုပ်မှာ လက်လှမ်းမီသလောက် စုဆောင်းဖော်ပြထားပါတယ်“ လို့ရေးထားပါတယ်
    ၁၀ဝ ဖြစ်ဖြစ် ၁၀၀ဝ ဖြစ်ဖြစ် နောက်ဆုံး အလကားရရ ကိုယ့်ရဲ့ အကျဉ်းအကျပ်တွေ ဖြေရှင်းနိုင်မဲ့ နည်းလမ်းဘယ်ဟာမဆို ကောင်းပါတယ် သိတဲ့သူတွေ မျှဝေပေးပါဦး

    Reply

  • လင်းငယ်

    March 4, 2011 at 11:06 am

    လက်လှမ်းမမီလို့ ဝယ်လို့ မရတာကြောင့် အဲဒီနည်းလေးတွေကို ဒီဆိုက်ပေါ်မှာ ခွင့်တောင်းပြီး တင်တယ်ဆိုရင် ဘယ်လောက်များ ကောင်းလိုက်မလဲ…

    Reply

  • manawphyulay

    March 5, 2011 at 8:39 am

    စာအုပ်တွေကတော့ ဖတ်မယ်ဆို မနည်းပါဘူး။ ဖတ်မှတ်စရာတွေပါပဲလေ။ ဟိုးအရင်တုန်းကတော့ ပီမိုးနင်းစာအုပ်တွေအရမ်းသဘောကျတယ်။ အဟောင်းတန်းကတောင် ရှာပြီး ဝယ်ဖတ်ရတာ။ ခုနောက်ပိုင်းကျတော့ စာအုပ်ဈေးတွေ အရမ်းတက်လာတော့ ဘယ်စာအုပ်မှ ဝယ်မဖတ်နိုင်တော့တဲ့အခြေအနေဆိုတော့ အချိန်ကုန် ငွေကုန်သက်သာပြီး စာအုပ်ဝယ်မဖတ်ပဲ သိနိုင်မယ့် နည်းလေးတွေပဲ လုပ်ကြည့်နေတော့တယ်။

    Reply

Leave a Reply

Your email address will not be published.