Nami Island

ဆူးMarch 2, 20112min06


Winter Sonata ရုပ်ရှင် ရိုက်ခဲ့တဲ့ ရိုက်ကွင်းနေရာ ဖြစ်ပါတယ်။

ဘာမှတော့ ထူးထူး ဆန်းဆန်းတော့ မဟုတ်ပါဘူး ရုပ်ရှင် ရိုက်ခဲ့တော့ လူတွေ စိတ်ဝင်စားပြီး လာကြည့်ကြတဲ့ အတွက် လူတွေ စည်ကားနေတာ ဖြစ်ပါတယ်။
အရင်က အဲဒီ ကျွန်းကို လူတွေ သိပ်မသွားခဲ့ကြပေမဲ့ ရုပ်ရှင်ထဲမှာ လှလှ ပပ နဲ့ တွေ့တာ မြင်တာ များတော့ လူတွေ စိတ်ဝင်စားပြီး အလုပ် ဖြစ်သွားတယ်လို့ ဆိုပါတယ်။

ကျွန်းဆိုတဲ့ အတိုင်း သင်္ဘောတွေ ရှပ်ပြေးယာဉ်တွေ ခေါက်ပြန်ပြေးဆွဲပေးပါတယ်။ ယခင်က မနက် တကြိမ် ညနေ တကြိမ် ၂ကြိမ်သာ ပြေးဆွဲပေမဲ့ ယခု လည်ပတ်သူ များတဲ့ အတွက် ခေါက်ပြန် ပြေးဆွဲနေကြတာ ဖြစ်ပါတယ်။


ကျွန်းပေါ်ကနေ ကြည့်ရင် မြင်ရတဲ့ မြင်ကွင်းဖြစ်ပါတယ်။


ကျွန်းကို အသွား အပြန် ဆွဲပေးတဲ့ သင်္ဘောပုံ ဖြစ်ပါတယ်။


ဘာမှလည်း ရှိတာ မဟုတ်ဘဲ လူတွေ စိတ်ထဲမှာ ရုပ်ရှင် ရိုက်ကွင်းထဲ ရောက်နေသလို ခံစားရအောင် တမင် မီးမွေးထားယုံ သက်သက်ဖြစ်ပါတယ်။


မင်္ဂလာဆောင် ဓါတ်ပုံရိုက်တာတွေလည်း ရှိပါတယ်။

6 comments

  • unclegyi1974

    March 2, 2011 at 3:27 pm

    ဈေးကွက်စီးပွားရေးဆိုတာဒါပဲလေ
    လူဘယ်လိုလာအောင်လုပ်မလဲအမြဲကြံနေတာ
    လူမလာအောင်လုပ်တာကတခြားလေ
    ဆူး ပြထားတဲ့သဘောင်္နဲ့
    ရန်ကုန်ဒလကူတို့ဖွင့်ဆွဲလိုက်ရရင်..

    Reply

  • ဆူး

    March 2, 2011 at 4:01 pm

    သူတို့ နိုင်ငံ တိုးတက်ဖို့ အမျိုးစုံ အကြံထုတ်နေကြတာ ဆိုတော့ အဲလိုဘဲ ရှိမှာပေါ့။ အားကျ စရာတွေ သဘောကျစရာတွေတော့ များသား။

    Reply

  • weiwei

    March 2, 2011 at 4:17 pm

    မြန်မာပြည်ကတော့ အပူပိုင်းဒေသထဲမှာပါတော့ စိမ်းလန်းတဲ့တောတောင်ရေမြေပဲ တွေ့ရတယ် … သဘာဝအလှတွေက တစ်မျိုးစီ လှတာပါပဲ …

    Reply

  • etone

    March 3, 2011 at 8:18 am

    ရိုမန်းတစ် ဆန်လိုက်တာနော် ဟိဟိ 😀

    Reply

  • kai

    March 3, 2011 at 8:33 am

    Nami က ဂျပန်လို.. လှိုင်းပဲ..။
    ကိုရီးယားနဲ့ ဂျပန်စာ တူတာတွေတော်တော်များတာမို ့..ဒါလည်း တူများနေသလားမသိ…။ ကိုရီးယားစကားတတ်သူတွေ ဝင်ပြောပြပါဦး..။
    tsunami ဆုနမိကတော့ .. အားလုံးကြောက်ကြတဲ့.. ကမ်းခတ်ဒီလှိုင်းကြီးပေါ့..။

    ရိုမန်းတစ်ရှုခင်းလေးနဲ့တော့ မဆိုင်ပါဘူး..။ ပြောချင်တာလေး ဖြတ်ကနဲ့ပေါ်လာလို့..။
    မြန်မာပြည် နာဂစ်မုန်တိုင်းဝင်တော့ .. လူတွေတော်တော်သေတယ်ပေါ့..။
    အဲဒါကိုလည်း.. လူအရောက်အပေါက်သိပ်မခက်တဲ့နေရာမှာ … အမှတ်တရ တခုခုလုပ်သင့်တယ်..။
    အဲဒီမှာ.. ပြတိုက်လိုမျိုးတခုခုလည်း ထားသင့်တယ်..။
    ဆိုတော့ .. တိုးရစ်တွေလည်းလာ..။ ဆွေမျိုးညာတိတွေလည်း ပန်းလာချကြနဲ့.. ဒေသခံတွေ .. အလုပ်အကိုင်သစ်တွေဖြစ်တာပေါ့..။

    Reply

  • ဆူး

    March 3, 2011 at 2:54 pm

    သဂျီးပြောတဲ့ အလုပ်အကိုင် အခွင့်အလန်းမျိုး လုပ်သင့်တာ အမှန်ဘဲ။ နိုင်ငံခြားသားတွေ လည်ပတ်စရာ နေရာ တခုတိုးသွားတာပေါ့။
    ဗီယမ်နမ်မှာတောင် အမေရိကန် နဲ့ စစ်ဖြစ်လို့ သေတဲ့ လူတွေကို ပုံတွေနဲ့ ပြထားပြီး ပြတိုက်လုပ်ထားတာ ခရီးသွားတိုင်း တိုးပလန် မှာ ပါလို့ သွားသွားကြည့်ရတယ်။
    ဘာမှလည်း မဟုတ်ဘူး အတိုအပြတ်တွေနဲ့ အနိထ္ထာရုံတွေ.. ကိုယ့်လူမျိုး မဟုတ်လို့လား တော့ မသိဘူး စိတ်မကောင်းတဲ့ ခံစားချက်အပြင် ဘာမှ ထူးထူးခြားခြား မုန်းတဲ့ စိတ်တော့ မဖြစ်ဘူး။
    ဗီယမ်နာမ် အစစ်တွေတော့ ဘယ်လိုနေမလဲ မသိဘူး အမေရိကန်ဘဲ မုန်းကြမလား မမုန်းကြဘဲ နေမလားတော့ မသိဘူး။
    ကြားမိတာတော့ ဗီယမ်နာမ်တွေ အဖြူတွေ နဲ့ ညားနေတာ အားကြီးဘဲ တဲ့ ဟုတ်မဟုတ်တော့ နေရင်းအရပ် ဒေသက လူတွေ ပိုသိမှာပေါ့။

    ဂျပန်က ကိုရိးယားကို နှစ်၆ဝလောက် အုပ်ချုပ်ခဲ့တယ် ပြောတယ်။
    ကိုရီးယား အသက်ကြီးပိုင်းတွေ ဂျပန်လို ပြောတတ်တယ်တဲ့။

    Reply

Leave a Reply to weiwei Cancel Reply

Your email address will not be published.