ကျောင်း အလှူ အကျိုး ရ ပါး

ဆူးMarch 1, 20111min06

သုံးတန် စေတနာ ညီညွတ်စွာဖြင့် သာသနိက ကျောင်း
တန်ဆောင်း အလှူ ဆောက်လှူသူတို့ ကြီးထူကဲဝှန်
ကျိုးရ-ဟန်ကို ကျမ်းဂန် ထောက်ချင့် နိဒါန်းဖွင့်သော်–

၁။ နတ်နှင့် လူဝယ် သန္ဓေတွယ်၍
၂။ စိတ်ဝယ်တောင့်တ ဆောက်အုံရ၏
၃။ မထကြက်သီး ကိုယ်လည်း မလှူပ် ကြောက်ရုပ်မထင် ထိတ်လန့်စင်၏။
၄။ ခြင်္သေ့-သစ်-ကျား သားရဲများ နှင့် ဖမ်းစားတဲ့လူ နိပ်စက်မူသား တောသူ-ဖုတ်-ပြိတ် အဆိပ်ထန်ပြင်း မြွေနှင့်ကင်းက အဆင်းဖောက်ပြန် ကုမာ္ဘဏ်-ရက္ခိုရ် နတ်မိုက်ရန်ပေါင်း ဘေးလွတ်ရှောင်း၏။
၅။ မကောင်း အိပ်မက် မမြင်မက်ဘိ
၆။ ထင်လျှက် သတိ ခိုင်မြဲဘိ၍ ဝိပရိဏံ ဖောက်ပြန် စိတ်ရင်း ရူးသွပ်ခြင်းမှ ရှင်းရှင်းလွတ်ရှောင်း ကျိုးဆက်ကောင်း၏။
၇။ နောက်နှောင်းဘဝ ပစိ္ဆမဝယ် ဂုဏကဲပို အရဟတ္တဖိုလ် ဟု ထိုထို ကျေးဇူးလွန့်ပြန့်ပြူးသည်
ဆောက်ဦးလှူကျိုး ခွန်နစ်တည်း။

6 comments

  • nigimi77

    March 1, 2011 at 7:37 pm

    သုံးတန် စေတနာ ညီညွတ်စွာဖြင့် ” လုပ်ငန်းခွင် လက်တွေ ့ အသုံးချ ကျွမ်းကျင်လုပ်သား မွေးထုတ်ရေး
    အခမဲ့ သင်တန်းကျောင်း” ဆောက်လှူသူတို့ ကျိုးကြောင်းမှန်စွာ ခံစားရာသည် များလူ အတုယူစေသောဝ်။

    ၁။ နိုင်ငံသား (တကယ့် နိုင်ငံသား)

    Reply

  • kai

    March 1, 2011 at 8:16 pm

    ကလေးမူကြိုစာသင်ကျောင်း.. ဆောက်လှူလှူဒါန်းက အထက်ပါအကျိုးရခုထက် ၂ဆ ရမည်မှတ်..။
    အထက်တန်းကျောင်း ..ဆောက်လှူလှူဒါန်းက အထက်ပါအကျိုးရခုထက် ၃ဆ ရမည်မှတ်..။
    တက္ကသိုလ် ..ဆောက်လှူလှူဒါန်းက အထက်ပါအကျိုးရခုထက် ၅ဆ ရမည်မှတ်..။ 🙂

    သာသနိက ကျောင်းကို မလိုအပ်ပဲ ထပ်လှူငြားအံ့..။ ကျောင်းကို အကြောင်းပြု၍ ကျောင်းထိုင်ဆရာတော်နှင့်ဘုန်းတော်ကြီးများ အချင်းများကြပြီး ဒကာဒကာမများလည်း ဂိုဏ်းကွဲကြမည်ဖြစ်သဖြင့် အကုသိုလ် ၈ပါး ၂ဆတိုးရနိုင်သည်မှတ်..။
    ( အမေရိက၏မြို ့ကြီးတမြို ့မှ .. ဘုန်းတော်ကြီးကျောင်း ၁၄ကျောင်းနှင့် တကာ ၁သောင်းလေးထောင်တို့အား လက်တွေ့ကြည့်ပြောသော အဟောတည်း) 🙂

    Reply

  • nigimi77

    March 1, 2011 at 8:41 pm

    ဟုတ်တယ် ။ ပြောပလိုက် ကိုခိုင် …ပြောပလိုက်။ ကျုုပ်က နွားခြေရာခွက်ထဲမှာ နေတော့ အဲလောက်ပဲပြောနိုင်တာ။
    ကိုခိုင်က ပြောပလိုက်။ ကျုပ် မတွေးနိုင်တာတွေ ပြောပလိုက်။

    Reply

  • မိုက်ကယ်ဂျော်နီအောင်ပု

    March 2, 2011 at 2:14 am

    အကြင်သူသည်
    အရပ်လေးမျက်နှာ၌ ရှိသော သံဃာကို ရည်ညွှန်း၍
    ကျောင်းဆောက်၏
    ဤအလှူသည် သုံးပါးသောစိတ်ထားနှင့်
    တစ်ဆယ့်ခြောက်ပါးသောအရံအတားရှိသည့်
    ပြည့်စုံသောအလှူထက်၎င်း
    မျိုးရိုးစဉ်ဆက် အလှူထက်၎င်း
    သာ၍နည်းသော အမှုလည်းရှိ၏
    သာ၍ များသောအကျိုးလည်းရှိ၏
    (ဒါကတော့ စာအုပ်လှန်ပြတာ
    စာအုပ်ထဲမှာက လှူသူနှင့် အလှူခံသူရဲ ့သဒ္ဓါ အိန္ဒြေတွေက တော်တော်ကျယ်ပြန် ့တဲ့အတွက်
    သူဂျီးလမ်းစဉ်ကို ပိုပြီးနှစ်သက်မိပါတယ်
    ဘုရားဒါယကာတွေ ကျောင်းဒါယကာတွေ လုပ်ခြင်လျှင်လည်းလုပ်ကြပါ
    စာသင်ကျောင်းကြီးတွေ ဆောက်ပြီးမလှူနိုင်ကြလျှင်တောင်
    ပရဟိတကျောင်းတွေမှာ ကလေးသူငယ်တွေအတွက်
    အထူးလိုအပ်တဲ့ စာရေးစာဖတ်ကိရိယာတန်စာပလာတွေကို
    လှူဒါန်းကြဘို ့တိုက်တွန်းနှိုးဆော်ပါတယ်ဗျာ )

    Reply

  • MaMa

    March 2, 2011 at 9:56 am

    မှန်ပါတယ်။ ဗုဒ္ဓဘာသာတွေရဲ့အားနည်းချက်က ဘုရားတန်ဆောင်းတွေပဲ လှူချင်တယ်။ ဘုရားဒကာ ကျောင်းဒကာ နာမည်ခံချင်တယ်။ အမှန်တကယ် ကုသိုလ်ရဖို့ဆိုရင် လိုအပ်တဲ့နေရာမှာလှူတာသာ အကောင်းဆုံးပါ။ ညောင်စေ့လောက်လှူပြီး ညောင်ပင်ကြီးလောက် ကုသိုလ်ရတယ်လို့ဆိုတာ တကယ်လိုအပ်တဲ့နေရာမှာလှူလို့ တကယ်အကျိုးများတာကို ဆိုလိုတာပါ။ ခုနောက်ပိုင်းတော့ ဗုဒ္ဓဘာသာဝင်တွေ တော်တော်များများလည်း လူမှုရေးလုပ်ငန်းတွေမှာ လုပ်ရကောင်းမှန်းသိပြီး စိတ်ပါဝင်စားပြီး လုပ်လာကြပါတယ်။

    Reply

  • my name is phone myat htay

    March 2, 2011 at 2:58 pm

    လှူတဲ. နေရာမှာ သဒ္ဒါ သုံးတန် နဲ.လှူ ကအကောင်းဆုံးဖြစ်၏
    နိဗ္ဗန်န ပစ္စယော ဟောတိလို. လှူပါ။

    Reply

Leave a Reply to nigimi77 Cancel Reply

Your email address will not be published.